ကနေဒါနိုင်ငံ၏ အကြီးဆုံးလူနေအိမ်ခြံမြေဈေးကွက်နှစ်ခုသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုအား Knight Frank ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ၏ မကြာသေးမီက ဆန်းစစ်ချက်သစ်တစ်ရပ်အရ ကနေဒါတွင် ဈေးကြီးသော အိမ်များကို နိုင်ငံသားများထက် နိုင်ငံခြားသားများက ပိုမိုပိုင်ဆိုင်ကြကြောင်း သိရသည်။
ကနေဒါနိုင်ငံ၏ အထင်ကရမြို့များဖြစ်သော ဗန်ကူးဗားနှင့် တိုရန်တိုမြို့တို့တွင် နိုင်ငံခြားသားများက ၎င်းတို့ရှိ နေအိမ်များ၏ ငါးရာခိုင်နှုန်းကိုသာ ပိုင်ဆိုင်သော်လည်း ယင်းအိမ်များသည် နိုင်ငံသားများ ပိုင်ဆိုင်သော အိမ်များထက် တန်ဖိုးပိုမိုမြင့်မားသည်။
ဗန်ကူးဗားနှင့် တိုရန်တိုသည် ကမ္ဘာ့လူချမ်းသာများအတွက် ဘေးကင်းလုံခြုံသော ဆိပ်ကမ်းအဖြစ် ယူဆခံရဆဲ ဖြစ်သည်။
ဗန်ကူးဗားတွင် နိုင်ငံခြားအိမ်ဝယ်လက်များအပေါ် အိမ်ခြံမြေ၀ယ်ခွန် ၁၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံခြင်းနှင့် တိုရန်တိုတွင် အလားတူအိမ်ခြံမြေ
စည်းမျဉ်းများ တင်းကျပ်ခဲ့ပြီးနောက် တစ်နှစ်ကျော်အကြာတွင် အထက်ပါတွေ့ရှိချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
တိုရန်တိုတွင် အိမ်ပိုင်ဆိုင်သော နိုင်ငံခြားသားတစ်ဦးသည် ကနေဒါဒေါ်လာ ၁ ဒသမ ၇ သန်း (အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်း၏) ပျမ်းမျှတန်ဖိုးရှိသော အိမ်တစ်အိမ်ကို ပိုင်ဆိုင်ပြီး ဗန်ကူးဗားတွင် အိမ်ပိုင်ဆိုင်သော နိုင်ငံခြားသားတစ်ဦးသည် ကနေဒါဒေါ်လာ ၂ ဒသမ ၅ သန်း ပျမ်းမျှတန်ဖိုးရှိသော အိမ်တစ်အိမ်ကို ပိုင်ဆိုင်သည်။
တိုရန်တိုတွင် နိုင်ငံသားများက ပိုင်ဆိုင်သော အိမ်တစ်အိမ်၏ ပျမ်းမျှတန်ဖိုးမှာမူ ကနေဒါဒေါ်လာ ၁ ဒသမ ၁ သန်း ရှိပြီး ဗန်ကူးဗားတွင် နိုင်ငံသားများက ပိုင်ဆိုင်သော အိမ်တစ်အိမ်၏ ပျမ်းမျှတန်ဖိုးမှာလည်း ကနေဒါဒေါ်လာ ၁ ဒသမ ၈ သန်း ဖြစ်သည်။
နိုင်ငံခြားသားများ အိမ်ဝယ်ယူမှုအား စည်းမျဉ်းတင်းကျပ်မှုများသည် ပြီးခဲ့သည့်နှစ်အတွင်း သက်ဝင်ထိရောက်ခဲ့ဖွယ်ရှိသော်လည်း ဗန်ကူးဗားအဆင့်မြင့်အိမ်ဈေးကွက်သည် ၂၀၁၈ ခုနှစ်တွင် ဈေးနှုန်း ၂ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းဖွယ်ရှိသည်ဟုလည်း Knight Frank က ခန့်မှန်းခဲ့သည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com