မန္တလေးမြို့ရှိ နေအိမ်စာရင်းများ ပြန်လည် ကောက်ယူ၍ အိမ်ခွန် ကောက်ခံမည်

မန္တလေးမြို့ရှိ နေအိမ်စာရင်းများ ပြန်လည် ကောက်ယူ၍ အိမ်ခွန် ကောက်ခံမည် - Property News in Myanmar from iMyanmarHouse.com
19 Jan 2018 10:07 am တွင် တင်ခဲ့သည်
6942 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးမြို့တောစည်ပင်သာယာရေး ကော်မတီ နယ်နိမိတ် အတွင်းရှိ နေအိမ်စာရင်းများကို ပြန်လည် ကောက်ယူ၍ အိမ်ခွန်များ ကောက်ခံသွားမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီမှ သိရသည်။

မန္တလေးရှိ နေအိမ်အများစုမှာ ယခုအခါ ပြောင်းလဲ ဆောက်လုပ်ထားကြပြီး အခွန် ပေးဆောင်ရာတွင် ယခင်ပြောင်းလဲ ဆောက်လုပ်ခြင်း မပြုခင်က နှုန်းထားများဖြင့်သာ ပေးဆောင် နေကြသည့်အတွက် အခွန်များ ဆုံးရှုံးမှု ရှိနေကာ အခွန်စံနှုန်းပြည့်မီစွာ ကောက်ခံနိုင်ရေး အတွက် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“နေအိမ်စာရင်း ကောက်တာက စတင်ကောက်ခံနေပြီ ဖြစ်ပါတယ်၊ နောက်လလောက်ကစပြီး လူအင်အားတိုးချဲ့ ဖြည့်တင်း ပြီး ဆက်လက် ကောက်ခံသွားဖို့ ရှိတယ်။ ကြားဘတ်ဂျတ် ၆လတာ ကာလအတွင်းမှာ အပြီးကောက်ခံ သွားပါမယ်” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောသည်။

မန္တလေးမြို့တော် စည်ပင် အနေဖြင့် စည်ပင်နယ်နိမိတ် အတွင်းရှိ နေအိမ်များ အခွန် ကောက်ခံရာတွင် ခြောက်လ လျှင် တကြိမ် ကောက်ခံနေခြင်းဖြစ်ရာ တကြိမ်နှင့်တကြိမ် ကောက်ခံမှုကြား၌ နေအိမ်တချို့သည် ပြင်ဆင်ခြင်း၊ အသစ် တည်ဆောက်ခြင်း များကို ခွင့်ပြုချက် မယူဘဲ ပြုလုပ်နေကြသည့် အတွက် သတ်မှတ်အခွန် စနှုန်းအတိုင်း ပြည့်မီစွာ မရ ကြောင်း သိရသည်။

စည်ပင် နယ်နိမိတ် အတွင်း၌ အဆောက်အအုံများ ပြောင်းလဲဆောက်လုပ်ရာတွင် ခွင့်ပြုချက်ယူ၍ ဆောက်လုပ်ရမည် ဖြစ်သော်လည်း မိမိသေဘောဆန္ဒဖြင့် လုပ်ဆောင်ခြင်း၊ မူလပိုင်ရှင် ထံမှတဆင့် ပြန်လည်ဝယ်ယူ၍ အိမ်များကို ပြောင်းလဲ ဆောက်လုပ်ကြသော်လည်း အမည်ပေါက် ပြောင်းလဲခြင်း မပြုလုပ်ကြသည့် အတွက်ကြောင့်လည်း အခွန်များ အလို အလျောက် ဆုံးရှုံးနေကြောင်း သိရသည်။

“မူလစာရင်းက နံကပ်အိမ် ဆောက်ထားပေမယ့် သွားကောက်တဲ့ အချိန်မှာ အာရ်စီတိုက် ဖြစ်နေတာမျိုးတွေ တွေ့ရတယ်။ အခွန်ဆောင်တဲ့အခါ နံကပ်အိမ်နဲ့ ပေးဆောင်ကြတယ်၊ ဒါကြောင့် သတ်မှတ်ထားတဲ့ အခွန်နှုန်းအတိုင်း ကောက်ခံနိုင်ဖို့ အတွက်က မြေပြင် နေအိမ်စာရင်း အမှန်ရဖို့ လိုပါတယ်။ အိမ်ခွန် နှုန်းထားတွေကို တိုးမြှင့်ပြီးကောက်ခံမှာ မဟုတ်ပါဘူး။ လက်ရှိ သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်းပဲ ဆက်ကောက် သွားမှာပါ”ဟု ဦးကျော်ဇောအောင်က ပြောသည်။

စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ် အတွင်းရှိ နေအိမ်များအား အိမ်ခွန် ကောက်ခံခြင်းကို မန္တလေးမြို့တော်စည်ပင် သာယာရေး ကော်မတီ၊ အခွန်ဌာနမှ ကောက်ခံခြင်း ဖြစ်ပြီး အဆိုပါ အခွန်များကို ကောက်ခံရသည့် ဝန်ထမ်း အားနည်းခြင်း နှင့်အတူ စည်းကြပ်မှု အားနည်းခြင်းများကြောင့်လည်း ပြောင်းလဲ ဆောက်လုပ်ထားသည့်အတိုင်း အခွန်ပေးဆော်မှု အလွန် နည်းပါးကြကြောင်း သိရသည်။

“လောလောဆယ် အခြေအနေက သက်ဆိုင်ရာမြို့နယ် တာဝန်ခံများဆီကနေ စာရင်းရှိနဲ့ မြေမြင်ကိုက်ညီမှု မရှိတာတွေကို ကောက်နေပါပြီ။ အားလုံးကို အမြန်ဆုံး ပြီးစီးအောင် ကောက်ခံသွားမှာပါ။ မန္တလေးမြို့တော်ကြီး သာယာလှပဖို့ အတွက် ဆိုရင် အားလုံးက ဝိုင်းဝန်းမှသာ ဖြစ်လာမှာပါ”ဟု ဦးကျော်ဇောအောင်က ဆက်လက် ပြောသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက နေအိမ်များကို နံကပ်အိမ်၊ အာရ်စီတိုက် စသည်ဖြင့် အမျိုးအစား အလိုက်၊ လမ်းကျဉ်း၊ လမ်းကျယ်၊ လမ်းမကြီး စသည်ဖြင့် နေရာအလိုက် အခွန်နှုန်းထားများကို သတ်မှတ်ထားပြီး စည်ပင် သာယာရေး ကော်မတီ နယ်နိမိတ် အတွင်းရှိ မြို့နယ် ၆ ခုအတွင်း၌ နံကပ်အိမ်မှ အာရ်စီ တိုက်များ အဖြစ်သို့ ပြောင်းလဲ ဆောက် လုပ်ထားသော်လည်း စည်ပင်သို့ အခွန်ပေးဆောင်ရာတွင် နံကပ်အိမ် အတွက် သတ်မှတ်ထားသည့် နှုန်းထားများ အတိုင်းသာ ပေးဆောင်နေသည့် အိမ်ပေါင်း တထောင် ကျော် ရှိနေသဖြင့် အခွန်ငွေ ကျပ် သိန်းပေါင်း တထောင်ခန့် နှစ်စဉ် ဆုံးရှုံးလျက် ရှိကြောင်း သိရသည်။

Credit: The irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

CarsDB Showroom Opening
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service