အိမ်ခြံမြေကဏ္ဍသည်လည်း ၂ဝ၁၈ခုနှစ်အတွင်း နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ အလားအလာကောင်းများရှိနေ

အိမ်ခြံမြေကဏ္ဍသည်လည်း ၂ဝ၁၈ခုနှစ်အတွင်း နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ အလားအလာကောင်းများရှိနေ - Property News in Myanmar from iMyanmarHouse.com
19 Jan 2018 9:50 am တွင် တင်ခဲ့သည်
3050 ကြိမ် ကြည့်ရှု့ပြီး
၂ဝ၁၈ခုနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအလားအလာအကောင်းဆုံးကဏ္ဍများအဖြစ် အိမ်ခြံမြေကဏ္ဍ၊ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊စားသောက်ကုန်လုပ်ငန်းများ၊နှင့်ဆက်သွယ်ရေးကဏ္ဍတို့တွင် ဝင်ရောက်မြှုပ်နှံရန်အတွက် နိုင်ငံတကာမှ လုပ်ငန်းရှင်များမှ စိတ်ဝင်စားမှုမြင့်တက်နေကြောင်း မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)အတွင်းရေးမှူးမှ ပြောကြားကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်လျှင် ကုန်ထုတ်လုပ်မှုကဏ္ဍသည် စိတ်ဝင်စားမှုအများဆုံးဖြစ်နေသည်။အထူးသဖြင့် အလုပ်သမားအများအပြားခန့်နိုင်သည့် လုပ်ငန်းများကို MIC အနေနှင့် Promote လုပ်နေကြောင်း သိရသည်။အဓိက မှာ Low Technology နှင့် Labour Intensive အား အဓိက လုပ်နေခြင်းဖြစ်သည်။

Food Processing နှင့်ပတ်သက်ပြီးအလားအလာအများကြီးကောင်းလာနိုင်ပြီး ACE ၏အကျိုးဆက်များပင်။ထို့ကြောင့် Food Processing ကဏ္ဍတွင် ပို၍အားကောင်းလာသည်။

ဆက်၍အားကောင်းလာနိုင်သည့် ကဏ္ဍမှာ အိမ်ခြံမြေကဏ္ဍနှင့် တယ်လီကွန်းဆက်သွယ်ရေးကဏ္ဍတို့ဖြစ်သည်။

ကုမ္ပဏီဥပဒေသစ်ကြောင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှ ငွေများစီးဝင်လာခြင်း၊ကွန်ဒိုမီနီယံနှင့် ပတ်သက်သည့် နည်းဥပဒေထွက်ရှိလာခြင်းကြောင့် ကာလအတန်ကြာအေးစက်နေသည့်အိမ်ခြံမြေဈေးကွက်ပြန်လည်လှုပ်ခတ်လာနိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့်၂ဝ၁၇ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုတွင် ဆက်သွယ်ရေးကဏ္ဍမှာအများဆုံးဝင်ရောက်ခဲ့ခြင်းဖြစ်စပြီး၂ဝ၁၈ခုနှစ်အတွင်းတွင်လည်း တယ်လီကွန်းဆက်သွယ်ရေးနှင့် ဆက်သွယ်ရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆက်လက်အားကောင်းနေမည်ဖြစ်ကြောင်း သိရသည်။

၂ဝ၁၈ခုနှစ်အတွင်း မြန်မာနိုင်ငံ၏နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအလားအလာရှုထောင့်မှ ကြည့်ပါက ကောင်းလာနိုင်သည့် အချက်များရှိသကဲ့သို့ ဆိုးလာနိုင်သည့်အချက်များလည်းရှိကြောင်း သို့သော်လည်းကောင်းသည့်အချက်မှာ ပိုများသည်ဟုသိရသည်။

ရခိုင်ပြည်နယ် မောင်တောဒေသဖြစ်စဉ်များကြောင့်မြန်မာနိုင်ငံနှင့် အီးယူနိုင်ငံများအကြား နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုအကာအကွယ်ပေးရေး စာချုပ်ချူပ်ဆိုရန်အတွက် အီးယူဘက်မှရပ်ဆိုင်းလိုက်သဖြင့် ၂ဝ၁၈ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်းသို့အနောက်နိုင်ငံ များ၏ရင်းနှီးမြှုပ်နှံမှုများအလုံးအရင်းနှင့် ဝင်ရောက်လာရန် မျှော်မှန်း၍မရကြောင်း သိရသည်။

ယခုအချိန်တွင် မြန်မာနိုင်ငံတွင် နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားမှုမြင့်တက်နေပြီး အထူးသဖြင့် အာဆီယံနိုင်ံများ၊ဂျပန်နှင့် တရုတ်နိုင်ငံတို့မှ အဓိက စိတ်ဝင်စားမှု မြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်ဒီဇင်ဘာတတိယပတ်အထိ မြန်မာနိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုတိုးမြင့်ခြင်းအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ငါးဘီလျံကျော်ဝင်ရောက်ထားပြီး စင်ကာပူနိုင်ငံသည်အများဆုံးဝင်ရောက်မြှုပ်နှံထားကြောင်း သိရသည်။

Credit :Daily Eleven

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

Shwe Moe Kaung
CarsDB Showroom Opening

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service