ရခိုင်ပြည်နယ် ရမ်း ဗြဲမြို့နယ်ရှိ ကင်းချောင်းတံတား တည်ဆောက်ရန် သြစတြီးယား နိုင်ငံ Unicredit Bank မှ အတိုးမဲ့ချေးငွေ ယူရိုငါးသန်း ချေးယူမည့် အစီအစဉ်ကို ခွင့်ပြုပေးရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိ ယဝန်ကြီး ဦးကျော်လင်းက ဇန်န ဝါရီ ၁၅ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ တင် ပြခဲ့သည်။
ရမ်းဗြဲမြို့နယ် ဇင်ချောင်း-ကင်းမြောင်- လေးတောင်လမ်း ပေါ်ရှိ ကင်းချောင်းတံတား တည် ဆောက်ရေး စီမံကိန်း တံတားသံ ပေါင်များ ဝယ်ယူရန် ချေးယူမည် ဖြစ်ကြောင်း ၎င်းကလွှတ်တော်သို့ တင်ပြသည်။
‘‘ဒီတံတားကို တည်ဆောက် ခြင်းအားဖြင့် နိုင်ငံတော်ရဲ့ လူမှု ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်း မာရေးနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍများအပါအဝင် ကဏ္ဍပေါင်း စုံ ဖွံ့ဖြိုးတိုးတက်လာနိုင်မှာဖြစ် တဲ့အတွက် ချေးငွေရယူရေး ကိစ္စ ကို ခွင့်ပြုနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါတယ်’’ ဟု ဦးကျော် လင်းက ပြည်ထောင်စု လွှတ် တော်တွင် ပြောသည်။
ချေးငွေချေးယူရန် ပြည် ထောင်စုလွှတ်တော်၏ အတည် ပြုချက်တောင်းခံရန် နိုင်ငံတော် သမ္မတက ၂၀၁၇ ဒီဇင်ဘာ ၆ရက်စွဲဖြင့် ဆောက်လုပ်ရေးဝန် ကြီးဌာနသို့ ညွှန်ကြားခဲ့ကြောင်း ဆိုသည်။
ချေးငွေစာချုပ်သက်တမ်း သည် ၂၅ နှစ်ဖြစ်သည်။ အဆိုပါ ချေးငွေကို ပြန်လည်ပေးချေရာတွင် သြစတြီးယားအစိုးရက ပြန်လည်ထောက်ပံ့သည့် အနေဖြင့် ချေးငွေ၏ ၁၅ ရာခိုင်နှုန်းကို ပြန်လည်ပေးအပ်ရန် မလိုအပ်ဘဲချေးငွေ၏ ၈၅ ရာခိုင်နှုန်းကိုသာ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း ဦးကျော်လင်းက လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။
ယင်းတံတားသည် ၁,၂၅၆ ပေ ရှည်သည့် သံမဏိသံပေါင်တံ တား အမျိုးအစားဖြစ်ပြီး ဆောက် လုပ်ပြီးစီးရန် ခန့်မှန်းကာလ ၂ နှစ် မှသုံးနှစ်အထိ ကြာမြင့်မည်ဖြစ် ကြောင်း ၎င်းကပြောသည်။
တံတားဖောင်ဒေးရှင်းနှင့် အောက်ခြေပိုင်းကို နိုင်ငံတော် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ချေးယူမည့် ယူရို ငါးသန်းဖြင့် တံတားသံပေါင်များ ဝယ်ယူမည်ဖြစ်ကာ သံပေါင်များ ကို သြစတြီးယား နိုင်ငံမှ တင် သွင်းမည်ဖြစ်ကြောင်း ဦးကျော် လင်းက ဆိုသည်။
အဆိုပါတံတား ဆောက် လုပ်ပြီးစီးပါက ရန်ကုန်-ကျောက် ဖြူလမ်းမကြီးနှင့် ဇင်ချောင်း- ကင်းမြောင်လမ်းတို့ ဆက်စပ်နိုင် မည်ဖြစ်သဖြင့် ကျောက်ဖြူမြို့နှင့် ရမ်းဗြဲမြို့များသို့ လွယ်ကူစွာသွား လာနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ချေးငွေချေးယူမည့်ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ဇန်နဝါရီ ၁၇ ရက် နောက် ဆုံးထားကာ ပြည်ထောင်စုလွှတ် တော် ညွှန်ကြားရေးမှူးချုပ်ရုံးသို့ အမည်စာရင်းပေးရန်နှင့် ဇန်နဝါ ရီ ၁၉ ရက်တွင် ကျင်းပမည့် ပြည် ထောင်စုလွှတ်တော် အစည်းအ ဝေးတွင် ဆွေးနွေးကာ လွှတ်တော်၏ အတည်ပြုချက်ရယူမည်ဖြစ် ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကက ကြေညာသည်။
Credit: 7Daydaily