အသေးစား ကုမ္ပဏီများ မှတ်ပုံတင်ကြေး လျှော့ချရန် စီစဉ်နေ

အသေးစား ကုမ္ပဏီများ မှတ်ပုံတင်ကြေး လျှော့ချရန် စီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
18 Jan 2018 10:42 am တွင် တင်ခဲ့သည်
4910 ကြိမ် ကြည့်ရှု့ပြီး
ပြည်တွင်းရှိ အသေးစား ကုမ္ပဏီငယ်များကို ကုမ္ပဏီမှတ်ပုံတင်ကြေး လျှော့ချ ကောက်ခံသွားမည် ဖြစ်ကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA)မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။

ဦးအောင်နိုင်ဦးက “အသေးစားကုမ္ပဏီတွေက အကြီးစား ကုမ္ပဏီကြီးများကဲ့သို့ နှစ်စဉ် နှစ်ပတ်လည် အထွေထွေ အစည်းအဝေး ခေါ်စရာမလိုတာက တချက်၊ ပြီးတော့ ဖိုင်နယ်စာရင်းစစ်က အသေးစားဆို ကျပ် ၁၀ သိန်းလောက် ကုန်တယ်။ ဒါကို ကျနော်တို့ ဥပဒေသစ်အရ ဖြေလျှော့ပေးမယ်။ ကုမ္ပဏီ မှတ်ပုံတင်ကြေးကို လျှော့ပေးဖို့ ရှိတယ်။ ကုန်ကျစရိတ် သက်သာအောင် လုပ်တဲ့အပိုင်းပဲ ဖြစ်ပါတယ်”ဟုလည်း ပြောပြသည်။ဇန်နဝါရီလ ၁၃ ရက်နေ့က ရန်ကုန်မြို့ရှိ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်း ချုပ် (UMFCCI)တွင် ပြုလုပ်သော မြန်မာ့စီးပွားရေး ဖြတ်သန်းမှု – ဒဿနအမြင်၊ မူဝါဒ နှင့် လက်တွေ့ ကျင့်သုံးခြင်း ဆွေးနွေးပွဲ၌ ၎င်းက ပြောကြားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ ဥပဒေအရ အသေးစား ကုမ္ပဏီလေးများကို ခွဲခြားပြီးလျှင် ကုမ္ပဏီကြီးလျှင် မှတ်ပုံတင်ကြေး တမျိုးနှင့် အသေးစား ကုမ္ပဏီလေးများကို သုံးပုံတပုံ လျှော့၍ ကောက်ခံသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက“လျှော့ချပေးမယ့် အသေးစား ကုမ္ပဏီလေးတွေအတွက် မှတ်ပုံတင်ကြေး ပမာဏ ကိုတော့ တွက်ချက်နေတုန်းပဲ ရှိပါသေးတယ်။ အတိအကျ မဆုံးဖြတ်ရ သေးပါဘူး” ဟု ပြောဆိုသည်။

အသေးစားလုပ်ငန်း ဟုဆိုရာတွင် ကုမ္ပဏီတခု၌ ဝန်ထမ်း အင်အား ၃၀ အောက်၊ တနှစ်ဝင်ငွေ ကျပ်သန်း၅၀ အောက် ရှိသည့် ကုမ္ပဏီများကို အသေးစား ကုမ္ပဏီများ အဖြစ် သတ်မှတ်ထားခြင်း ဖြစ်ပြီး လက်ရှိတွင် ကုမ္ပဏီမှတ်ပုံတင်ကြေး နှုန်းထားများကို ကုမ္ပဏီအကြီး၊ အသေးခွဲခြား သတ်မှတ်ထားခြင်း မရှိဘဲ ကျပ် ၅ သိန်းဖြင့်သာ တပြေးညီ ကောက်ခံ နေခြင်း ဖြစ်သည်။

