၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၁၃) နှင့် (၁၄) ရက်များတွင် မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ iGREEN Development & Engineering Group မှ တည်ဆောက်လျှက်ရှိသည့် Aung Myit Tar လုံးချင်းအိမ်ရာစီမံကိန်း အတွက် အထူးအိမ်ရာအရောင်းပြပွဲတစ်ရပ်ကို ရန်ကုန်မြို့  ပြည်သူ့ရင်ပြင်ရှိ Myanmar Culture Valley တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
အောင်မေတ္တာလုံးချင်းအိမ်ရာစီမံကိန်းသည် ရန်ကုန်မြို့  ၊ အင်းစိန်မြို့ နယ် ၊ မင်္ဂလာဒုံလေဆိပ် နှင့် YCDC Golf ကွင်းအနီးတွင် တည်ဆောက်လျှက်ရှိပြီး မြေပိုင်ဆိုင်မှု့ ပါ ရရှိမည်ဖြစ်ကြောင်း သိရပါသည်။
အရောင်းပြပွဲ (၂) ရက်အတွင်း အထူးလျှော့ဈေးနှုန်းများအပြင် အထူးငွေချေစနစ်များဖြင့် ရောင်းချခဲ့သဖြင့် ကျပ်ငွေ (၃.၃) ဘီလီယံ (အမေရိကန်ဒေါ်လာ၂.၅ သန်း) ကျော် တန်ဖိုး ရောင်းချနိုင်ခဲ့ကြောင်း သိရှိရသည်။
“ သိန်း ၂၀၀၀ အောက်နဲ့ ၃ ထပ် လုံးချင်းဆောက်ပေးမှာပါ။ မြေပိုင်ဆိုင်မှုပါ ပေးမှာ ဖြစ်လို့ အရမ်းတန်တယ်လို့ ပြောရမယ်။ ဒါ့အပြင် ငွေကို တစ်လုံးတည်း ချေစရာ မလိုဘဲ ၅၀%ကို ၁ နှစ်ခွဲအတွင်း ပေးသွင်းနိုင်ပါတယ်။ ကျန် ၅၀%ကို နေထိုင်ရင်း ၁၅နှစ် အရစ်ကျ သွင်းသွားရမှာပါ။” ဟု အရောင်းပြပွဲကို ကြီးမှူးကျင်းပတဲ့ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ မန်နေဂျင်းဒါရိုက်တာ ဖြစ်သူ ဦးနေမင်းသူက ပြောပြသွားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)