ကျောက်ဖြူအထူးစီးပွားရေးဇုန် ရှယ်ယာပိုင်ဆိုင်မှု မြန်မာ-တရုတ် သဘောတူညီချက်ရရှိ

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရှယ်ယာပိုင်ဆိုင်မှု မြန်မာ-တရုတ် သဘောတူညီချက်ရရှိ - Property News in Myanmar from iMyanmarHouse.com
18 Jan 2018 10:34 am တွင် တင်ခဲ့သည်
4955 ကြိမ် ကြည့်ရှု့ပြီး
ကျောက်ဖြူအထူးစီးပွား ရေးဇုန်အကောင်အထည်ဖော်ရန် ရှယ်ယာပိုင်ဆိုင်မှုကို မြန်မာဘက် က ၃၀ရာခိုင်နှုန်းနှင့်တရုတ်အစိုးရ ပိုင်ကုမ္ပဏီက ၇၀ ရာခိုင်နှုန်းဖြင့် ဇန်န၀ါရီလဆန်းတွင် သဘောတူညီခဲ့ကြောင်း ရခိုင်ပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီးဦးကျော်အေးသိန်းကပြောသည်။

၂၀၁၅ တွင် တရုတ်ကုမ္ပဏီ က တင်ဒါအောင်မြင်သော်လည်း အစိုးရအကူးအပြောင်းကြောင့် မြန်မာအစိုးရနှင့် တရုတ်ကုမ္ပဏီ ကြား ရှယ်ယာပိုင်ဆိုင်မှုကို အချိန် ကြာညှိနှိုင်းခဲ့ပြီး ယခုလိုသဘော တူညီချက်ရရှိခြင်းဖြစ်၍ လုပ်ငန်းများစတင်နိုင်ရန် သဘာဝပတ် ၀န်းကျင်ထိခိုက်မှုနှင့် လူမှုဘ၀ထိ ခိုက်မှုများကို လေ့လာတော့မည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောသည်။

အဆိုပါစီမံကိန်းကို ဦးသိန်းစိန်အစိုးရလက်ထက်တွင် ရေနက်ဆိပ်ကမ်း၊ ကျောက်ဖြူအထူး စီးပွားရေးဇုန်နှင့် အိမ်ရာစီမံကိန်းဟု အပိုင်းသုံးပိုင်းဖြင့်အကောင် အထည်ဖော်ရန် စီစဉ်ခဲ့ခြင်းဖြစ် သည်။

ဦးသိန်းစိန် အစိုးရ သက် တမ်းကုန်ခါနီးတွင် တရုတ်အစိုးရ ပိုင် CITIC ကုမ္ပဏီကိုတင်ဒါပေး ခဲ့သည်။ တင်ဒါတွင် အဆိုပါစီမံ ကိန်းကို တရုတ်ဘက်က ရှယ်ယာ ပိုင်ဆိုင်မှု ၈၅ ရာခိုင်နှုန်း၊မြန်မာဘက်က ၁၅ ရာခိုင်နှုန်းဖြင့်အ ကောင်အထည်ဖော်ရန် သဘော တူထားခြင်းဖြစ်သည်။ ထိုအချက် ကို လက်ရှိအစိုးရက သဘောမတူ ၍ ပြန်လည်ညှိနှိုင်းခြင်းဖြစ်ပြီး ညှိနှိုင်းမှုကြောင့် မြန်မာဘက်က ၁၅ ရာခိုင်နှုန်းပိုရခဲ့ခြင်းဖြစ်သည်။

‘‘၃၀-၇၀ အပိုင်းကို ဆုံး ဖြတ်တာပဲရှိတယ်။ ကျန်တာဆုံးဖြတ်တာမရှိသေးဘူး။ သဘောတူ ညီချက်တော့မထိုးရသေးဘူး။ ယာယီတော့သဘောတူထား လိုက်ပြီ’’ ဟု ဦးကျော်အေးသိန်း က ပြောသည်။

စီမံကိန်းစတင်အကောင်အထည်ဖော်ရာတွင် ယခင်အစိုးရ လက်ထက်သဘောတူထားသည့် ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် အထူးစီးပွားရေးဇုန်ကိုသာ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၎င်းကပြောသည်။ အိမ်ရာစီမံကိန်းကို နောက်ပိုင်း ဆက်လက်အကောင် အထည်ဖော်မည်ဟု ဦးကျော်အေးသိန်းကဆို သည်။

အထူးစီးပွားရေးဇုန်စီမံကိန်း ကို စတင်အကောင်အထည်ဖော် ရန် သဘာဝပ တ်ဝန်းကျင်နှင့် လူ မှုဘ၀ထိခိုက်မှုဆိုင်ရာ (EIA/SIA)စစ်တမ်းလေ့လာမှုများကို ရက်ပိုင်းအတွင်း စတင်မည်ဟုအထူးစီးပွားရေးဇုန်များ၏ တာဝန်ခံဝန်ကြီးဌာနဖြစ်သည့် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောကြားသည်။

EIA/SIA လေ့လာမှုပြီးစီး လျှင် စီမံကိန်းအတွက် လိုအပ်သည့် Master Plan ရေးဆွဲမည် ဟု ဦးကျော်အေးသိန်းက ပြော သည်။ အဆိုပါအထူးစီးပွားရေး ဇုန်စီမံကိန်းတွင် ဒေသခံများလည်း ပါဝင်နိုင်မည်ဖြစ်ပြီး ကုမ္ပဏီ ၅၀ ကျော်ဖြင့်ဖွဲ့စည်းထားသော အများပိုင်ကုမ္ပဏီမှ ပါဝင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

တင်ဒါ အောင်ထားသည့် CITIC ကုမ္ပဏီ အုပ်စုသည် ကျောက်ဖြူအထူးစီးပွားရေးဇုန် အတွင်း စက်မှုဇုန်နှင့် ရေနက်ဆိပ် ကမ်းစီမံကိန်းနှစ်ခုကို ဒေါ်လာ ကိုးဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု ဆိုသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

imyanmarmarket
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service