UMFCCI ဒု ဥက္ကဌ ဒေါက်တာ မောင်မောင်လေးက“ အခု ကုမ္ပဏီ မှတ်ပုံတင်ကြေးကတော့ နည်းလာပါတယ်။ ခြေနိုင် လက်နိုင်လေး ဖြစ်လာတယ်။ ဈေးနူန်း သက်သာလာပါတယ်။ အန်ကယ်တို့ ဆီကို Complaints တွေ မတက်တော့ အသေးစိပ်တော့ ဈေးနူန်းတော့ အသေအချာ မသိဘူး”ဟု ပြောသည်။

မူဝါဒများကို မည်သို့ပင် ချမှတ်ထားသော်လည်း လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့ စီးပွားရေးကို ချမှတ်ထားသည့် မူဘောင် အတွင်း ပြိုလဲမသွားစေရန် လုပ်ကိုင်တတ်ရန် လိုအပ်ပြီး ယင်းချမှတ်သည့် မူဝါဒများကို လက်တွေ့ လုပ်ကိုင် မည့် သူများက လိုက်နာမှသာ အောင်မြင်မည် ဖြစ်ကြောင်း မြန်မာ့စီးပွားရေး
လုပ်ငန်းစု ဥက္ကဌ ဦးအောင်စိုးသာ က ပြောသည်။

ထို့အပြင် ၎င်းက “ကုမ္ပဏီတစ်ခု စဖို့ဆိုတာ ကျနော်တို့ မြန်မာနိုင်ငံရဲ့ အခြေအနေအရ ပိုက်ဆံရှိလို့ စတဲ့သူရှိသလို၊ ရှိစုမဲ့စုလေးကို ခြစ်ကုတ်ပြီး လုပ်ငန်းရှင်ဖြစ်မယ် ဆိုပြီး စတဲ့သူတွေလည်း အများကြီးပါ။ ဒါကြောင့် လွယ်လွယ်ကူကူ ပါဝင်ခွင့်ရမယ်ဆိုရင်၊ လူများများ ပါဝင်လာမှာဖြစ်ပါတယ်။ ဒီလိုဖြစ်လာရင် ပြိုင်ဆိုင်မှုတွေ ကောင်းမယ်၊ စားသုံးသူ အတွက်လည်း ရွေးချယ်စရာ ရှိလာမယ်။ ဒါကြောင့် ဖြေလျှော့ပေးမှာကို ကြိုဆိုပါတယ်”ဟုလည်း ပြောဆိုသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) သို့ မှတ်ပုံတင်ထားသည့် မြန်မာကုမ္ပဏီ အကြီးစားနှင့် အသေးစား စုစု ပေါင်း ၆ သောင်းကျော်နှင့် နိုင်ငံခြားသား ကုမ္ပဏီ ၇ ထောင်ကျော်ရှိပြီး ၂၀၁၇ ခုနှစ်အတွင်း မှတ်ပုံတင်သော မြန်မာ ကုမ္ပဏီ အသစ် စုစုပေါင်း ၇၁၄၁ ခုနှင့် နိုင်ငံခြားသား ကုမ္ပဏီ အသစ် ၉၈၀ ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံ ကုမ္ပဏီဥပဒေသစ်သည် ယခုနှစ် သြဂုတ်လတွင် စတင် အသက်ဝင် ကျင့်သုံးနိုင်မည် ဖြစ်ပြီး ဥပဒေ စတင် ကျင့်သုံးပြီး နောက်ပိုင်း၌ အသေးစား ကုမ္ပဏီ မှတ်ပုံတင်ကြေးကို လျှော့ချ သတ်မှတ်သွားမည်ဖြစ်သည်ဟု DICA ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။

