အိမ်ရာစုဆောင်းငွေ စာရင်းတွင် ကျပ်သိန်း ၂၀ နှင့်အထက်ရှိသူများ ရွှေလင်ဗန်းနှင့် ကနောင်တန်ဖိုးနည်း အိမ်ရာ ၀ယ်ယူနိုင်မည်

အိမ်ရာစုဆောင်းငွေ စာရင်းတွင် ကျပ်သိန်း ၂၀ နှင့်အထက်ရှိသူများ ရွှေလင်ဗန်းနှင့် ကနောင်တန်ဖိုးနည်း အိမ်ရာ ၀ယ်ယူနိုင်မည် - Property News in Myanmar from iMyanmarHouse.com
17 Jan 2018 12:02 pm တွင် တင်ခဲ့သည်
5552 ကြိမ် ကြည့်ရှု့ပြီး
အိမ်ရာစုဆောင်းငွေစာ ရင်းတွင် ကျပ်သိန်း ၂၀ နှင့် အ ထက်ရှိပါက တန်ဖိုးနည်းအိမ်ရာ များ ၀ယ်ယူနိုင်မည်ဟု ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်က ထုတ်ပြန်ကြေညာသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ဆောက်လုပ်ပြီးဖြစ် သည့် ရွှေလင်ဗန်းတန်ဖိုးနည်း အိမ်ရာ(လှိုင်သာယာ)နှင့် ကနောင်တန်ဖိုးနည်းအိမ်ရာ (ဒဂုံဆိပ်ကမ်း)ရှိ တိုက်ခန်းများကို စုဆောင်းငွေပြည့်မီသူများ ၀ယ်ယူနိုင်ပြီး ဇန်န၀ါရီ ၈ ရက်တွင်စတင် လျှောက်ထားနိုင်ပြီဖြစ်သည်။

ယခင်က တန်ဖိုးနည်းတိုက်ခန်း တန်ဖိုး၏ ၃၀ ရာခိုင်နှုန်း အိမ်ရာစုဆောင်းငွေ စာရင်းတွင်ရှိမှ သာ ၀ယ်ယူနိုင်သည်။

‘‘ဒီနှစ်ထဲမှာ သတ်မှတ်နှုန်း ထားကို လျှော့ချလိုက်တာပါ။ အ ရင်က အိမ်ရာချေးငွေကို အိမ်ရာ တန်ဖိုးရဲ့ ၇၀ ရာခိုင်နှုန်းကို ထုတ် ချေးပေးတာပါ။ ဒါပေမဲ့ အခုက အိမ်ရာချေးငွေကို အိမ်တန်ဖိုးရဲ့ ၈၀ ရာခိုင်နှုန်းကို ထုတ်ချေးပေး သွားမယ့် သဘောပါ။ ၂၀၁၈ က စပြီးအကောင်အထည်ဖော်တာ ပါ’’ဟု ဘဏ် အုပ်ချုပ်မှုဒါရိုက် တာ ဦးဝင်းဇော်က ပြောသည်။

အိမ်ရာစုဆောင်းငွေစာရင်း ဖွင့်လှစ်ခြင်းကို ၂၀၁၆ သြဂုတ်က စတင်ခဲ့ပြီး လက်ရှိတွင် အိမ်ရာ ၀ယ်ယူရန် စုဆောင်းငွေစာရင်းဖွင့် လှစ်ထားသူ နှစ်သောင်းကျော်အ ထိရှိကြောင်း ဘဏ်တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဘဏ်ချေးငွေဖြင့် အိမ်ရာ ၀ယ်ယူလိုသူများသည် ဘဏ်သို့ ပေးသွင်းရမည့် အတိုး၊ အရင်း စုစုပေါင်းပေးသွင်းရမည့်ငွေ၏ သုံး ဆ ရှိသည့်ဝင်ငွေရှိကြောင်း သက် သေအထောက်အထား တင်ပြနိုင် ရမည်ဖြစ်သည်။

‘‘ဘဏ်မှာ တန်ဖိုးနည်းအိမ် ရာဝယ်ဖို့ အိမ်ရာစုဆောင်းငွေ စာရင်းဖွင့်ထားတာ အခုဆိုရင် ပိုပြီး အဆင်ပြေပါတယ်။ ဘဏ် ကို လစဉ်ဆပ်ရတဲ့ငွေကလည်း အိမ်ငှားခလောက်ပဲဆိုတော့ ကောင်းတယ်။ အပြင်မှာက ဘယ်လောက်ပေးပေး ကိုယ်မပိုင်ဘူးလေ။ ဒါကလစဉ် အိမ်ငှားခလောက် ပေးရရုံနဲ့ အချိန်တန်ရင် တိုက်ကို ကိုယ်ပိုင်ရမှာပါ’’ဟု ကုမ္ပဏီဝန်ထမ်း မမိုမိုက ပြောသည်။

အိမ်ရာစုဆောင်းငွေစာရင်း ကို ကျပ်တစ်သောင်းဖြင့် စတင် ဖွင့်လှစ်နိုင်ကြောင်း သိရသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

Shwe Moe Kaung
CarsDB Showroom Opening

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service