မောင်တောမှာကိုယ်ပိုင်အစီအစဉ်နဲ့ အိမ်နဲ့မြေနေရာချထားပေးနေတဲ့ စီအာရ်အာရ်

မောင်တောမှာကိုယ်ပိုင်အစီအစဉ်နဲ့ အိမ်နဲ့မြေနေရာချထားပေးနေတဲ့ စီအာရ်အာရ် - Property News in Myanmar from iMyanmarHouse.com
18 Jan 2018 11:20 am တွင် တင်ခဲ့သည်
6424 ကြိမ် ကြည့်ရှု့ပြီး
ရခိုင်ပြည်နယ် မောင်တောဒေသတောင်ပိုင်းမှာ အစိုးရရဲ့ အစီအစဉ်နဲ့မဟုတ်ဘဲ ပုဂ္ဂလိကအစီအစဉ်နဲ့ ပြန်လည်နေရာချထားရေး အစီအစဉ်တစ်ခုကို အနောက်ဘက် နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်တည်ဆောက်ရေး အထောက်အကူပြုကော်မတီ (Committee for Reconstruction in Rakhine CRR) ဆိုတဲ့ အဖွဲ့အစည်းတစ်ခုက ဦးဆောင်ပြီးလုပ်ကိုင်လျက်ရှိသည်။

ယခင်က မောင်တောဒေသတွင် နေထိုင်ဖူးပြီး အကြောင်းအမျိုးမျိုးကြောင့် အခြားနေရာဒေသသို့ ပြောင်းရွှေ့သွားသူ များကို မောင်တောဒေသတွင် ပြန်လည်အခြေချနေထိုင်လိုပါက ၄င်းတို့က ကူညီနေရာချထားပေးနေခြင်းဖြစ်သည်ဟု ဆိုသည်။

စီအာရ်အာရ်အဖွဲ့သည် စစ်တွေမြို့ခံ မြို့မိမြို့ဖများက ဦးဆောင်သည့်အဖွဲ့ဖြစ်ပြီး မြို့ခံလုပ်ငန်းရှင်များ၏ အလှူငွေကျပ်သိန်း ၅ဝဝ ဖြင့် ပြီးခဲ့သော စက်တင်ဘာလက စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုဒေသတွင် ပြောင်းရွှေ့နေထိုင်လိုသူများသည် ကော်မတီက သတ်မှတ်ထားသော ပုံစံတွင်ဖြည့်ပြီး အဆိုပြု တင်ပြရမည်ဖြစ်ကာ အိမ်ထောင်စုစာရင်းများကို တိုက်ဆိုင် ကြည့်ရှုကာ မူလနေထိုင်ခဲ့ဖူးသူများကိုသာ နေရာချထားပေးခြင်းဖြစ်ကြောင်း ယင်းကော်မတီ ဒုတိယဥက္ကဠ ဦးခင်မောင်ကြီးက ပြောသည်။

နေထိုင်လိုကြောင်း အဆိုပြုသူများသည် အသက်မွေးဝမ်းကျောင်း ပြုနိုင်သော လုပ်ငန်းများကိုပါ ဖော်ပြရမည်ဖြစ်ပြီး ရုတ်တရက် ပြောင်းရွှေ့လာသူများကို ခုနစ်ရက်မှ ၁ဝ ရက်အတွင်း စားနပ်ရိက္ခာထောက်ပံ့ပေးပြီး နောက်ပိုင်း စားသောက်စရိတ်ကို မိမိတို့အစီအစဉ်ဖြင့် ရှာဖွေ စားသောက်ရမည်ဟု ဦးခင်မောင်ကြီးက ဆိုသည်။

''ကျွန်တော်တို့အနေနဲ့ အစိုးရနဲ့ပတ်သက်တဲ့ မြေယာနဲ့ ဘင်္ဂါလီတွေနဲ့ ပတ်သက်တဲ့ မြေယာတွေကို လုံးဝကိုင်တွယ်ထိတွေ့ခြင်းမရှိပါဘူး။ နဂိုရှိပြီးသား တိုင်းရင်းသားတွေရဲ့ မြေယာတွေကို လာလှူဒါန်းကြတာ ရှိပါတယ်။ အဲဒီမြေယာတွေအပေါ်မှာပဲ အခြေချနေထိုင်ခွင့် ပေးထားတာပဲ ဖြစ်ပါတယ်''ဟု ဦးခင်မောင်ကြီးက ဆိုသည်။

