အထူးစီးပွားရေးဇုန်စီမံကိန်းကြောင့် ဒလမြို့နယ်သည် ရန်ကုန်မြို့သစ်ဖြစ်လာနိုင်ကြောင်း ဦးဖြိုးမင်းသိန်းပြော

အထူးစီးပွားရေးဇုန်စီမံကိန်းကြောင့် ဒလမြို့နယ်သည် ရန်ကုန်မြို့သစ်ဖြစ်လာနိုင်ကြောင်း ဦးဖြိုးမင်းသိန်းပြော - Property News in Myanmar from iMyanmarHouse.com
22 Jan 2018 9:35 am တွင် တင်ခဲ့သည်
2992 ကြိမ် ကြည့်ရှု့ပြီး
အထူးစီးပွားရေးဇုန်နှင့် မြို့ပြစီမံကိန်းများကြောင့် ဒလမြို့နယ်သည် နောင်တစ်ချိန်တွင် ရန် ကုန်မြို့သစ်ဖြစ်လာနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက ပြောကြား သည်။

ဝန်ကြီးချုပ်သည် ကော့မှူး မြို့နယ် သရက်တောရေနက်ဆိပ် ကမ်းတည်ဆောက်ရေးနှင့် ဒလ မြို့နယ်၌ အကောင်အထည်ဖော် မည့် အထူးစီးပွားရေးဇုန်နှင့် မြို့ သစ်စီမံကိန်း တည်ဆောက်ရေး မြေပြင်အခြေအနေကို ဇန်နဝါရီ ၂၀ ရက်တွင် ကွင်းဆင်းလေ့လာခဲ့ ကြောင်း တိုင်းအစိုးရက သတင်း ထုတ်ပြန်သည်။

လက်ရှိ ၎င်းတို့အစိုးရနှင့် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေးအေဂျင်စီ တို့ပူးပေါင်း၍ စီမံကိန်းကြီးတစ်ခု ရေးဆွဲနေပြီး ပြည်ထောင်စုအဆင့်အထိ တင်ပြကာ ဆက်လက်အ ကောင်အထည်ဖော်မည်ဟု ဦး ဖြိုးမင်းသိန်းက ဆိုသည်။

ထို့ပြင် ရပ်ရွာဖွံ့ဖြိုးရေးလုပ် ငန်းများ ဆောင်ရွက်နေခြင်းသည် ၎င်း၏ပါတီနှင့် အစိုးရအတွက် မဟုတ်ဘဲ ပြည်သူလူထုဖွံ့ဖြိုးတိုး တက်ရေးအတွက် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။ ထို့ကြောင့် ဒေသခံများကို အစိုးရ၊ လွှတ်တော် ကိုယ်စားလှယ်များ နှင့် ပူးပေါင်းဆောင်ရွက်ပေးရေး တိုက်တွန်းပေးရန် ဓနုတ်ကျောင်း တိုက်ဆရာတော်ထံ လျှောက်ထား ခဲ့သည်။

‘‘စီးပွားကူးသန်းဒုဝန်ကြီး လာလို့ အကောင်အထည်ဖော် မယ့် မြေပြင်အနေအထားကို လိုက်ပြတာပါ။ ဒေသခံတွေနဲ့ တွေ့ဆုံတာမျိုးလည်း မလုပ်ခဲ့ပါ ဘူး။ ဒလစီမံကိန်းက အရင်က တည်းက အကောင်အထည်ဖော် ဖို့ စီစဉ်ထားတဲ့ စီမံကိန်းပါ’’ ဟု ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုး ရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြောသည်။

အဆိုပါ စီမံကိန်းအတွက် တိုင်းအစိုးရက ပထမဆုံးအကြိမ် လာရောက် ကြည့်ရှုခြင်းဖြစ်ပြီး ဒေသခံများနှင့် လွှတ်တော်ကိုယ် စားလှယ်များကို တစ်စုံတစ်ရာ ပြောကြားထားခြင်း မရှိသေး ကြောင်း ဒလမြို့နယ်တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြသိန်းက ပြောကြားသည်။ အစိုးရအနေဖြင့် စီမံကိန်းကို လေ့ လာပြီးမှသာ လွှတ်တော်ကိုယ်စား လှယ်များထံ ချပြမည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ဒလမြို့နယ် တွင် အကောင်အထည်ဖော်မည့် ရန်ကုန်အထူးစီးပွားရေးဇုန်စီမံ ကိန်းနှင့်ပတ်သက်၍ ပြည်ထောင် စုအဆင့် အထူးစီးပွားရေးဇုန်ဆိုင် ရာ ဗဟိုအဖွဲ့သို့ ၂၀၁၇ ဒီဇင်ဘာ ၅ ရက်တွင် ပထမဆုံးတင်ပြခဲ့ သည်။

ထိုတင်ပြချက်တွင် ယင်း အထူးစီးပွားရေးဇုန်တည်ထောင် ပါက ရရှိမည့် အကျိုးကျေးဇူးများ နှင့် လုပ်ငန်းအစီအမံများပါဝင် သည်။

ဝန်ကြီးချုပ် ဦးဆောင်၍ ဖော်ဆောင်မည့် ရန်ကုန်တိုင်း ဒေသကြီး၏ဒုတိယအထူးစီးပွား ရေးဇုန်စီမံကိန်းကို အထူးစီးပွား ရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့က သဘောတူလက်ခံထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန အထူးစီးပွားရေး ဇုန်များ တာဝန်ခံ ညွှန်ကြားရေးမှူး ချုပ် ဦးအောင်စိုးကပြောသည်။

Credit: 7DayDialy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

Shwe Moe Kaung
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service