နေအိမ်အတွင်း တစ်ခန်းမှတစ်ခန်းသို့ ရေကူးသွားရမည့် နေအိမ်ကြီး (ထူးထူးခြားခြား ကမ္ဘာ့နေအိမ်များ)

နေအိမ်အတွင်း တစ်ခန်းမှတစ်ခန်းသို့ ရေကူးသွားရမည့် နေအိမ်ကြီး (ထူးထူးခြားခြား ကမ္ဘာ့နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
24 Jan 2018 11:20 am တွင် တင်ခဲ့သည်
4757 ကြိမ် ကြည့်ရှု့ပြီး
ကလေးဘဝက သင်စိတ်ကူးယဉ်ဖူးခဲ့သည့် နေအိမ်များတွင် သာယာလှပမှုများအတိပြီးသည့် နေအိမ်မျိုးဖြစ်မည်ဖြစ်သော်လည်း တစ်ခန်းမှတစ်ခန်းသို့ ရေကူးသွားရမည့် နေအိမ်မျိုး ပါဝင်ခဲ့ဖွယ် မရှိနိုင်ချေ။

ငယ်စဉ်ဘဝတွင် ခမ်းနားဆန်းပြားသည့်နေအိမ်မျိုးစုံကို ကျွန်ုပ်တို့ စိတ်ကူးယဉ်ခဲ့ကြဖူးသည်။

ရိုလာကို့စ်တာကဲ့သို့ နေအိမ်မျိုး၊ အပေါ်ဆုံးထပ်မှ မြေညီထပ်အထိ လျှောဆင်းနိုင်မည့် အိမ်မျိုး၊ ရထားလမ်းငယ်ပါသည့် အိမ်မျိုး၊ ထို့ထက်ပို၍ အနည်းငယ်ကွန့်မြူး တွေးတောတတ်မည်ဆိုလျှင် နေအိမ်အတွင်း စမ်းချောင်းငယ်ဖြတ်စီးနေသည့်အိမ်မျိုး အစရှိသဖြင့် အမျိုးမျိုးအဖုံဖုံစဉ်းစားခဲ့ကြမည် ဖြစ်သည်။

သို့ရာတွင် ယင်းသို့ ဆန်းပြားသည့်နေအိမ်မျိုးကို လက်တွေ့ဆောက်လုပ်နေထိုင်သူရှိလိမ့်မည်ဟုကား မည်သည့်အခါမျှ မတွေးခဲ့ဖူးချေ။

အမေရိကန်ပြည်ထောင်စု၊ မီယာမီတွင် ကျွန်ုပ်တို့ အိပ်မက်ဖူးသော နေအိမ်မျိုးအတိုင်း ဆန်းပြားသည့်နေအိမ်တစ်လုံးရှိနေပြီး နေအိမ်အမည်ကို Woodsong ဟု ပေးထား၏။

အဆိုပါနေအိမ်တွင် နေအိမ်အတွင်း ဖြတ်သန်းစီးဆင်းနေသော စမ်းချောင်းငယ်တစ်ခုကို အမှန်တကယ်ဖောက်လုပ်ထားလေသည်။

ဗိသုကာပညာရှင် အယ်လ်ဖရက် ဘရောင်းနင်း ပါကားက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၁၈၀၀၀ ခန့် ရှိသည်။
ယခင်နှစ်အတွင်းက ကန်ဒေါ်လာ ၂ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်ဟု ဆိုသည်။

ဧည့်ခန်းတွင် ဧည့်သည်များကို ဧည့်ခံပြီးနောက် ညစာစားခန်းသို့ ဖိတ်ခေါ်ချိန်တွင် လမ်းလျှောက်ရန် ပင်ပန်းနေပါက လှေစီး၍ သွားနိုင်သည့်အပြင် အညောင်းညာပြေ အနေဖြင့် ရေကူး၍လည်း သွားနိုင်မည် ဖြစ်သည်။

နေအိမ်၏ဆန်းကြယ်မှုမှာ စမ်းချောင်းထည့်သွင်းထားမှုသာမဟုတ်သေး။ နံရံသုံးဘက်သာ ကာရံထားသည့် လဟာပြင် အိပ်ခန်းပါဝင်မှုမှာလည်း အလွန်ဆန်းပြားလှသည်။

စမ်းချောင်းအတွင်း ရေကူးရသည်ကို ငြီးငွေ့လာချိန်မျိုးတွင် အပြောင်းအလဲဖြစ်စေရန် ရည်ရွယ်ကာ ရေပူကန်ပါဝင်သည့် ရေကူးကန်တစ်ခုလည်း ထည့်သွင်းပေးထားသည်။ခြံဝန်းအတွင်း ပန်းဥယျာဉ်များ၊ တောင်ထန်းပင်များအပြင် ရေတံခွန်တစ်ခုလည်း ပါဝင်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နေအိမ်အတွင်း တစ်ခန်းမှတစ်ခန်းသို့ ရေကူးသွားရမည့် နေအိမ်ကြီး (ထူးထူးခြားခြား ကမ္ဘာ့နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
နေအိမ်အတွင်း တစ်ခန်းမှတစ်ခန်းသို့ ရေကူးသွားရမည့် နေအိမ်ကြီး (ထူးထူးခြားခြား ကမ္ဘာ့နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

imyanmarmarket
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service