ရန်ကုန်မှ မန္တလေးသို့ ရှစ်နာရီဖြင့် သွားရောက်နိုင်မည့် ရထားလမ်းအဆင့်မြှင့်တင်မှုစီမံကိန်းအတွက် ပထမအဆင့် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများကို မတ်လ နှင့် ဧပြီအတွင်း ထုတ်ပြန်မည်ဟု မြန်မာ့မီးရထားလုပ်ငန်း ပြော ရေးဆိုခွင့်ရှိသူ အရာရှိတစ်ဦးက ပြောသည်။
ယခု တင်ဒါခေါ်ယူထား သည့် အပိုင်းသည် ရန်ကုန်-မန္တလေးရထားလမ်းပိုင်း၏ပထမအ ဆင့်ဖြစ်သည့် ရန်ကုန်-တောင်ငူအပိုင်းဖြစ်ပြီး ကုမ္ပဏီများတင်ပြ ထားသည့် တင်ဒါများကို စိစစ်နေ သည်ဟု ၎င်းက ဆက်ပြောသည်။
‘‘စီမံကိန်းကြီးက ကြီးတော့ အပိုင်းလိုက် လုပ်နေရတယ်။ ၂၀၂၃ တော့ အပြီးလုပ်မယ်လို့ အကြမ်းဖျင်းလျာထားထားတယ်။ အဲဒီလောက် ပြီးအောင် လုပ်ရ မယ်’’ဟု အဆိုပါအရာရှိက ပြော သည်။ အဆိုပါစီမံကိန်းတစ်ခုလုံး ပြီးစီးပါက တစ်နာရီ ကီလိုမီတာ ၁၀၀ နှုန်း(မိုင် ၆၀ ကျော်) ဖြင့် ရန်ကုန်-မန္တလေးကို ရှစ်နာရီအ တွင်း ရထားဖြင့် သွားလာနိုင်မည် ဖြစ်သည်။
စီမံကိန်းကို အပိုင်း နှစ်ပိုင်း သတ်မှတ်ထားပြီး ရန်ကုန်- တောင်ငူရထားလမ်းပိုင်းကို အ ပိုင်း(၁)၊ တောင်ငူ-မန္တလေးကို အပိုင်း(၂) သတ်မှတ်ထားသည်။
ရန်ကုန်-တောင်ငူရထား လမ်းပိုင်းကို ဂျပန်ချေးငွေ ဂျပန် ယန်းဘီလီယံ ၇၀ (ကန်ဒေါ်လာ သန်း ၆၃၀ ကျော်) ကုန်ကျမည် ဖြစ်ပြီး လက်ရှိတွင် ချေးငွေအဖြစ် ဂျပန်ယန်းဘီလီယံ ၄၀ ကျော်ရရှိ ထားသည်။ ယင်းရထားလမ်းပိုင်း ကို အပိုင်းသုံးပိုင်း ခွဲခြားပြီး ရန်ကုန်-ပဲခူး၊ ပဲခူး-ညောင်လေးပင်၊ ညောင်လေးပင်-တောင်ငူဟူ၍ ဖြစ်သည်။ ထိုအပိုင်းများအလိုက် ကုမ္ပဏီများက ရထားလမ်းအဆင့်မြှင့်ခြင်းနှင့် အချက်ပြမီးများတပ် ဆင်ခြင်းကို လုပ်ကိုင်ခွင့်ရမည်ဟု ဆိုသည်။ အဆိုပါကုမ္ပဏီများကို ၂၀၁၆ နှစ်လယ်တွင် တင်ဒါခေါ် ယူခဲ့သည်။
တောင်ငူ-မန္တလေးရထား လမ်းပိုင်းကို အပိုင်းလေးပိုင်းခွဲခြား ရန်စီစဉ်ထားပြီး လက်ရှိတွင် လုပ် ငန်းဖြစ်နိုင်ခြေ ရှိ၊ မရှိ လေ့လာ နေကာ ပထမအဆင့် ဂျပန်ယန်း ၇၅ ဘီလီယံ (ကန်ဒေါ်လာ ၆၇၅ သန်းကျော်) ရရှိရန် သဘောတူထားသည်ဟု ၎င်းက ဆိုသည်။ ထိုပမာဏသည် စီမံကိန်းတစ်ခု လုံးအတွက် မဟုတ်ဘဲ စီမံကိန်း ၏အစိတ်အပိုင်းတစ်ခုအတွက် သာဖြစ်ပြီး ချေးငွေထပ်မံရရှိဦး မည်ဖြစ်သည်။
လက်ရှိတွင် ရန်ကုန်မှ မန္တ လေးသို့ ရထားဖြင့် သွားလျှင် ၁၄ နာရီကြာမြင့်သည်။ ထို့ကြောင့် ရန်ကုန်နှင့် မန္တလေး ရှစ်နာရီဖြင့် အရောက် သွားနိုင်ရန် ၂၀၂၃ တွင် အပြီးဆောင်ရွက်မည်ဖြစ်၍ မြန်မာပြည်သူပြည်သားများသွား လာရေးနှင့် ကုန်သွယ်ရေးပိုမိုချော မွေ့မြန်ဆန်မည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံသို့ လာ ရောက်စဉ် ဇန်နဝါရီ ၁၂ ရက်၌ ပြောကြားခဲ့သည်။ ရန်ကုန်နှင့် တောင်ငူကို သုံးနာရီခွဲဖြင့် သွား နိုင်မည့် ရထားလမ်းအဆင့်မြှင့် တင်မှုကို ၂၀၂၀ တွင် ပြီးစီးရန် ဆောင်ရွက်မည်ဟု ၎င်းက ပြော ကြားခဲ့သည်။
Credit: 7DayDaily