အများပိုင်မြေများ ပြန်လည်သိမ်းမည်ဆိုသော်လည်း ခိုင်လုံသောအကြောင်းပြချက်ဖြင့် လျှောက်လျှင် ပြန်ပေးမည်

အများပိုင်မြေများ ပြန်လည်သိမ်းမည်ဆိုသော်လည်း ခိုင်လုံသောအကြောင်းပြချက်ဖြင့် လျှောက်လျှင် ပြန်ပေးမည် - Property News in Myanmar from iMyanmarHouse.com
18 Jan 2018 10:18 am တွင် တင်ခဲ့သည်
5078 ကြိမ် ကြည့်ရှု့ပြီး
အစိုးရအကူးအပြောင်း ကာလအတွင်း မန္တလေးမြို့ပေါ်ရှိ အများပိုင်မြေများကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခဲ့မှုနှင့်ပတ်သက်၍ မြေကွက် ၁၃၅ ကွက်ကို ပြန်လည် စိစစ်သိမ်းယူမည်ဖြစ်သော်လည်း အများပြည်သူနှင့် သက်ဆိုင်သော မြေနေရာများမှလွဲ၍ ကျန်အစိုးရ ပိုင်အကွက်ရိုက်မြေများအား သိမ်းဆည်းခံရသူက နစ်နာကြောင်း ခိုင် လုံသောအကြောင်းပြချက်ဖြင့် တင်ပြပါက စိစစ်၍ ပြန်လည်ပေး အပ်မည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ကျော်ထွန်းက ပြောကြားသည်။

‘‘တိုင်းအစိုးရအဖွဲ့ရဲ့ ပြည် သူလူထုမနစ်နာအောင် စဉ်းစား တဲ့ပုံစံက ချပေးလိုက်တဲ့အကွက် ထဲက တချို့ဟာတွေက အများ ပြည်သူဆိုင်တဲ့ နေရာတွေက တော့ ပေးလို့မရဘူး။ စာသင် ကျောင်းအတွက် လျာထားတဲ့နေ ရာတွေ၊ အားကစားကွင်း၊ ဈေး၊ ဒါတွေ ပြန်ပေးမှာမဟုတ်ဘူး။ အ ရင်က အစိုးရမြေအနေနဲ့ အကွက် ရိုက်ကျန်နေတဲ့ အစိုးရမြေတွေရှိ တယ်။ တချို့ကတော့ သုံး၊ လေး ကွက်ရှိတယ်။ တစ်ယောက်တည်း နဲ့ ချပေးတဲ့ဟာတွေကျတော့ လူ နေထိုင်အသုံးပြုဖို့ထက် ချပေး တာ လွန်သွားတာပေါ့။ ပယ်ဖျက် ပြီးလို့ရှိရင် သူတို့ရဲ့ ခိုင်လုံတဲ့အ ကြောင်းပြချက်နဲ့ ပြန်တင်၊ တိုင်း အစိုးရအဖွဲ့က အဖွဲ့ဖွဲ့ပြီး ပြန် စိစစ်ပေးမယ်ပြောမယ်။ စိစစ်ပြီး တော့ လူနေထိုင်ဖို့ တကယ်လို အပ်တယ်ဆိုရင် တစ်ကွက်စီ ပြန် ချပေးဖို့ သင့်၊ မသင့် ပြန်စဉ်းစား မယ်။ ဒီကြားထဲမှာ ပယ်ဖျက် လိုက်တဲ့သူတွေက နစ်နာတယ်ဆို ရင် အသနားခံစာတင်ရမယ်’’ဟု ဦးအောင်ကျော်ထွန်းက ပြော ကြားသည်။

အစိုးရအကူးအပြောင်းကာ လအတွင်း မန္တလေးတိုင်းရှိ အ များနှင့်သက်ဆိုင်သော မြေများ၊ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေ များကို ပုဂ္ဂလိကသို့ လွှဲပြောင်းချ ထားပေးခဲ့မှုများထဲမှ မြေကွက် ၁၃၅ ကွက်ကို ပြန်လည်သိမ်း ဆည်းမည်ဟု မန္တလေးတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဒေါက်တာဇော် မြင့်မောင်က ဒီဇင်ဘာတွင် ကျင်းပသည့် လွှတ်တော်အစည်းအဝေး၌ ပြောကြားသည်။

