ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက''၂ဝ၁၈-၂ဝ၁၉ ခုနှစ်ကို ဝန်ထမ်းအိမ်ရာနှစ်လို့ သတ်မှတ်ထားပါတယ်။ ကျွန်တော်တို့ရတဲ့ပိုက်ဆံအကုန်လုံးကို ဆေးရုံအသစ်ဆောက်လုပ်ခြင်း၊ ဆေးခန်းအသစ်ဆောက်လုပ်ခြင်းတို့ကို တတ်နိုင်သမျှမလုပ်ပါဘူး။ မလွှဲမဖြစ်မှသာ လုပ်ပါမယ်။ ရှိသမျှ ကျန်တဲ့ဘတ်ဂျက်အားလုံးကို ကျွန် တော်တို့ဝန်ထမ်းအိမ်ရာဆောက်ဖို့ လုပ်ထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းနဲ့ပြည်နယ် ၁၄ ခုအားလုံးကို စာထုတ်ပြီးပါပြီ''ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာ မြင့်ထွေးကပြောသည်။ တိုင်းနှင့်ပြည်နယ်၊ ခရိုင် ဆေးရုံ၊မြို့နယ်ဆေးရုံများရှိဝန်ထမ်း အိမ်ရာလိုအပ်ချက်များကို တောင်းထားကြောင်း၊ အဆိုပါစာရင်းများရပါက ဦးစားပေးအနေအထားအ ပေါ်မူတည်ပြီး တစ်ပြည်လုံးတွင် ဝန်ထမ်းအိမ်ရာများကို တစ်ပြိုင်တည်း တည်ဆောက်မည်ဖြစ် ကြောင်း ၎င်းကဆိုသည်။
''တစ်ပြည်လုံးမှာဝန်ထမ်း အိမ်ရာတွေကို တစ်ပြိုင်တည်းတည်ဆောက်ပါမယ်။ တစ်နှစ်အတွင်းလည်းပြီးနိုင်ပါတယ်။ ဒီဝန်ထမ်းအိမ်ရာက အလွန်အရေး ကြီးပါတယ်။ ဒီဝန်ထမ်းအိမ်ရာ တွေဆောက်လို့ပြီးစီးသွားမယ်ဆိုရင် ဝန်ထမ်းအပြောင်းအရွှေ့ အရမ်းလွယ်သွားပါပြီ။ အခုဝန်ထမ်းနယ်အပြောင်းအရွှေ့လုပ် ရင်ဝန်ထမ်းကမသွားဘူး။ မ ပြောင်းရွှေ့ဘူးဆိုတာ ဝန်ထမ်းအိမ်ရာမရှိလို့ မသွားခြင်းဖြစ်တဲ့အတွက် အခုဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းအားလုံး ၂ဝ၁၈-၂ဝ၁၉ ခုနှစ်အတွင်းမှာအဆင်ပြေသွားမယ်လို့ထင်ပါတယ်''ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။
ကျေးလက်ကျန်းမာရေးဌာနအတွက် ဝန်ထမ်းအိမ်ရာဆောက် လုပ်မည်ဆိုပါက ကျပ် ၆၃ သန်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲ အတွက် ဝန်ထမ်းအိမ်ရာဆောက်ပါက ကျပ် ၃၁ သန်း၊ ၁၆ ခုတင် ဆံ့ဆေးရုံ၊ ခုတင် ၅ဝ ဆံ့ဆေးရုံ အစရှိသဖြင့် ကုန်ကျစရိတ်နှင့် စာရင်းများကိုတောင်းထားကြောင်း၊ စာရင်းရပါက ၂ဝ၁၈-၂ဝ၁၉ ဘတ်ဂျက်နှစ်တွင် အကုန်ဆောက်မည် ဖြစ်ကြောင်း၊ အဆိုပါဘတ်ဂျက်တွင် မပါဘဲ ကျန်ရှိပါက ၂ဝ၁၉-၂ဝ၂ဝ ဘတ်ဂျက်တွင်ထည့်မည်ဖြစ် ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထပ်လောင်းပြောသည်။
Credit: Democracy Today