အိမ် ခြံ မြေ အရောင်းအ၀ယ်ဈေးကွက်အတွင်း ရင်းနှီးမြုပ်နှံမှုများ ဈေးကွက်ပြန်လည် အစပြုလာကြောင်း အောင်စည်ဟိန်းအိမ် ခြံမြေ အကျိုးဆောင်လုပ်ငန်းမှသိရသည်
''''' ရင်းနှီြး့မုပ်နှံမှုကတော့ အ၀ယ်နည်းတယ်။ အငှားများတယ်။ဒါပေမယ့် ပြန်စလာတဲ့သဘောလို့တော့ပြောရမှာပေါ့””ဟု ၎င်းမှဆိုသည်။လက်ရှိတွင်ဒဂုံလေးမြို့နယ်ဈေးကွက်အခြေအနေမှာ များလာရောက် မေးမြန်းဝယ်ယူမှုများရှိကြောင်းလည်းသိရသည်။
'''' တကယ်နေမယ့်သူလေးတွေတော့ ဒီင်္ရက်ပိုင်းလာတယ်။နောက်ပြီး ဆိပ်ကမ်း ဘာညာ ရင်းနှီးမြုပ်နှံမှုအပိုင်းလေးတွေဝင်တယ်။နည်းနည်းဆင်းလာတာလေးတွေ တွေ့တယ်။အငှားဆလေးတွေနဲ့ ပြန်စတယ်။ ဇုန်ကတော့ ၇၀ ၊၈၀ ကြားပေါ့။ Fully Furniture တွေကတော့ ရွှေပင်လုံတို့ ဘာတို့ဆို ၁၅ သိန်းပတ်လည်ရှိတယ်။ ခေါ်ဈေးတွေပေါ့။တကယ်ဖြစ်ာတကတော့ ၁၂ ၊ ၁၃ ၊ ပေါ့။ A Type ဆိုရင်တော့ အိမ်ကြီးတယ် ၊ ကျယ်ဝန်းတယ် ။ အဲဒါမျိုးတွေကျ ၁၅ ၊ ၁၈ လောက်တွေဖြစ်တယ်။ တန်ဖနိုးနည်း အိမ်ရာ ၊ မျှတ အိမ်ရာတွေကတော့ ၀ယ်ယူနေထိုင်ကြတာထက် အငှားတွေပဲများတယ်။မြောက် ဒဂုံမှာတော့ ဈေးတန်းလေးက မဆိုးဘူးပေါ့။ဝယ်မယ့်သူအတွက်သင့်တင့်မျှတတဲ ဈေးတန်းလေးပေါ့။၄၁ ၊ ၄၀ ရပ်ကွက်ရယ် ၊ ၃၅ ရပ်ကွက် အောက်ခြမ်းဆိုရင်တောင် တစ်ထောင်အောက် နည်းနည်းပျော့ပျော့ဆို ရနေပြီ။ တပင်ရွှေထီး နဲ့ လောပိတ ကြားပေါ့။ဆောက်လုပ်ရေးပိုင်းကို သီးသန့်လုပ်လာရင် အခန်းလေးတွေပေါပြီး ၊ ဈေးလေး အဆင်ပြေလာရင် အိမ် ခြံမြေ သမားတွေအတွက် ပိုအဆင်ပြေလာမယ်”””ဟု သုံးသပ်ပြောဆိုခဲ့သည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com