မန္တလေးတွင် ဟိုတယ်၊ တည်းခိုရိပ်သာ လုပ်ငန်းလုပ်ကိုင်သူ တိုးလာ

မန္တလေးတွင် ဟိုတယ်၊ တည်းခိုရိပ်သာ လုပ်ငန်းလုပ်ကိုင်သူ တိုးလာ - Property News in Myanmar from iMyanmarHouse.com
18 Jan 2018 11:14 am တွင် တင်ခဲ့သည်
5783 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးတွင် ခရီးသွားကဏ္ဍတိုးတက်လာသည်နှင့်အမျှ ငါးနှစ်တာကာလအတွင်းဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်း လုပ်ကိုင်သူများ တစ်နှစ်ထက် တစ်နှစ်တိုးလာကြောင်း တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။

ထိုသို့ တိုးတက်လာခြင်းမှာ တိုင်းဒေသကြီးအတွင်းသို့ နိုင်ငံခြား ခရီးသွားဧည့်သည်နှင့် ပြည်တွင်း ခရီးသွား မြင့်တက်လာခြင်းကြောင့် ဖြစ်ကြောင်း တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက မြန်မာတိုင်း (မ်) ကို ယခုလ ၁ဝ ရက်တွင် ပြောသည်။

''တိုးလာတယ် ဆိုတာကလည်း ဈေးကွက်စီးပွားရေး လိုအပ်ချက်တွေ အရပေါ့။ ခရီးသွားကဏ္ဍတွေလည်း တဖြည်းဖြည်း တက်လာတာကြောင့်ပါ။ ခရီးသွားကဏ္ဍဆိုတာကလည်း နိုင်ငံခြားသားတင် တွက်လို့မရဘူး။ ပြည်တွင်း ခရီးသွားတွေလည်း ရှိတယ်။ လက်ရှိအခန်းအရေအတွက်နဲ့ ခရီးသွားဝင်ထွက်မှုအနေအထားအရတော့ လုံလောက်မှုရှိပါတယ်။ နောက် ကျွန်တော်ဌာန လုပ်ငန်းလိုင်စင်တွေနဲ့ ပတ်သက်ပြီး ဖြေလျှော့ပေးတာလေးတွေလည်း ရှိပါတယ်'' ဟု ဦးစန်းယုက ပြောသည်။

၂ဝ၁၆၁၇ ဘဏ္ဍာနှစ်က မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြားသားခရီးသွား ၃၈၅,ဝ၃၁ ဦး ဝင်ရောက်ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် (နိုဝင်ဘာလ အထိ) ၄၃၅,၂၈၈ ဦးအထိ ဝင်ရောက်ပြီး ဖြစ်ကာ ခရီးသွားဧည့်သည် အများဆုံးလာရောက်သည့် ကာလ မတိုင်ခင် ယမန်နှစ်ထက် နိုင်ငံခြားသား ပိုမို ဝင်ရောက်နေခြင်းဖြစ်ကြောင်း ဦးစန်းယုက ပြောသည်။

မန္တလေးတိုင်းတွင် ၂ဝ၁၇ ခုနှစ် (နိုဝင်ဘာလအထိ )ဟိုတယ် ၁၆၇ လုံး၊ တည်းခိုရိပ်သာ ၃၄ လုံး၊ ၂ဝ၁၆ ခုနှစ်တွင် ဟိုတယ် ၁၅၇ လုံး၊ တည်းခိုရိပ်သာ ၃၂ လုံး၊ ၂ဝ၁၅ ခုနှစ်တွင် ဟိုတယ် ၁၄၂ လုံး၊ တည်းခိုရိပ်သာ ၂၆ လုံး၊ ၂ဝ၁၄ ခုနှစ်တွင် ဟိုတယ် ၁၂၃ လုံး၊ တည်းခိုရိပ်သာ ၁၉ လုံး၊ ၂ဝ၁၃ ခုနှစ်တွင် ဟိုတယ် ၈၇ လုံး၊တည်းခိုရိပ်သာ ၁၃ လုံး ရှိကြောင်း ယင်းဌာန စာရင်းများအရ သိရသည်။

၂ဝ၁၇ ခုနှစ် (နိုဝင်ဘာလ အထိ) ဟိုတယ် ၇,၇၁၇ ခန်း၊ တည်းခိုရိပ်သာ ၅၉၂ ခန်း၊ ၂ဝ၁၆ ခုနှစ်တွင် ဟိုတယ် ၆,၉၉၃ ခန်း၊ တည်းခိုရိပ်သာ ၅၆၄ ခန်း၊ ၂ဝ၁၅ခုနှစ်တွင် ဟိုတယ် ၆,၃၃၂ ခန်း၊ တည်းခိုရိပ်သာ ၄၅၆ ခန်း၊ ၂ဝ၁၄ ခုနှစ်တွင် ဟိုတယ် ၅,၄၉၅ ခန်း၊ တည်းခိုရိပ်သာ ၃၁၄ ခန်း၊ ၂ဝ၁၃ ခုနှစ်တွင် ဟိုတယ် ၄ဝဝ၅ ခန်း၊ တည်းခိုရိပ်သာ ၂ဝ၆ ခန်းရှိသည်။

