စက်မှုဥယျာဉ်စီမံကိန်းတွင်ဒေါ်လာသန်း ၅ဝဝ ကျော် ရင်းနှီးမြှုပ်နှံ

စက်မှုဥယျာဉ်စီမံကိန်းတွင်ဒေါ်လာသန်း ၅ဝဝ ကျော် ရင်းနှီးမြှုပ်နှံ - Property News in Myanmar from iMyanmarHouse.com
19 Jan 2018 11:00 am တွင် တင်ခဲ့သည်
4826 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်အတွင်းရှိ မန္တလေး-မြို့သာ စက်မှုဥယျာဉ်တည်ဆောက်ရေးစီမံကိန်းဧရိယာအတွင်း ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များက စက်ရုံများတည်ဆောက်၍ ဒေါ်လာသန်း ၅ဝဝ ကျော် ရင်းနှီးမြှုပ်နှံကာ လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်မှုဥယျာဉ်တည်ဆောက်ရေးစီမံကိန်းတွင် တည်ဆောက်ဆဲနှင့်
လည်ပတ်နေသည့် စက်ရုံပေါင်း ရှစ်ခုရှိကာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ၉ဝ
ရာခိုင်နှုန်းနှင့် ပြည်တွင်းနှင့် ဖက်စပ်ရင်းနှီးမြှုပ်နှံသူများ ပါဝင်ကြောင်း မန္တလေး-မြို့သာစက်မှုဥယျာဉ်တည်ဆောက်ရေးစီမံကိန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းထွန်းအောင်က ပြောသည်။

''တည်ဆောက်ဆဲနဲ့ လည်ပတ်နေတဲ့ စက်ရုံပေါင်း ခုနစ်ခုရှိပါတယ်၊ ဒီဇန်နဝါရီ၁၆ ရက်မှာ စီမံကိန်းလုပ်ငန်းတွေစတင်လုပ်ဆောင်တဲ့ မန္တလေး-ပေါင်ဆန်း-မြို့သာစက်ရုံစီမံကိန်းနဲ့ဆိုရင် စီမံကိန်းကုမ္ပဏီပေါင်း ရှစ်ခုရှိသွားပါပြီ၊ ဒါ့အပြင် လက်ရှိကျွန်တော်တို့ဆီမှာ မြေဧက ၂ဝ လောက်ယူထားပြီး ဒီဇိုင်းဆွဲနေတဲ့ တခြားစက်ရုံ နှစ်ရုံ၊ သုံးရုံရှိပါတယ်၊ အဲ့ဒီစက်ရုံတွေက မော်တော်ကား တပ်ဆင် ထုတ်လုပ်တဲ့ စက်ရုံဖြစ်ပြီး လာမယ့် မတ်၊ ဧပြီလောက်မှာ တည်ဆောက်ရေး လုပ်ငန်းစတင်မှာပါ၊ နောက်တစ်ခုက အမှိုက်ကနေပြန်ထုတ်မယ့် စက်ရုံတွေပါပဲ၊ ဂျပန်နိုင်ငံကလာပြီးလုပ်မှာပါ၊ ဒီဇိုင်းဆွဲနေတဲ့အဆင့်ရှိနေပါပြီ''ဟု ၄င်းက ပြောသည်။

၎င်းစက်မှုဥယျာဉ်တွင် ရင်းနှီးမြှုပ်နှံ၍ တည်ဆောက်ဆဲနှင့် လုပ်ငန်းလည်
ပတ်နေသည့်စက်ရုံများအနေဖြင့် နယ်သာလန်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံသည့် တိရစ္ဆာန် အစာစပ်စက်ရုံများ၊ ထိုင်းနိုင်ငံနှင့် ပြည်တွင်းမှ ဖက်စပ်
ရင်းနှီးမြှုပ်နှံသည့် ကွန်ကရစ်ထုတ်လုပ်သည့် စက်ရုံ၊ ယူနန်ပြည်နယ်နှင့် ပြည်တွင်း ဖက်စပ်လုပ်ကိုင်သည့် ဘီစကွတ်စက်ရုံ၊ ဟောင်ကောင်၊ အိန္ဒိယနှင့် ပြည်တွင်း ဖက်စပ်လုပ်ကိုင်သည့် အထပ်သားထုတ်လုပ်သည့်စက်ရုံစသည်တို့ ဖြစ်ကြပြီး ယခုဇန်နဝါရီ ၁၆ ရက်တွင် စီမံကိန်းစတင်ဆောင်ရွက်သည့် တရုတ်နိုင်ငံ ပေါင်ဆန်းပြည်နယ်ခွဲမှ လာရောက်၍ ရင်းနှီးမြှုပ်နှံသော စက်ရုံစီမံကိန်းတွင် ဦးထုပ်စက်ရုံ၊ အထည်ချုပ်စက်ရုံ၊ အီလက်ထရွန်နစ်ပစ္စည်းများနှင့် သေတ္တာထုတ်လုပ်သည့် စက်ရုံများပါဝင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မန္တလေး-မြို့သာ စက်မှုဥယျာဉ်တည်ဆောက်ရေးစီမံကိန်း
တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၅ဝဝ ကျော်
ရှိသည့်အနက် မန္တလေး-ပေါင်ဆန်း-မြို့သာ ကုမ္ပဏီက ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာ သန်း ၃၉ဝ ကျော်ရှိပြီး ၄င်းဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်း ဧရိယာမှာ ဧက ၃၁၃ ဒသမ ၇၅ ကျယ်ဝန်းပြီး ပထမလုပ်ငန်းစဉ်အဖြစ် မျက်နှာပြင် ဧရိယာ ဧက ၅ဝ ပေါ်တွင် စက်ရုံများ၊ ဝန်ထမ်းအိမ်ရာများကို တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

Credit: The Mirror

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

Shwe Moe Kaung
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service