၅ နှစ်အရွယ် သမီးငယ်ကို မိခင်က အိမ်လခ၊ ရေဖိုး၊ မီးဖိုး၊ ထမင်းဖိုး တစ်ပတ်တစ်ကြိမ် တောင်းခံ

၅ နှစ်အရွယ် သမီးငယ်ကို မိခင်က အိမ်လခ၊ ရေဖိုး၊ မီးဖိုး၊ ထမင်းဖိုး တစ်ပတ်တစ်ကြိမ် တောင်းခံ - Property News in Myanmar from iMyanmarHouse.com
23 Jan 2018 11:51 am တွင် တင်ခဲ့သည်
7128 ကြိမ် ကြည့်ရှု့ပြီး
အက်ဆန့် အီဗန်စ်အမည်ရှိ မိခင်တစ်ဦးသည် သူ၏ ၅ နှစ်အရွယ်သမီးငယ်ကို ရက်သတ္တပတ်လျှင်တစ်ကြိမ် အိမ်လခအပြင် ရေဖိုး၊ မီးဖိုးနှင့် စားစရိတ် ကောက်ခံလျက်ရှိရာ အဆိုပါလုပ်ရပ်အပေါ် အချို့ကမှန်သည်၊ အချို့ကလည်း မှားသည်ဟု လူမှုကွန်ရက်တွင် အချေအတင်ငြင်းခုံမှု မြင့်တက်လျက်ရှိနေသည်။

အက်ဆန့် အီဗန်စ်က သမီးငယ်ကို တစ်ပတ်လျှင် အသုံးစရိတ် ၇ ဒေါ်လာ ပေးပြီး ယင်းအနက်မှ ၅ ဒေါ်လာကို အိမ်ငှားခအဖြစ် ပြန်လည်ကောက်ခံခြင်း ဖြစ်သည်။

အက်ဆန့် အီဗန်စ်က ဖေ့စ်ဘုတ်လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့ရာ၌ “သမီးကို တစ်ပတ်တစ်ခါ အသုံးစရိတ်အနေနဲ့ ၇ ဒေါ်လာ ပေးပါတယ်။
ကျွန်မက သမီးကို ရှင်းပြခဲ့တာရှိပါတယ်။ အပြင်လောကမှာ လူတွေဟာ ရလာတဲ့ဝင်ငွေကို မိမိအတွက် နည်းနည်းပဲသုံးပြီး တခြားသူတွေကိုပဲ ပေးနေကြတယ်လို့ ရှင်းပြခဲ့တယ်။ ဒါကြောင့် သူရတဲ့တစ်ပတ်ဝင်ငွေ ၇ ဒေါ်လာကနေ ၅ ဒေါ်လာကို ပြန်ပေးစေတာ ဖြစ်ပါတယ်။ ”

“အိမ်လခအနေနဲ့ ၁ ဒေါ်လာ၊ ရေဖိုး ၁ ဒေါ်လာ၊ လျှပ်စစ်မီးဖိုး ၁ ဒေါ်လာ၊ ရုပ်မြင်သံကြားခ ၁ ဒေါ်လာနဲ့ စားစရိတ်အတွက် ၁ ဒေါ်လာ ဖြစ်ပါတယ်”

“ကျန်တဲ့ ၂ ဒေါ်လာကိုတော့ သမီးအနေနဲ့ စုချင်လဲစု (ဒါမှမဟုတ်) သုံးချင်တာသုံးခွင့်ပေးထားပါတယ်။ သမီးလေး မသိသေးတဲ့အချက်ကတော့ သူပြန်ပေးတဲ့ ၅ ဒေါ်လာတိုင်းကို သူ့နာမည်နဲ့ ဘဏ်စာရင်းဖွင့်ပြီး စုပေးထားတယ်ဆိုတာပါပဲ။
ဒီငွေတွေကို သမီး ၁၈ နှစ်အရွယ်ရောက်ရင် ကျွန်မထုတ်ပေးသွားမှာပါ။
အဲဒီအချိန်မှာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ဖို့ သမီးအနေနဲ့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် သူ့မှာ ဒေါ်လာ ၃၃၈၀ ရှိနေမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းက ကိုယ့်ရဲ့ကလေးကို လက်တွေ့ဘဝအတွက် ကြိုတင်ပြင်ဆင်ပေးတာဖြစ်ရုံမျှမကပါဘူး။ တကယ့်အပြင်က ကုန်ကျစရိတ်ကို သိလာတဲ့အခါမှာ အမေက သူ့ရဲ့ နေရေးစားရေးကို ဘယ်လောက်ထိ ဈေးလျှော့ပြီးတောင်းထားလဲဆိုတာ သိသွားတဲ့နောက် ကျေးဇူးတင်လာမှာ ဖြစ်ပါတယ်။”ဟု အက်ဆန့် အီဗန်စ်က ဆိုသည်။

အခြားရည်ရွယ်ချက်တစ်ခုမှာ ငွေကို တန်ဖိုးထားတတ်စေရန် သမီးငယ်ကို သင်ကြားပေးခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

အက်ဆန့် အီဗန်စ်၏ ရေးသားချက်အပေါ် လူမှုကွန်ရက်အသုံးပြုသူတို့အကြား အမြင်အမျိုးမျိုးကွဲပြားနေပြီး အပြန်အလှန် ဝေဖန်ငြင်းခုံမှုများလည်း များပြားနေသည်။

အချို့က အက်ဆန့်အီဗန်စ်၏ လုပ်ဆောင်ချက်မှာ အလွန်ကောင်းမွန်လှသည့် စိတ်ကူးစိတ်သန်းဖြစ်ကြောင်း ချီးကျူးကြသည်။
အချို့ကမူ အလွန်ငယ်ရွယ်သေးသည့် ကလေးငယ်ကို အိမ်လခအကြောင်း ပြောနေခြင်းအပေါ် ဝေဖန်ကြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
၅ နှစ်အရွယ် သမီးငယ်ကို မိခင်က အိမ်လခ၊ ရေဖိုး၊ မီးဖိုး၊ ထမင်းဖိုး တစ်ပတ်တစ်ကြိမ် တောင်းခံ - Property News in Myanmar from iMyanmarHouse.com
၅ နှစ်အရွယ် သမီးငယ်ကို မိခင်က အိမ်လခ၊ ရေဖိုး၊ မီးဖိုး၊ ထမင်းဖိုး တစ်ပတ်တစ်ကြိမ် တောင်းခံ - Property News in Myanmar from iMyanmarHouse.com
၅ နှစ်အရွယ် သမီးငယ်ကို မိခင်က အိမ်လခ၊ ရေဖိုး၊ မီးဖိုး၊ ထမင်းဖိုး တစ်ပတ်တစ်ကြိမ် တောင်းခံ - Property News in Myanmar from iMyanmarHouse.com
၅ နှစ်အရွယ် သမီးငယ်ကို မိခင်က အိမ်လခ၊ ရေဖိုး၊ မီးဖိုး၊ ထမင်းဖိုး တစ်ပတ်တစ်ကြိမ် တောင်းခံ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

CarsDB Showroom Opening
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service