''ဟိုတယ် တစ်လုံးက အခန်းဆိုရင် ၂ဝ လောက်ပါရမယ်။ နောက် ကားပါကင် ပါရမယ်ပေါ့။ အဆောက်အအုံပြီးမှ လိုင်စင်က လာလျှောက်တာပေါ့။ အဲဒီတော့ အားလုံး ဌာနဆိုင်ရာတွေ ပေါင်းစပ်လုပ်ရတယ်။ ဥပမာ မီးသတ်ကလည်း သူအပိုင်းနဲ့ သူ စစ်ဆေးသလို အခွန်ဦးစီးကလည်း သူအပိုင်းနဲ့ သူဆောင်ရွက်ရတာလေးတွေ ရှိတာပေါ့'' ဟု ဦးစန်းယုက ပြောသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်း၊ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း (ပြည်တွင်း၊ ပြည်ပ)၊ ဧည့်လမ်းညွှန်လုပ်ငန်း စသည့် လုပ်ငန်းများအတွက် ဝန်ဆောင်စရိတ်များကိုလည်း ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလအတွင်းက လျှော့ချ ပြောင်းလဲသတ်မှတ်ခဲ့သည်။ ဟိုတယ်၊ ခရီးသွားလာရေး လုပ်ငန်းဆိုင်ရာ လုပ်ငန်းရှင်များက ပေးဆောင်ရန် သတ်မှတ်ထားသည့် လုပ်ငန်းလိုင်စင် ပျက်ဆီးခြင်း၊ ပျောက်ဆုံးခြင်း၊ ပိုင်ဆိုင်မှုပြောင်းခြင်း၊ လုပ်ငန်းလိုင်စင်ပြောင်းခြင်း၊ လုပ်ငန်းအမည်ပြောင်းလဲခြင်းနှင့် ကုမ္ပဏီအမည် ပြောင်းလဲခြင်း စသည့်ဝန်ဆောင်စရိတ်များ အတွက် လျှော့ချသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

''ဟိုတယ်အရေအတွက်နဲ့ အခန်းအရေအတွက်ကတော့ တိုးလာတယ်။ ဒါပေမဲ့ခက်နေတာက ဧည့်သည်က သိပ်မဝင်ဘူးပေါ့။ များသောအားဖြင့် ဟိုတယ်တွေက ပြည်တွင်း ခရီးသွားတွေကိုပဲ အားထားနေရသေးတယ်။ ဟိုတယ်လုပ်ငန်းကို တချို့ကလည်း တကယ်စိတ်ဝင်စားလို့ လုပ်တာရှိသလို တချို့ကလည်း ကိုယ်ပိုင်မြေကွက်လေးအပေါ် ငွေရင်းနှီးထားတဲ့သဘော လုပ်တာလေးတွေလည်း ရှိတာပေါ့။ အခက်အခဲကတော့ အခန်းတွေ များလာတယ်။ ဒါပေမဲ့ ကျွမ်းကျင်ဝန်ထမ်းကှားပါးနေသေးတယ်'' ဟု တိုင်းဒေသကြီး ဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဠ ဦးမြင့်အောင်က ပြောသည်။

ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်ရန် ဝန်ဆောင်မှုအပြိုင်အဆိုင်ပေးဆွဲဆောင်ကြရကြောင်း ဟိုတယ်လုပ်ငန်းရှင်များက ပြောသည်

တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန စာရင်းများအရ မန္တလေးတိုင်းအတွင်း ဟိုတယ်လုပ်ငန်း ဆောင်ရွက်သူများသည်ပြည်တွင်းလုပ်ငန်းရှင်များသာ ဖြစ်ပြီး၂ဝ၁၇၁၈ ခုနှစ်တွင် ဟိုတယ်ခရီးသွားကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ငါးခုရှိပြီး ယင်းအတွက် ကျပ်သန်းပေါင်း ၃ဝ,ဝဝဝ ကျော် ရှိသည်။

''ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာတော့ ဟိုတယ်ကဏ္ဍမှာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု မရှိခဲ့ဘူး။ မြန်မာနိုင်ငံသားတွေပဲ အများဆုံး ရင်းနှီးမြှုပ်နှံထားတယ်'' ဟုယင်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသိုက်ထွန်းက ပြောသည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service