မြေပေးမိန့်ထုတ်ပေးခဲ့ခြင်း သည် အမျိုးသားမြေအသုံးချမူဝါဒ နှင့် ကိုက်ညီမှုမရှိခြင်း၊ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှုမရှိခြင်းတို့ကြောင့် ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခဲ့သည့် မြေကွက်များထဲမှ ၁၃၅ ကွက်ကို ဂရန်ပယ်ဖျက်ကာ ပြန်လည်သိမ်း ယူမည်ဖြစ်ပြီး ပေးသွင်းထားသည့်မြေဖိုးငွေ ပြန်လည်ထုတ်ပေးမည် ဟု ဝန်ကြီးချုပ်က ပြောကြား သည်။

ယင်းအများပိုင်မြေများ ပုဂ္ဂလိကသို့ လွှဲပြောင်းပေးအပ် ကာ ဂရန်ထုတ်ပေးထားခြင်းနှင့် ပတ်သက်၍ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ဂရန်ပယ်ဖျက်ကာ ပြန်လည်သိမ်း ယူခြင်းများ ဆက်လက်ဆောင် ရွက်ရမည်ဖြစ်သည်။ ပထမအ ဆင့်တွင် မြေချမိန့်များ ပယ်ဖျက် ကာ ဒုတိယအဆင့်၌ ဂရန်ပယ် ဖျက်ရမည်ဖြစ်ကြောင်း ဦးအောင် ကျော်ထွန်းက ပြောကြားသည်။

သို့သော် တိုင်းအစိုးရ ဦးဆောင်ဖွဲ့စည်းထားသည့် မြို့ မြေယာစီမံခန့်ခွဲမှုကော်မတီက ပယ်ဖျက်မိန့်ထုတ်ပေးမှသာ ဆက် လက်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး လက်ရှိတွင် ပယ်ဖျက်မိန့်ထုတ် ပေးရန် ဝန်ကြီးချုပ်ထံ တင်ပြထား ကြောင်း ၎င်းက ဆိုသည်။

မြေဂရန်ထုတ်ပေးစဉ်က ပေးသွင်းခဲ့သည့် မြေဖိုးငွေများ ပြန်လည်ထုတ်ပေးရန် ၂၀၁၈-၁၉ ဘတ်ဂျက်တွင် ပါဝင်ခြင်းမရှိသေး ဘဲ တိုင်းအစိုးရအဖွဲ့က ဆက် လက်စီမံဆောင်ရွက်မည်ဖြစ် ကြောင်း ဦးအောင်ကျော်ထွန်းက ပြောသည်။

အစိုးရအကူးအပြာင်းကာ လ ၂၀၁၅ နိုဝင်ဘာ ၁၀ ရက်မှ ၂၀၁၆ မတ်လ ၃၀ ရက်အတွင်း မန္တလေးမြို့ပေါ်ရှိ အများပိုင်မြေ နေရာများကို ပုဂ္ဂလိကသို့ လွှဲ ပြောင်းချထားပေးခဲ့သည်။ ကာလပေါက်ဈေး ကျပ်သိန်းထောင်ချီ သော မြေကွက်များကို ကျပ်သိန်း ၉၀ ကျော် ပေးသွင်းစေကာ ဂရန် ထုတ်ပေးခဲ့ကြောင်း တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောကြား သည်။

ယင်းသို့ လွှဲပြောင်းပေးအပ် ခဲ့သည့် အများပိုင်မြေများထဲမှ ချမ်းအေးသာစံမြို့နယ်တွင်တစ် ကွက်၊ ချမ်းမြသာစည်မြို့နယ်တွင် အကွက် ၄၀၊ ပြည်ကြီးတံခွန်မြို့ နယ်တွင် ၈၅ ကွက်နှင့် အမရပူရမြို့နယ်တွင် ကိုးကွက် စုစုပေါင်း ၁၃၅ ကွက်ကို ပြန်လည်သိမ်းယူ ရန် စီစဉ်နေသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
CarsDB
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service