ဟောင်ကောင်၏ အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးအနက် ၇ ဦးမှာအိမ်ခြံမြေလုပ်ငန်းရှင်များဖြစ်ပြီးဟောင်ကောင်၏ ထက်ဝက်ခန့်ကိုပိုင်ဆိုင်ထားကြောင်းဖော့ဘ်မဂ္ဂဇင်းကြီးကနောက်ဆုံးထုတ်ပြန်လိုက်သည့် ဟောင်ကောင်အချမ်းသာဆုံးပုဂ္ဂိုလ် ၅၀ စာရင်းတွင် ဖော်ပြထားသည်ဟုရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဟောင်ကောင်အိမ်ခြံမြေဈေးကွက် အလွန်ကြီးမားလာခြင်းကြောင့် ဟောင်ကောင်အချမ်းသာဆုံးပုဂ္ဂိုလ် ၅၀ ၏ စုစုပေါင်းကြွယ်ဝမှုမှာယခင်ကကန်ဒေါ်လာ ၆၀ သာရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ကန်ဒေါ်လာ ၃၀၇ ဘီလီယံအထိ မြင့်တက်လာခဲ့သည်။
ဟောင်ကောင်အချမ်းသာဆုံးတွင် ထိပ်ဆုံးမှ နေရာယူထားသည်မှာတစ်ဦးချင်း ၅ ဦးနှင့် ညီအစ်ကို ၂ ဦးတို့ ဖြစ်ကြသည်။
ထိပ်ဆုံးတွင် ရပ်တည်နေသည်မှာ CK Asset Holdings ၏ ဥက္ကဌလီကာရှင်းဖြစ်ပြီး ကြွယ်ဝမှုမှာကန်ဒေါ်လာ ၃၆ ဘီလီယံ ဖြစ်သည်။
ဒုတိယနေရာတွင်ရှိသည်မျာလီရှောက်ကီဖြစ်ပြီး ကြွယ်ဝမှုမှာကန်ဒေါ်လာ ၃၂ ဒသမ ၉ ဘီလီယံ ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်သည် လီရှောက်ကီအတွက် ဥစ္စာဓနအတိုးပွားဆံးနှစ်တစ်ခု ဖြစ်ခဲ့ပြီးကန်ဒေါ်လာ ၉ ဒသမ ၃ ဘီလီယံ (သို့မဟုတ်) ၃၉ ရာခိုင်နှုန်းခန့် တိုးပွားလာခဲ့သည်။
အဆိုပါ ၇ ဦး၏ ဓနမှာဟောင်ကောင် ဂျီဒီပီ၏ ၄၂ ရာခိုင်နှုန်းနှင့် ညီမျှသည်။
၎င်းတို့ ၂ နှစ်ဦးနှင့် ကေဝါအင်တာနေရှင်နယ်မှာလွီချီဝူး၊ ဆန်းဟောင်ကိုင် ပရော်ပါးတီးမှာကွာ့ခ်ညီအစ်ကို၊ Chinese Estates မှ ဂျိုးဇက်လော်နှင့် ဝှီးလော့ခ်မှ ပီတာဝူးတို့၏ စုစုပေါင်းကြွယ်ဝမှုမှာကန်ဒေါ်လာ ၁၃၅ ဒသမ ၇ ဘီလီယံရှိသည်။
ယခုစာရင်းသို့ အသစ်ဝင်ရောက်လာသည်မျာသူဌေးကြီးချန်းယုထောင်၏သားဖြစ်သူဟင်နရ်ီချန်းဖြစ်ပြီး ကြွယ်ဝမှု ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဖြင့် နံပါတ် ၄၉ နေရာတွင် ရပ်တည်လျက်ရှိသည်။
သူ၏ဖခင်ဖြစ်သူNew World Developmentတည်ထောင်သူသည် ၂၀၁၆ ခုနှစ်အတွင်းကွယ်လွန်သွားခဲ့ပြီးကွယ်လွန်ချိန်တွင် ဟောင်ကောင်၏ တတိယမြောက်အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်းဟောင်ကောင်တွင် ကန်ဒေါ်လာ ၅၄ ဘီလီယံဖိုးအိမ်ခြံမြေအရောင်းအဝယ် ဖြစ်ခဲ့ပြီးကမ္ဘာပေါ်တွင် ဒုတိယမြောက်အကြီးမားဆုံးမြို့ပြအိမ်ခြံမြေဈေးကွက်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း Colliers International မှထုတ်ပြန်သည့် အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)