ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးမှုဘဏ်မှာ ငွေချေးဖို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ စိတ်ဝင်စား

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးမှုဘဏ်မှာ ငွေချေးဖို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ စိတ်ဝင်စား - Property News in Myanmar from iMyanmarHouse.com
19 Jan 2018 11:51 am တွင် တင်ခဲ့သည်
5092 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးမှုဘဏ် (CHDB)ကနေ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကို ချေးငွေထုတ်ပေးနေရာ ဘဏ်ခွဲ(၆)ခုကနေ လုန်ငန်းရှင် (၃၃)ဦးကို ထုတ်ချေးပေးခဲ့တယ်လို့ သိရပါတယ်။

ဆောက်လုပ်ရေးတင်ဒါချေးငွေအပိုင်းမှာ လုပ်ငန်းရှင်တွေအနေနဲ့ စိတ်ဝင်စားသူ များပြားလျက်ရှိနေပါတယ်။

လက်ရှိမှာ CHDB ဘဏ်ခွဲ (၁၁)ခု ရှိနေပြီး ဘဏ် (၆)ခုမှာ ဆောက်လုပ်ရေးတင်ဒါချေးငွေတွေ ထုတ်ချေးပေးနေရပြီ ဖြစ်ပါတယ်။

သည်ဘဏ်တွေထဲမှာဆိုရင် မုံရွာဘဏ်ခွဲမှာ (၁၅)ဦး၊ ပုသိမ်ဘဏ်ခွဲမှာ (၁၂)ဦး၊ မန္တလေးဘဏ်ခွဲမှာ (၂)ဦး၊ မော်လမြိုင်ဘဏ်ခွဲမှာ (၂)ဦး၊ ဘားအံမှာ (၁)ဦးနဲ့ ရန်ကုန် ဒဂုံရုံးချုပ်ဘဏ်မှာ (၁)ဦး စုစုပေါင်း (၃၃)ဦးကို ဇန်နဝါရီလ (၅)ရက်နေ့အထိ ဆောက်လုပ်ရေးတင်ဒါချေးငွေတွေ ထုတ်ချေးပေးပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးမှုဘဏ်အနေနဲ့ ဆောက်လုပ်ရေးတင်ဒါချေးငွေ ထုတ်ချေးနိုင်ကြောင်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲကမှ စတင်ထုတ်ပြန်ကြေငြာ ပေးခဲ့တာ ဖြစ်ပါတယ်။

' ဒီ Project မှာ ပြည်သူတွေကလဲ စိတ်ဝင်စားမှုရှိတယ်၊ ဘာလို့လဲဆိုတော့ ကုမ္ပဏီတွေကလဲ လုပ်ငန်းက ဒီတစ်ခုတည်း လုပ်တာမဟုတ်ဘူးလေ၊ လုပ်ငန်းတွေက ဒီမှာလုပ် ဟိုမှာလုပ်ဆိုတော့ သူတို့က လုပ်ငန်းတွေများတယ်၊ များတဲ့အခါကျတော့ ငွေကိုပြန်စိုက်ထုတ်ဖို့ကကျတော့ မလုံလောက်ဘူး ဖြစ်နေတာပေါ့၊ မလုံလောက်ဘူးဆိုတာက လုပ်ငန်းပြီးမှ ပိုက်ဆံရမယ်၊ ဒီလုပ်ငန်းက မပြီးသေးဘူး၊ နောက်လုပ်ငန်းက စရတော့မှာဆိုတော့ ငွေလိုတယ်လေ၊ လိုတဲ့အခါကျတော့ သူတို့က တော်တော်လေးကို စိတ်ဝင်စားကြပါတယ်' လို့ CHDB ဘဏ်မှ အကြီးတန်းအရာရှိ ဒေါ်သက်သက်ခိုင်က ပြောပါတယ်။

ချေးငွေထုတ်ချေးရာမှာ အတိုးနှုန်းက (၁၁)ရာခိုင်နှုန်းဖြစ်ပြီး ချေးငွေသက်တမ်းကတော့ တင်ဒါလုပ်ငန်းစာချုပ်ပါ သက်တမ်းအရ ဖြစ်ပါတယ်။

တင်ဒါဆောက်လုပ်ရေးလုပ်ငန်းအနည်းဆုံး (၁၀)ရာခိုင်နှုန်းအထိ ပြီးစီးထားရမှာဖြစ်ပြီး ချေးငွေကို အများဆုံး (၅၀)ရာခိုင်နှုန်းအထိ ထုတ်ချေးပေးနေတာ ဖြစတေယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ ဆောက်လုပ်ရေး ကုမ္ပဏီတော်တော်များများကလည်း အသေးစိတ်အချက်အလက်တွေကို သိရှိဖို့ လာရောက်စုံစမ်းမှုတွေ များပြားနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

Credit: The kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

imyanmarmarket
CarsDB Showroom Opening

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service