ခွင့်ပြုချက်မကျ၊သတ်မှတ်ထားသော အထပ်ထက်အထပ်ကျော်လွန်ဆောက်လုပ်ထားသည့် တိုက်များကျသင့်ဒဏ်ကြေးငွေ ၇ဝရာခိုင်နှုန်းလျှော့ချပေးမည်

ခွင့်ပြုချက်မကျ၊သတ်မှတ်ထားသော အထပ်ထက်အထပ်ကျော်လွန်ဆောက်လုပ်ထားသည့် တိုက်များကျသင့်ဒဏ်ကြေးငွေ ၇ဝရာခိုင်နှုန်းလျှော့ချပေးမည် - Property News in Myanmar from iMyanmarHouse.com
23 Jan 2018 10:14 am တွင် တင်ခဲ့သည်
3221 ကြိမ် ကြည့်ရှု့ပြီး
ခွင့်ပြုချက်မကျသေးဘဲ ဆောက်လုပ်ထားသည့်အဆောက်အအုံများ၊သတ်မှတ်ထားသည့်အထပ်ထက် အထပ်ကျော်လွန်ဆောက်လုပ်ထားသည့် ကန်ထရိုက်တိုက်များကိုမြို့တော်စည်ပင်သာယာရေးကော်မတီမှ ကျသင့်ဒဏ်ကြေးငွေ ၇ဝရာခိုင်နှုန်းလျှော့ချပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) မှ လွှတ်တော်ကိုယ်စားလှယ်မှ ပြောကြားကြောင်း သိရသည်။

ပြီးခဲ့သည့် အစိုးရလက်ထက် ၂ဝ၁၄ခုနှစ်တွင် ခွင့်ပြုချက် မကျသေးဘဲ ဆောက်လုပ်ထားသည့် အဆောက်အအုံများ၊သတ်မှတ်ထားသည့်အထပ်ထက်ကျော်လွန်ဆောက်လုပ်ထားသည့် ကန်ထရိုက်တိုက်များအားဒဏ်ကြေးငွေချမှတ်ခြင်းများ၊အဆောက်အအုံဖြိုချခိုင်းခြင်းများလုပ်ဆောင်ခဲ့ကြောင်းသိရသည်။

ယခုတွင် ယင်းကဲ့သို့ဒဏ်ကြေးငွေများကို ၇ဝရာခိုင်နှုန်းအထိလျှော့ချပေးခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သောအစိုးရလက်ထက် ၂ဝ၁၄ခုနှစ်ကဒဏ်ရိုက်သည့်ကိစ္စများစတင်ဆောင်ရွက်ခဲ့သည်။ခွင့်ပြုချက်မကျသေးခင် ဆောက်သည့်အဆောက်အအုံများ၊အထပ်ကျော်ဆောက်သည့်အဆောက်အအုံများထိုအဆောက်အအုံများနှင့်ပတ်သက်ပြီး ဒဏ်ရိုက်ခြင်းများ၊အဆောက်အအုံရပ်ခိုင်းခြင်းများ၊ပြန်ဖြိုချခိုင်းခြင်းများ လုပ်ဆောင်ခဲ့သည်။

ပြီးခဲ့သည့်နှစ်မှ စ၍ ပထမတစ်ရစ်အနေဖြင့် ဒဏ်ဆောင်ပြီး အဆောက်အအုံများပြန်ဆောက်ခွင့်ပေးခဲ့သည်။

ယခုနှစ်တွင် ထိုအရာများဆက်လက်မလုပ်နိုင်ခြင်းများနေသည့်အတွက်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနှင့် အထူးစဉ်းစားခြင်းဖြစ်သည်။ချမှတ်ထားသော ဒဏ်ကြေးမှ သိန်းတစ်ရာကျလျှင် ၇ဝရာခိုင်နှုန်းလျှော့လိုက်သည့်အတွက် သိန်း ၃ဝဒဏ်ကြေးဆောင်ရမည်ဖြစ်သည်။

ယင်းကဲ့သို့ ဒဏ်ကြေးငွေလျှော့ချပေးသည့်အဆောက်အအုံများတွင်အုပ်စုသုံးခုရှိကြောင်း၊ပထမတစ်ခုမှာ အစိုးရနှင့် ဌာနဆိုင်ရာမြေများအပေါ်တွင် ကျူးကျော်ဆောက်လုပ်သည့်အဆောက်အအုံများ၊ဒုတိယမှာ မြေပိုင်ဆိုင်မှု မရှင်းလင်းခြင်း၊တိုင်ကြားခံထားရသည့် အဆောက်အအုံများဖြစ်ပြီး တတိယတစ်ခုမှာ မြေယာပိုင်ဆိုင်မှုရှိသော်လည်း ခွင့်ပြုချက်မကျမှ သို့မဟုတ်ခွင့်ပြုချက်မယူဘဲဆောက်လုပ်သည့်အဆောက်အအုံများဖြစ်ကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်တွင် ခွင့်ပြုချက်မကျသေးဘဲ ဆောက်လုပ်ထားသည့်အဆောက်အအုံများ၊သတ်မှတ်ထားသည့် အထပ်ထက်ကျော်လွန်ဆောက်လုပ်ထားသည့်အတွက် ဒဏ်ကြေးငွေချမှတ်အရေးယူခံထားရသည့် အဆောက်အအုံပေါင်း ၄၅ဝရှိကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒဏ်ကြေးငွေချမှတ်ခံရထားသည့်အဆောက်အအုံ ၂ဝဝဝနီးပါးရှိကြောင်း၊ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ၁ဝထပ်ရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

Credit : Daily Eleven

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

Royal Theikdi Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service