ဟိုတယ်ခဈေးကြီးမှုကိုချိန်ဆနိုင်ဖို့ ရှိနေတဲ့အခန်းအရေအတွက်နဲ့ ဝင်ရောက်လာတဲ့ ခရီးသွားပမာဏကို ပြန် လည်သုံးသပ်ဖို့ ဒု-သမ္မတတိုက်တွန်းပြောဆိုသွားတယ်လို့ သိရပါတယ်။
ခရီးသွားလုပ်ငန်းက ရရှိတဲ့ဝင်ငွေဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအပြင် ခရီးသွားလုပ်ငန်းမှာ ပါဝင်ပတ်သက်သူ အားလုံးအပေါ် အချိုးကျအမြတ်ရရှိစေတာကြောင့်ယင်းလုပ်ငန်းကနေ ပုံမှန်ဝင်ငွေရရှိစေမယ့် အခြေနေကောင်းများရှိနေရန် လိုအပ်တယ်လို့ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူနဲ့ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များတွေ ဆုံစဉ်ပြောဆိုခဲ့တာဖြစ်ပါတယ်။
ပတ်ဝန်းကျင်နိုင်ငံတွေထက် မြန်မာနိုင်ငရှိဟိုတယ်အခန်းခဈေးနှုန်းကြီးမြင့်မှုက အခန်းအရေအတွက်နဲ့ ခရီး သည်မမျှတတဲ့အခြေအနေတွေကြောင့်လည်း ဖြစ်နိုင်တာကြောင့် ဇုန်အလိုက်လာရောက်ကြတဲ့ ခရီးသည်ပမာ ဏနဲ့ အခန်း
အရေတွက်ခြေနေကို တင်ပြကြဖို့ လုပ်ငန်းရှင်တွေကိုပြောဆိုခဲ့တာပါ။
စီစစ်မှုတွေအလိုက် လိုအပ်ချက်တွေရှိပါက အနာဂတ်ခရီးသွားဖွံ့ဖြိုးတိုးတက်ဖို့ ဇုန်အလိုက် ဟိုတယ်တွေထပ်မံ ဖွင့်လှစ်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးဖို့ကိစ္စရပ်တွေကိုလည်း ဒု-သမ္မတကတိုက်တွန်းပြောဆိုသွားပါတယ်။
ဝန်းကြီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဟိုတယ်ပေါင်း ၁၅၉၀ (အခန်း-၆၃၉၇၈) အထိရှိနေပြီး ခွင့်ပြုထားတဲ့ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင် ၂၅၉၃ ခုအထိရှိပါတယ်။
ထို့အတူ ပို့ဆောင်ရေးလိုင်စင် ၂၅၃၄ ခု၊ ဧည့်လမ်းညွှန်လိုင်စင်၄၃၇၁ ခုနဲ့ ဒေသဆိုင်ရာဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင် ၃၄၄၉ ခုအထိရှိတယ်လို့
သိရပါတယ်။
Credit: SFJ Strategy First