ရွှေကို ပြည်ပတင်ပို့၊ တင်သွင်းခွင့်ပြုပြီ

ရွှေကို ပြည်ပတင်ပို့၊ တင်သွင်းခွင့်ပြုပြီ - Property News in Myanmar from iMyanmarHouse.com
24 Jan 2018 11:57 am တွင် တင်ခဲ့သည်
4571 ကြိမ် ကြည့်ရှု့ပြီး
ရွှေအပါအဝင်ရွှေနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေကို နိုင်ငံခြားသို့ တရားဝင်တင်ပို့ခွင့်၊ တင်သွင်းခွင့် ပထမဆုံးအနေနဲ့ ခွင့်ပြုလိုက်ပြီလို့ စီးပွားကူးသန်းဝန်ကြီးက အမိန့်ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၂၂ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ အမိန့်စာမှာ စံချိန်မီရွှေ၊ ရွှေနဲ့ လက်ဝတ်ရတနာတွေ၊ ရွှေနဲ့လုပ်ထားတဲ့ အနုပညာပစ္စည်း၊ အသုံးအဆောင်ပစ္စည်းတွေကိုပါ သတ်မှတ်ချက်နဲ့အညီ နိုင်ငံခြားကို တင်ပို့ခွင့်၊ တင်သွင်းခွင့်ပြုလိုက်တာပါ။

စံချိန်မီရွှေဆိုတာက အပြည်ပြည်ဆိုင်ရာ အပေးအယူလုပ်တာမှာ သတ်မှတ် အသုံးပြုတဲ့ စံချိန်မီ ရွှေချောင်း၊ ရွှေတုံးနဲ့ ရွှေဒင်္ဂါးတွေ ဖြစ်ပါတယ်။

စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင် က “အရင်က ဒီလို တင်ပို့ခွင့်မရှိပါဘူး။ ကိုယ်တို့နိုင်ငံမှာ ရွှေထုတ်နေတယ်။ ပြင်ပကို တင်ပို့တာလည်း ရှိတယ်။ တင်သွင်းတာလည်း ရှိတယ်။ ဒါပေမယ့် ကိန်းဂဏန်းတွေ မပေါ်ဘူး။ အခုလို တရားဝင်တင်ပို့ခွင့် ပေးလိုက်တော့ နိုင်ငံတော်အတွက် အခွန်အခတွေ ရလာမှာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရွှေတွေကို ပင်လယ်ရေကြောင်း၊ လေကြောင်းအပြင် နယ်စပ်လမ်းကြောင်းတွေကပါ တင်သွင်း၊ တင်ပို့ခွင့် ပြုလိုက်တာဖြစ်ပြီး ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ နိုင်ငံခြားငွေနဲ့ပဲ အရောင်းအဝယ်လုပ်ရမှာပါ။

အရောင်းအဝယ်လုပ်မယ့် သူတွေအနေနဲ့ တင်ပို့၊ တင်သွင်းခွင့် မှတ်ပုံတင်ရမှာဖြစ်ပြီး ဒီနေ့အထိတော့ လာရောက် လုပ်ကိုင်တာ မရှိသေးဘူးလို့ ဦးခင်မောင်လွင်က ပြောပါတယ်။

ဒီလို ခွင့်ပြုပြီး အရောင်းအဝယ်လုပ်တာကြောင့် ပြည်တွင်းငွေကြေးဈေးကွက်ကို မထိခိုက်စေဖို့ စီမံ/ဘဏ္ဍာဝန်ကြီးဌာန၊ စီးပွား/ကူးသန်း ဝန်ကြီးဌာန၊ သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ သုတေသနနဲ့ တီထွင်ဆန်းသစ်မှု ဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ရွှေ ဗဟိုဈေးကွက်ကော်မတီတွေက ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ရွှေဈေးကွက် စောင့်ကြည့် အကဲဖြတ် ထိန်းညှိရေးကော်မတီကို ဖွဲ့စည်းရဦးမှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်ကတော့ အခုလို ခွင့်ပြုလိုက်တဲ့အတွက် ပြည်တွင်းရွှေလုပ်ငန်းရဲ့ ရောင်းရေးဝယ်တာတွေ ပိုပြီးကောင်းလာမယ်လို့ သုံးသပ်ပြောဆိုပါတယ်။

Credit: DVB

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

CarsDB Showroom Opening
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service