ရှာဖွေစားသောက်ရန် ရေလုပ်ငန်း လုပ်ကိုင်လိုသူများကို ရေလုပ်ငန်းနှင့် သက်ဆိုင်သည့် ပစ္စည်းများ၊ လယ်ယာလုပ်ငန်းလုပ်ကိုင်လိုသူကို ဒေသခံ တိုင်းရင်းသား လယ်ပိုင်ရှင်များနှင့် ညှိနှိုင်းပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နိုင်ရန် စီစဉ်ပေးထားကြောင်းလည်း ၄င်းက ဆိုသည်။

လက်ရှိတွင် သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာမှ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာသို့ ပြန်လည်ပြောင်းရွှေ့လိုသော အိမ်ထောင်စု ၁၇ စုကို လုံးချင်း အိမ်များ ဆောက်လုပ်နေရာချထားပေးပြီး ဖြစ်ကြောင်းလည်း ယင်းအဖွဲ့က ပြောသည်။

''ငါးဖမ်းလှေတစ်စီးကို တစ်ယူနစ်လို့ သတ်မှတ်ပြီး အဲဒီတစ်ယူနစ်မှာ စက်တပ်ပေးတယ်၊ ပိုက်၊ လှေနဲ့ တခြားလိုအပ်တဲ့ ပစ္စည်းကိရိယာတွေ ထောက်ပံ့ပေးပြီး တစ်ယူနစ်ကို မိသားစုသုံးစုကနေ ငါးစု လုပ်ကိုင်စားသောက်ဖို့ စီစဉ်ပေးပါတယ်''ဟု ဦးခင်မောင်ကြီးကဆိုသည်။

လက်ရှိတွင် ရေလုပ်ငန်းလုပ်ကိုင်ရန်အတွက် ကဏန်းထောင်သည့်မြုံး ၇ဝဝ ကို ထောက်ပံ့ပေးထားပြီး လယ်ယာလုပ်ငန်းလုပ်ကိုင်ရန်အတွက် လက်တွန်းရိတ်စက် ရှစ်စီး၊ ခြွေလှေ့စက်၊ ကူဘိုတာနှစ်စီးထောက်ပံ့ထားပြီး မရိတ်သိမ်းရသေးသော ဒေသခံတိုင်းရင်းသားလယ်များကို ရိတ်သိမ်းပေးနေကြောင်းလည်း ၄င်းက ဆိုသည်။

အိမ်တစ်အိမ်ကို ငွေကျပ်ခြောက်သိန်းနှုန်းဖြင့် လက်ရှိတွင် အိမ် ၂၅ လုံးကို ရသေ့တောင်မြို့နယ် ကိုးတန်ကောက် ကျေးရွာတွင် ဆောက်ပေးပြီးဖြစ်ကာ နောက်ထပ် ရွှေ့ပြောင်းလာမည့်သူများအတွက် အခြေစိုက်စခန်းကို မောင်တောမြို့နယ်တောင်ပိုင်းရှိ အင်းဒင်ကျေးရွာတွင်တည်ဆောက် ပေးမည်ဖြစ် ကြောင်း အဖွဲ့၏အတွင်းရေးမှူး ဦးသန်းထွန်းက ပြောသည်။''မီးလောင်မြေတွေက အစိုးရရဲ့ စီမံခန့်ခွဲမှုအောက်မှာရှိတဲ့အတွက် ခွင့်ပြုချက်မရဘဲ ကျွန်တော်တို့မသုံးပါဘူး။ အင်းဒင်ရွာမှာတော့ ရွာကဆရာတော်နဲ့ရွာသားတွေ လှူထားတဲ့မြေတွေရှိတယ်၊ အဲဒီမြေမှာပဲ အိမ် ၁ဝ လုံးထပ် ဆောက်ပေးမှာပါ'' ဟု ဦးသန်းထွန်းက ပြောသည်။

စပါးများကိုရိတ်သိမ်းသည့်အခါ ဒေသခံတိုင်းရင်းသားများပိုင်သည့် လယ်မြေများကိုသာ ရိတ်သိမ်း ပေးနေခြင်းဖြစ်ကြောင်း၊ လက်ရှိနေရာချထားပေးပြီးသော အိမ်ထောင်စုများအတွက် အရေးပေါ် ကျန်းမာရေး၊ လူမှုရေး ကိစ္စများတွင် အသုံးပြုနိုင်ရန် သုံးဘီးဆိုင်ကယ်တစ်စီးထောက်ပံ့ပေးထားကာ ဆိုလာမီးအလှူရှင်များရှိသောကြောင့် အိမ်တိုင်းစေ့ဆိုလာမီးများ တပ်ဆင်ပေးထားပြီးဖြစ်ကြောင်းလည်း ၄င်းက ဆိုသည်။

