လယ်မြေဧကနှစ်သောင်းကျော်သို့ ကျပ်ငါးဘီလီယံကျော် ထုတ်ချေးမည်

လယ်မြေဧကနှစ်သောင်းကျော်သို့ ကျပ်ငါးဘီလီယံကျော် ထုတ်ချေးမည် - Property News in Myanmar from iMyanmarHouse.com
19 Jan 2018 10:40 am တွင် တင်ခဲ့သည်
6175 ကြိမ် ကြည့်ရှု့ပြီး
လယ်မြေဧကနှစ် သောင်းကျော်ကို လယ်ယာမြေ အဆင့်မြှင့်တင်ရန် ယခုနှစ်ဇန်န၀ါ ရီမှ မတ်လအတွင်း ကျပ်ငါးဘီလီ ယံကျော် ထုတ်ချေးမည်ဟု သမ၀ါယမဦးစီးဌာန ညွှန်ကြားရေးမှူးဦးမျိုးအောင်က ပြောသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်အ တွင်း လယ်ယာမြေဧကနှစ် သောင်းကိုးထောင်ကျော်ကို အဆင့်မြှင့်တင်ရန် ကျပ်ရှစ်ဘီလီယံ ကျော် ချေးငွေပေးရန် သမ၀ါယမ ဦးစီးဌာနက လျာထားသည်။ ယခု အချိန်ထိ လယ်ယာမြေကိုးထောင် ကျော်ကို ချေးငွေသုံးဘီလီယံခန့် ထုတ်ပေးပြီးဖြစ်ကြောင်း သမ၀ါ ယမဦးစီးဌာနမှတ်တမ်းများတွင် ဖော်ပြထားသည်။

‘‘သမ၀ါယမ အသင်းဝင် တောင်သူအများစုက ပွင့်လင်း ရာသီရောက်မှ မြေယာပြုပြင်ကြ မှာပါ။ သက်ဆိုင်ရာတိုင်းနဲ့ ပြည် နယ်အလိုက်ချေးငွေတွေကိုထုတ် ချေးပေးသွားမှာပါ။ သုံးလအ တွင်းဧက နှစ်သောင်းကျော်ကို ချေးငွေအပြီးပေးသွားမှာပါ’’ ဟု ဦးမျိုးအောင်က ပြောသည်။

လယ်ယာမြေ အဆင့်မြှင့် တင်မှုတွင် ချေးငွေအမျိုးအစား သုံးမျိုးသတ်မှတ်ထားပြီး ပထမ တန်းစားအတွက် ထုတ်ချေးငွေ ပမာဏကျပ်ခြောက်သိန်းမှ ၁၂ သိန်းအထိကို ချေးငွေကာလ သုံးနှစ်မှ ငါးနှစ်အထိသတ်မှတ် ထားပြီး ဒုတိယတန်းစားအတွက် ကျပ်သုံးသိန်းနှင့် တတိယတန်း စားအတွက် ကျပ်နှစ်သိန်းကို ချေး ငွေကာလသုံးနှစ်သတ်မှတ်ထား ကြောင်း သမ၀ါယမဦးစီးဌာနစာ ရင်းများတွင် ဖော်ပြထားသည်။

သမ၀ါယမ ဦးစီးဌာနက ချေးပေးနေသည့် ချေးငွေအမျိုးအ စားများသည်အသင်းသားအိမ် ထောင်စုများ ချေးငွေ၊ လယ်ယာ သုံးပစ္စည်းဝယ်ယူလိုမှု ချေးငွေ၊ လယ်ယာအဆင့်မြှင့်တင်မှုချေးငွေတို့ ဖြစ်သည်။

ချေးငွေ အတိုးနှုန်းကို တစ် ကျပ်ခွဲသတ်မှတ်ထားပြီး တစ်လတစ်ကြိမ်အရင်းဆပ်ရကာ ကျန်ငွေပေါ်တွင် အတိုးနှုန်းသတ်မှတ် ခြင်းဖြစ်သည်။

သမ၀ါယမအသင်းများကို နေပြည်တော်ကောင်စီအပါအ၀င် တိုင်းဒေသကြီး၊ ပြည်နယ် ၁၅ ခုရှိ မြို့နယ် ၃၀၇ မြို့နယ်ဖြင့် ဖွဲ့စည်းထားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

CarsDB Showroom Opening
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service