စင်္ကာပူနိုင်ငံတွင် ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၁ အထိ မှတ်ပုံတင်ပြီးသော အိမ်ခြံမြေအကျိုးဆောင်ဦးရေစုစုပေါင်း ၂၈,၇၅၁ ဦး ရှိကြောင်း စင်္ကာပူအိမ်ခြံမြေအကျိုးဆောင်ကောင်စီ (CEA) ၏ ထုတ်ပြန်ချက်အရ သိရသည်။
၎င်းအရေအတွက်သည် ၂၀၁၆ ခုနှစ်ကုန်အထိ အရေအတွက် ၂၈,၃၉၇ ဦးထက် အနည်းငယ်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ၂၀၁၆
ခုနှစ်နှစ်ဦးကာလက အရေအတွက် ၂၉,၂၆၂ ဦးအောက် အနည်းငယ် ကျဆင်းခဲ့ခြင်းဖြစ်သည်။
CEA က ၂၀၁၇ ခုနှစ်အတွင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလိုင်စင် ၆၆ ခုနှင့် အိမ်ခြံမြေအကျိုးဆောင်မှတ်ပုံတင် ၁,၃၄၄ ခုတို့ကို ခွင့်ပြုခဲ့ပြီး ၂၀၁၈ ခုနှစ်
ဇန်န၀ါရီ ၁ တွင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလိုင်စင် ၄၄ ခုနှင့် အိမ်ခြံမြေအကျိုးဆောင်မှတ်ပုံတင် ၂,၀၂၈ ခုကို ပြန်လည်ရုပ်သိမ်းခဲ့သည်။
"အိမ်ခြံမြေဈေးကွက်ရဲ့ ကောင်းတဲ့အလားအလာကြောင့် မှတ်ပုံတင်ထားတဲ့ အကျိုးဆောင်အရေအတွက် တိုးတက်လာတာ ဖြစ်နိုင်ပါတယ်" ဟု CEA ၏
မူဝါဒနှင့် လိုင်စင်ခွင့်ပြုချက်ရေးရာ ဒါရိုက်တာ ချီယာအီလင်က ပြောကြားခဲ့သည်။
လိုင်စင်ရ အကျိုးဆောင်လုပ်ငန်း အရေအတွက်သည်လည်း ပြီးခဲ့သောတစ်နှစ်က ၁,၂၈၆ ခုမှ ဇန်န၀ါရီ ၁ တွင် ၁,၂၆၉ ခုသို့ ကျဆင်းခဲ့ကြောင်းလည်း CEA
ကိန်းဂဏန်းများအရ သိရသည်။
စင်္ကာပူတွင် အကြီးဆုံးအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှာ အကျိုးဆောင်ဦးရေ ၆,၆၈၄ ဦး ရှိသော PropNex Realty ဖြစ်ပြီး ဒုတိယအကြီးဆုံးအိမ်ခြံမြေ
အကျိုးဆောင်လုပ်ငန်းမှာ အကျိုးဆောင်ဦးရေ ၅,၈၈၂ ဦး ရှိသော REA Realty Network ဖြစ်ကာ အကျိုးဆောင်ဦးရေ ၃,၈၉၈ ဦး ရှိသော OrangeTee & Tie
ဖြစ်သည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com