ရတနာနှင့် ဧရာဝဏ်စီမံကိန်းတွင် ရွှေတောင်ကုမ္ပဏီ ပူးပေါင်းရန် ပဏာမသဘောတူ စာချုပ်ချုပ်

ရတနာနှင့် ဧရာဝဏ်စီမံကိန်းတွင် ရွှေတောင်ကုမ္ပဏီ ပူးပေါင်းရန် ပဏာမသဘောတူ စာချုပ်ချုပ် - Property News in Myanmar from iMyanmarHouse.com
22 Jan 2018 11:02 am တွင် တင်ခဲ့သည်
4202 ကြိမ် ကြည့်ရှု့ပြီး
ရင်းနှီးမြှုပ်နှံမှုပမာဏ ကြီးမားသော ဧရာဝဏ်နှင့်ရတနာ အိမ်ရာစီမံကိန်းများကို ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုဖြစ်သည့် ရွှေ တောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီ လီမိတက်နှင့် မြို့ပြနှင့်အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်းအ ကောင်အထည်ဖော်ရန် ပဏာမ သဘောတူညီချက်စာချုပ်ကို ဇန်န၀ါရီ ၂၀ ရက်တွင် လက်မှတ် ရေးထိုးသည်။

ဆောက်လုပ်ရေး ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလက်ရှိလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဦးဝင်း ခိုင်က သဘောတူစာချုပ်ချုပ်ဆိုပွဲ တွင် အိမ်ရာဝယ်လိုသူများကို ဖိတ်ခေါ်ခဲ့သည်။

ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းက ရန်ကုန်မြို့ပြဖွံ့ဖြိုးရေး အတွက် အထောက်အကူပေးနိုင် ကြောင်း ပြည်ထောင်စုဝန်ကြီးဦး ၀င်းခိုင်က ပြောကြားသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်၌တည် ရှိသည့်ဧရာဝဏ်နှင့် ရတနာအိမ် ရာစီမံကိန်းသည် လူကျဲပါးနေ သည့်နေရာတွင် လူနေသိပ်သည်း မှုနှင့် နေထိုင်မှုအဆင့်မြှင့်တင်ပေး ခြင်းကို အခြေခံပြီးအကောင်အ ထည်ဖော်ထားခြင်းဖြစ်ကြောင်း ဇန်န၀ါရီ ၁၉ ရက်တွင် သမ္မတက တရားဝင်ကြေညာချက် ထုတ်ပြန်ကာ အသစ်ခန့်အပ်ခဲ့သည့် ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဟန်ဇော် က ပြောကြားသည်။

ဧရာဝဏ်နှင့် ရတနာအိမ်ရာစီမံကိန်းတွင် ပါဝင်ခွင့်ရခြင်း ကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနကို များစွာကျေးဇူးတင် ကြောင်း ရွှေတောင်ဖွံ့ဖြိုးတိုး တက်ရေးကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးအိုက်ထွန်းက ပြောကြားသည်။

အိမ်ခြံမြေဈေးကွက် အ ရောင်းအ၀ယ် အေးနေခြင်း ကြောင့် ဆောက်လုပ်ရေးဝန်ကြီး ဌာနက အကောင်အထည်ဖော် တည်ဆောက်နေသည့် ယင်းအိမ် ရာစီမံကိန်း တည်ဆောက်မှုကြန့် ကြာနေကြောင်း မြို့ပြနှင့်အိမ်ရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ၂၀၁၇ ဒီဇင်ဘာ လကုန်က သတင်းမီဒီယာများ အား ပြောကြားသည်။

ဆောက်လုပ်ရေး ၀န်ကြီးဌာနက ၂၀၁၃ ကစ၍ သုံးနှစ်အ တွင်း အပြီးတည်ဆောက်ရန် စီ စဉ်ခဲ့သော်လည်း ၂၀၁၄ နှစ်ကုန် ကစ၍ အိမ်ခြံမြေ၊ ကွန်ဒို၊ တိုက် ခန်းများအရောင်းအ၀ယ်နှေးကွေး ပြီး ဈေးနှုန်းကျဆင်းသဖြင့်တည် ဆောက်ရေးလုပ်ငန်းကို အချိန် ယူလုပ်ကိုင်နေရကြောင်း ၎င်းက ပြောကြားသည်။

ဒဂုံဆိပ်ကမ်း မြို့နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ၂၀၁၃ က စတင်အကောင်အ ထည်ဖော်တည်ဆောက်နေသည့် ရတနာနှင့် ဧရာဝဏ်အိမ်ရာစီမံ ကိန်းတွင်အဆောက်အအုံ ၄၉ လုံး၊ တိုက်ခန်း ၄၆,၆၀၀ ပါဝင် သည်။ တိုက်ခန်းတစ်ခန်း၏တန် ဖိုးသည် ကျပ်သိန်း ၆၀၀ ခန့်ရှိပြီး ဈေးနှုန်းကြီးမြင့်မှု၊ ရန်ကုန်မြို့ လယ်နှင့်သွားလာရေးအခက်အခဲ တို့ကြောင့် မြို့ပြဖွံ့ဖြိုးရေးပညာ ရှင်အချို့က ဝေဖန်ခဲ့သည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

Royal Theikdi Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service