ယခုကဲ့သို့ ဆောင်ရွက်နေရခြင်းမှာ ဒေသတွင်းတွင် တိုင်းရင်းသားများ ပြန်လည်အခြေချနေထိုင်လာပြီး နေထိုင်လာသူများ နေထိုင်စားသောက်မှု အဆင်ပြေစေရန် ကူညီပေးနေခြင်းဖြစ်ကြောင်း၊ ပညာရေး တစ်ပိုင်း တစ်စနှင့် ပြောင်းရွှေ့လာသော ကလေးငယ်များကိုလည်း ပြည်နယ်ပညာရေးမှူးနှင့် ညှိနှိုင်းပြီး ကိုးတန်ကောက်ရွာစာသင်ကျောင်းတွင် ကျောင်းထားပေးလျက်ရှိကြောင်းလည်း သိရသည်။

သို့သော်အငြင်းပွားဖွယ်တစ်ခုမှာ ''ကျွန်တော်တို့က မွတ်စလင်ဘာသာဝင်မဟုတ်သူတွေကိုပဲ လက်ခံနေရာချထားပေးသွားမှာပါ''ဟု ဦးသန်းထွန်းက ပြောခြင်းဖြစ်သည်။

အဖွဲ့အစည်း၏ ဘဏ္ဍာငွေသည် စစ်တွေမြို့ခံ လုပ်ငန်းရှင်များ၏ မတည်ငွေအပြင် ပြည်တွင်းပြည်ပမှ လာရောက်လှူဒါန်းသူများလည်းရှိကြောင်း၊ ပြည်တွင်းပြည်ပမှ အလှူရှင်များအတွက် ဘဏ်အကောင့်ဖွင့်ပြီး လက်ခံဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။

လက်ရှိနေရာချထားပေးသောနေရာများတွင် လုပ်ကိုင်ရှာဖွေစားသောက်ရန် ရေခံမြေခံကောင်းမွန် သော်လည်း လုံခြုံရေးအရ တောထဲသို့ ညအိပ်ညနေမသွားရဲခြင်း၊ ငါးဖမ်းထွက်ရာတွင်လည်း အဝေးသို့ မသွားရဲခြင်းတို့ကြောင့် စားဝတ်နေရေးမှာ ထင်သလောက် အဆင်မပြေကြောင်း သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာမှ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာသို့ ပြောင်းရွှေ့လာသူ ဦးလှသိန်းက ပြောသည်။

''အရင်တည်းက ရေလုပ်ငန်းပဲလုပ်ခဲ့တော့ အဲဒါအပြင်လည်း မလုပ်တတ်ဘူး၊ ညမထွက်ရအမိန့်တွေကလည်း မရုတ်သိမ်းသေးဘူး၊ အနီးအနားမှာလည်း ခဏခဏမိုင်းတွေတွေ့နေတော့ တစ်နေရာကနေ နောက်တစ်နေရာကို မသွားရဲဘူး''ဟု ဦးလှသိန်းက ဆိုသည်။

ရခိုင်ပြည်နယ် မောင်တောဒေသတွင် ပဋိပက္ခများဖြစ်ပွားပြီးနောက်ပိုင်း ဒေသဖွံ့ဖြိုးရေး ပြန်လည်နေရာချထားရေးကိစ္စရပ်များကို ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ၊ အခြားတိုင်းဒေသကြီး အစိုးရအဖွဲ့ များနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ပူးပေါင်း၍သော်လည်းကောင်း၊ တစ်သီးပုဂ္ဂလအနေဖြင့် သော်လည်းကောင်း လုပ်ဆောင်လျက်ရှိကြသည်။

အဆိုပါ အဖွဲ့များအနက် ယခု အနောက်ဘက်နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်တည်ဆောက်ရေး အထောက်အကူပြုကော်မတီသည်လည်း ပြန်လည်နေရာချထားရေး ကိစ္စရပ်များကို အစိုးရအကူအညီမယူဘဲ ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ယင်းတို့အဖွဲ့သည် အစိုးရကပူးပေါင်းကူညီလာပါကလည်း လက်တွဲလုပ်ဆောင်သွားရန် အစီအစဉ်ရှိကြောင်း အတွင်းရေးမှူးက ဆိုသည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
Royal Theikdi Condo
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service