တစ်လအတွင်း ကန်ဒေါ်လာဈေး ကျပ်၂၀ ကျဆင်း

တစ်လအတွင်း ကန်ဒေါ်လာဈေး ကျပ်၂၀ ကျဆင်း - Property News in Myanmar from iMyanmarHouse.com
23 Jan 2018 10:29 am တွင် တင်ခဲ့သည်
3387 ကြိမ် ကြည့်ရှု့ပြီး
ပြည်ပပို့ကုန် အား ကောင်းနေသည့် ပွင့်လင်းရာသီ ဇန်နဝါရီအတွင်း ဗဟို
ဘဏ် ရည် ညွှန်းငွေလဲနှုန်းသည် ကန်တစ်ဒေါ် လာလျှင် ကျပ် ၂၀ ခန့် ကျဆင်းခဲ့သည်။

ဗဟိုဘဏ်ရည်ညွှန်းငွေလဲ နှုန်းသည် ဇန်နဝါရီ ၂ ရက်တွင် ၁,၃၆၃ ကျပ်မှ ဇန်နဝါရီ ၂၂ ရက် တွင် ၁,၃၄၄ ကျပ်သို့ ကျဆင်းခဲ့ သည်။ ဗဟိုဘဏ်ရည်ညွှန်းငွေလဲ နှုန်းကျဆင်းသကဲ့သို့ ပို့ကုန်ရငွေ တန်ဖိုးသည် တစ်ဒေါ်လာလျှင် ၁,၃၆၆ ကျပ်မှ ၁,၃၄၄ ကျပ်သို့ ကျဆင်းခဲ့သည်။

လက်ရှိအချိန်သည် မြန်မာ နိုင်ငံ၏ ပို့ကုန်ရာသီဖြစ်ပြီး ဆန်၊ ပြောင်းဖူးစေ့၊ ပဲမျိုးစုံတို့ကို နိုင်ငံ အများစုသို့ တင်ပို့ရောင်းချနေ သည်။ ‘‘ဒေါ်လာဈေးကျတော့ ပို့ ကုန်သမားတွေအတွက် မကောင်း ဘူး’’ ဟု ပြည်ပသို့ ဆန်တင်ပို့နေ သည့်
လုပ်ငန်းရှင် ဦးမျိုးသူရအေး ကပြောသည်။

ပြည်ပဈေးကွက်တွင် ကန် တစ်ဒေါ်လာတန်ဖိုးသည် ဇန်နဝါ ရီအတွင်း ၁၃ ကျပ် ကျဆင်းခဲ့သည်။ ဇန်နဝါရီ ၂ ရက်တွင် တစ်ဒေါ်လာလျှင် ၁,၃၅၀ ကျပ်မှ ဇန်နဝါရီ ၂၂ ရက်တွင် တစ်ဒေါ်လာ ၁,၃၃၇ ကျပ်သို့ ကျဆင်းပြီး ဝယ်လိုအားနည်းနေသည်ဟု ပြင်ပငွေလဲလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

အမေရိကန်အစိုးရ၏ စီးပွားရေးမူဝါဒ အပြောင်းအလဲကြောင့် နိုင်ငံတကာငွေကြေး ဈေးကွက် တွင် ကန်ဒေါ်လာ တန်ဖိုး ကျဆင်း သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဒေါ်လာတန်ဖိုးကျဆင်းလာသည် ဟု စီးပွားရေးလုပ်ငန်း ရှင်အချို့ က ပြောသည်။

ကန်ဒေါ်လာ တန်ဖိုးသည် တရုတ်ယွမ်နှင့် လဲလှယ်မှုနှုန်း သည် ဇန်နဝါရီအတွင်း တစ်ဒေါ် လာလျှင် ၆ ဒသမ ၅၀ ယွန်မှ ၆ ဒသမ ၃၉၉ ယွမ်သို့ ကျဆင်းခဲ့ သည်။ ဂျပန်ယန်းနှင့်လဲလှယ်နှုန်း ၁၁၂ ဒသမ ၆၇ ယန်းမှ ၁၁၀ ဒသမ ၇၆ ယန်းသို့ ကျဆင်းခဲ့သည်။

ကန်ဒေါ်လာနှင့် မြန်မာငွေလဲနှုန်းကျဆင်းသော်လည်း တရုတ်ယွမ်နှင့် ကျပ်ငွေလဲလှယ်နှုန်း အပြောင်းအလဲနည်းပါးပြီး တစ်ယွမ်လျှင် ၂၀၄ ကျပ်ခန့် ဈေးရှိသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

imyanmarmarket
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service