စစ်ကိုင်းတန်ဖိုးနည်းတိုက်ခန်းများတွင် နေထိုင်ခွင့် လာမည့်လ မဲနှိုက်မည်

စစ်ကိုင်းတန်ဖိုးနည်းတိုက်ခန်းများတွင် နေထိုင်ခွင့် လာမည့်လ မဲနှိုက်မည် - Property News in Myanmar from iMyanmarHouse.com
18 Jan 2018 11:41 am တွင် တင်ခဲ့သည်
6413 ကြိမ် ကြည့်ရှု့ပြီး
စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရားအနီးတွင် တည်ဆောက်နေသည့်တန်ဖိုးနည်းတိုက်ခန်းများတွင် နေထိုင်ခွင့်ကိုလာမည့်ဖေဖော်ဝါရီလတွင် မဲနှိုက်ချထားပေး
မည်ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်
ဦးစီးမှူးဦးဇော်မင်းဌေးက ယခုလ ဒုတိယပတ်က ပြောသည်။

'' လာမယ့်လမှာ မဲနှိုက်ချထားပေးမှာဖြစ်ပါတယ်။ မဲနှိုက်ပြီး မကြာခင်အချိန်မှာ မဲပေါက်တဲ့ သူတွေအနေနဲ့ တက်ရောက်နေထိုင်ခွင့်ရမှာပါ။ အဓိကရည်ရွယ်တာက အိမ်မရှိ၊ဝင်းမရှိ၊ ဝင်ငွေနည်းတဲ့သူတွေနဲ့ အစိုးရဝန်ထမ်း လုပ်သက် ၂၅ နှစ်ရှိ ဝန်ထမ်းများနဲ့အငြိမ်းစားတွေ အတွက်ပါ ''ဟု ၄င်းက ပြောသည်။

မန္တလေး-မုံရွာကားလမ်းဘေးရှိ နွားပွဲဈေးအနီးရှိ အဆိုပါတန်းဖိုးနည်း အငှားတိုက်ခန်းများကို စစ်ကိုင်းမြို့နယ်စည်ပင်သာယာပိုင်မြေပေါ်တွင် တိုင်းဒေသကြီးအစိုးရဘဏ္ဍာငွေဖြင့် ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လက စတင်တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

'' ကျွန်တော်တို့လည်းလျှောက်ထားပါတယ်။ လျှောက်လွှာခေါ်တော့ အိမ်မရှိတဲ့လူတွေအတွက်ဆိုတာနဲ့ လျှောက်ဖြစ်သွားတာပါ။ ပေါက်မယ်လို့ မျှော်လင့်တယ်။ အပြင်မှာအိမ်ငှားနေရင် ကိုယ့်ရတဲ့ တစ်နေ့လုပ်အားခနဲ့ ဘယ်လိုမှမလောက်ဘူး ''ဟု စစ်ကိုင်းမြို့မဈေးတွင် ကုန်တင်ကုန်ချ လုပ်ကိုင်သည့် ဦးသိန်းလှိုင်က ပြောသည်။

အဆိုပါအငှားတိုက်ခန်းများကို တစ်လလျှင် ကျပ် နှစ်သောင်းမှ ကျပ်သုံးသောင်းနှုန်းဖြင့် ငှားရမ်းမည်ဖြစ်ပြီး ယခုလ ဒုတိယပတ်ထိ လာရောက်လျှောက်ထားသူဦးရေ ၃၅ဝ ကျော်ပြီဖြစ် ကြောင်း ဦးစီးမှူးထံမှသိရသည်။

အဆိုပါတန်ဖိုးနည်းအငှားတိုက်ခန်း၏ အိမ်ရာပုံစံကို ၁၂ ခန်းတွဲပါ အထပ်လေးထပ်ရှိ အဆောက်အအုံအဖြစ် တည်ဆောက်ထားပြီ ပုံစံတူအဆောက်အအုံနှစ်လုံးရှိသည်။ စုစုပေါင်း အခန်းအရေအတွက်မှာ ၉၆ ခန်းရှိကာ တစ်ခန်းလျှင် အနံ ၁၈ ပေ အလျား ၂၅ ပေ ကျယ်ဝန်းပြီး အခန်းတိုင်းတွင် ရေနှင့်မီး အပြည့်အစုံပါဝင်ကြောင်း ဦးစီးမှူး ဦးဇော်မင်းဌေးထံမှ သိရသည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

CarsDB Showroom Opening
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service