အိမ်ခြံမြေဈေးကွက်တွင် လက်ဝါးကြီးအုပ်မှုတွေ ပျောက်စေဖို့ အတွက် ရည်ရွယ်ပြီး ပစ္စည်းအခွန်ကောက်ခံခြင်း ကြီးကြပ်မှုဆိုင်ရာ ဥပဒေကို မူကြမ်းရေးဆွဲပြီး မကြာမီ ထုတ်ပြန်သွားမှာဖြစ်တယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနက သိရပါတယ်။
အိမ်ခြံမြေဈေးကွက်မှာ ငွေပေါသူတွေက အိမ်ခြံမြေပေါင်းများစွာကို ပိုင်ဆိုင်နေချိန်မှာ နေစရာအိမ်မရှိသူတွေ များစွာရှိနေပါတယ်။
အဲသည်လိုဖြစ်နေရတာဟာ မြေပိုင်ရှင်တွေက မြေတန်းဖိုးတွေကို စိတ်ကြိုက်ကစားနေတာကြောင့် ရှိသင့်တဲ့ တန်ဖိုးထက် ဈေးမြင့်နေတာဖြစ်ပါတယ်။
အဲသည်လို အိမ်ခြံမြေတွေကို ဈေးကစားခြင်း မပြုလုပ်နိုင်စေဖို့ ပစ္စည်းခွန်စနစ်တကျ ကောက်ခံရာမှာ အခွန်ကောက်ခံနေရုံနဲ့ မလုံလောက်ဘဲ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ချိတ်ဆက်နိုင်တဲ့ အချက်အလက်စနစ်တွေ လိုအပ်တယ်လို့ သိရပါတယ်။
ဒါကြောင့် ဥပဒေပြဋ္ဌာန်းပြီးရင် ပစ္စည်းအခွန်ကောက်ခံမှုကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းသွားမှာဖြစ်တယ် ။အဲသည်အဖွဲ့က နှစ်စဉ် မြေနဲ့ အဆောက်အအုံငှါးရမ်းခကို သတ်မှတ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းရှင် တွေက ယခုလို အိမ်ခြံမြေဈေးကွက် အေးနေတဲ့အချိန်မှာ အရောင်းအဝယ်ကို ထပ်ပြီး အေးစေတဲ့ ပစ္စည်းခွန်းဥပဒေဟာ မြန်မာနိုင်ငံအိမ်ခြံမြေဈေးကွက်အပေါ်အကျိုးသက်ရောက်မှုတွေရှိနိုင်ကြောင်း
ဆိုကြပါတယ်။
လက်ရှိ အိမ်ခြံမြေဈေးကွက်မှာ ဝယ်ခွန် ၊ တံဆိပ်ခေါင်းခွန်းနဲ့ အမြတ်ခွန်တို့ ဆောင်နေရပြီး ဝင်ငွေမပြနိုင်ရင် သိန်း ၁၀၀၀ နဲ့ အထက် တန်ဖိုးရှိတဲ့ အိမ်ခြံမြေဝယ်ယူရင်၃၀ ရာခိုင်နှုန်းအထိ ပေးဆောင်နေရကြောင်း သိရပါတယ်။
Credit: The Kumudra