အဆိုပါ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် လွှတ်တော်မှ အတည်ပြု ထုတ်ပြန် ပေးခဲ့ပြီး ယင်းဥပဒေ စတင်ကျင့်သုံးရန် အတွက် ကုမ္ပဏီများ မှတ်ပုံတင်ရန် စမ်းသပ် လုပ်ဆောင်ခြင်းများ၊ သက်ဆိုင် သူ များနှင့် ဆွေးနွေးခြင်းများ၊ အများပြည်သူသို့ ဥပဒေနှင့်ပတ်သက်၍ ပညာပေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ဌာနမှ ဝန်ထမ်းများကို ဥပဒေသင်တန်းပေးခြင်း စသည့် အချက်များကို အချိန်ယူ လုပ်ဆောင်ရမည် ဖြစ်သောကြောင့် သြဂုတ်လ ၁ ရက်နေ့မှ သာကျင့်သုံးနိုင်မည် ဖြစ်သည်ဟု ဆိုသည်။

ကုမ္ပဏီတခု တည်ထောင်လျှင် အမြတ်ပေါ်လာမှသာ မြတ်သည့် အမြတ်၏ ၂၅ ရာခိုင်နှုန်းကို ဝင်ငွေခွန်အဖြစ် ပေးဆောင် ရမည်ဖြစ်ပြီး အကယ်၍ ကုမ္ပဏီ အရှုံးပေါ်နေလျှင် ပေးဆောင်စရာ မလိုကြောင်း၊ သို့သော် အခွန်ဆောင် သည့် အပိုင်းတွင် မည်သူမဆို နိုင်ငံသားတိုင်း သတ်မှတ်ထားသော ဝင်ငွေရှိလာပြီဆိုလျှင် ဝင်ငွေခွန်ဆောင်ရမည် ဖြစ်သောကြောင့် အခွန်နှင့် ပတ်သက်၍ ကင်းလွင့် ပေးထားသည်မှာ မရှိကြောင်း မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေအရ သိရသည်။

“ တစ်ခုရှိတာကတော့ ကျနော်တို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ဥပဒေမှာ ကုမ္ပဏီ သေးသေး၊ ကြီးကြီး MIC ကို တင်ခွင့်ရှိတယ်။ MIC ကနေ ခွင့်ပြုမိန့် ရထားရင်တော့ ကျနော်တို့က သူ့ဒေသအပေါ် မူတည်ပြီးတော့မှ ဝင်ငွေ ခွန် ကို ၃ နှစ်ကနေ ၇ နှစ်အထိ ကင်းလွတ်ခွင့် ကျနော်တို့ ပေးမယ်။ ဒါက MIC ခွင့်ပြုထားတဲ့ လုပ်ငန်းဖြစ်တယ်။ ဥပမာ – ကလောမှာ ဟိုတယ် တလုံး ဆောက်တယ်ဆိုရင် ဝင်ငွေခွန် ကင်းလွတ်ခွင့် ၅ နှစ်ပေးမယ်။ လှိုင်သာယာ စက်မှုဇုန် မှာ ဖယောင်းတိုင် စက်ရုံ ထောင်မယ် ဆိုရင် ဝင်ငွေခွန် ကင်းလွတ်ခွင့် ၃ နှစ်ပေးမယ်။ ဒါကဥပဒေအရ ပေးမှာဖြစ်ပါတယ် ”ဟု DICA ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ရှင်းပြသည်။

ဝင်ငွေခွန် ကင်းလွတ်ခွင့် လျှော့ပေးသည့် လုပ်ငန်းများမှာ လယ်ယာကဏ္ဍ၊ သား ငါး ကဏ္ဍ၊ သစ်တော ကဏ္ဍ၊ မွေးမြူ ရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ ပညာရေး ကဏ္ဍများ၊ ကျန်းမာရေးနှင့် သက်ဆိုင်သည့် ကဏ္ဍများနှင့် အခြေခံ အဆောက်အအုံ တည်ဆောက်သည့် ကဏ္ဍများ ပါဝင်ကြောင်း သိရသည်။

Credit: The irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀
CarsDB
CarsDB Showroom Opening

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service