သီလဝါ၌ ကန်ဒေါ်လာသန်း ၃၀၀ နီးပါး ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်

သီလဝါ၌ ကန်ဒေါ်လာသန်း ၃၀၀ နီးပါး ရင်းနှီးမြှုပ်နှံမှု ဝင်ရောက် - Property News in Myanmar from iMyanmarHouse.com
23 Jan 2018 12:03 pm တွင် တင်ခဲ့သည်
7164 ကြိမ် ကြည့်ရှု့ပြီး
ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ၁၀ လတာ ကာလအတွင်း သီလဝါအထူးစီးပွားရေးဇုန်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်သည့်ပမာဏမှာ အမေရိကန်ဒေါ်လာသန်း ၃၀၀ နီးပါးရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

“ဒီ အထူးစီးပွားရေးဇုန်ထဲမှာ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုအများဆုံးပါပဲ။ တခြား ရင်းနှီးမြှုပ်နှံတဲ့နိုင်ငံတွေက တရုတ်၊ ကိုရီးယား၊ ဗီယက်နမ်တို့ ရှိတယ်။ ရင်းနှီးမြှုပ်နှံမှုပမာဏက နှစ်စဉ် ကန်ဒေါ်လာ သန်း ၂၀၀ ကျော်နဲ့ ၃၀၀ ကျော်ကြားမှာရှိတယ်”ဟု ယင်းဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

နိုင်ငံခြားသားလုပ်ငန်းရှင်များအနေနှင့် အထူးစီးပွားရေးဇုန်၌ စက်မှုလုပ်ငန်း၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများကို အဓိက ရင်းနှီးမြှုပ်နှံကြကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများလည်း ဆက်တိုက်ဝင်ရောက်နေသောကြောင့် အထူးစီးပွားရေးဇုန်ထဲရှိ ဇုန် A ထဲတွင် မြေကွက်များမှာ ငှားရမ်းမှုများ ပြည့်နေပြီဖြစ်ကြောင်း မြန်မာသီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီလီမိတက် (MTSH) ထံမှ သိရသည်။

သီလဝါအထူးစီးပွားရေးဇုန်၌ ရင်းနှီးမြှုပ်နှံလျက်ရှိသော လုပ်ငန်းများမှာ အထည်ချုပ်လုပ်ငန်း၊ သံမဏိအဆောက်အအုံ ပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်း၊ ဘိလပ်မြေစက်ရုံ၊ ဆောက်လုပ်ရေးနှင့် ဆက်စပ်ပစ္စည်းများထုတ်လုပ်သော စက်ရုံများ၊ စားသောက်ကုန်စက်ရုံများ၊ ဓာတ်မြေဩဇာ ထုတ်လုပ်ခြင်း၊ မော်တော်ယာဉ်တပ်ဆင်ခြင်းနှင့် မော်တော်ယာဉ် အပိုပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်း ထုတ်လုပ်သည့် စက်ရုံတို့ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

“သီလဝါလုပ်တာ ရင်းနှီးမြှုပ်နှံမှုလည်း ဝင်သလို သန်လျင်ဘက်မှာရှိတဲ့ လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေး၊ မီးကအစ အဆင်ပြေအောင် ဂျပန်က လုပ်နိုင်တယ်။ စနစ်ကျတယ် ပြောရမယ်။ အဲဒါကြောင့် တိုင်းအစိုးရ ရန်ကုန်မှာ အထူးစီးပွားရေးဇုန်တွေလုပ်ဖို့ ဆောင်ရွက်နေတာ။ အခုတော့ အစပိုင်းမို့လို့ ဖြည်းဖြည်းချင်းဝင်နေတာ။ နောက်ဆို ပိုဝင်လာမယ်ထင်တယ်”ဟု အထည်ချုပ်စက်ရုံပိုင်ရှင် ဦးအောင်မြင့်က ပြောကြားသည်။

လက်ရှိအချိန်တွင် သီလဝါအထူး စီးပွားရေးဇုန် (ဇုန်အေ) ၌ ဂျပန်နိုင်ငံအပါအဝင် နိုင်ငံတကာမှ ကုမ္ပဏီများ၏ စက်ရုံ ၈၅ ခုအထိ ရင်းနှီးမြှုပ်နှံထားပြီး ယင်းစက်ရုံထဲမှ ထက်ဝက်ခန့်သည် လုပ်ငန်းများ စတင်လည်ပတ်နေပြီဖြစ်ကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

Shwe Moe Kaung
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service