အိမ်ခြံမြေလောကမှာကွယ် ''' လူဖြောင့် ''' ကိုလည်းတွေ့ရမယ် လူကောက်တွေလည်းရှိတတ်တယ်

အိမ်ခြံမြေလောကမှာကွယ် ''' လူဖြောင့် ''' ကိုလည်းတွေ့ရမယ် လူကောက်တွေလည်းရှိတတ်တယ် - Property News in Myanmar from iMyanmarHouse.com
16 Jan 2018 12:13 pm တွင် တင်ခဲ့သည်
3755 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေနဲ့ တိုက်ခန်းအရောင်းအဝယ်ပြုလုပ်ကြတဲ့အခါမှာ လူတန်းစာအလွှာ စုံနဲ့တွေ့ရပါတယ် ။ကြီးတယ် ငယ်တယ် ဆင်းရဲတယ် ချမ်းသာတယ် မဟုတ်ပါဘူး လူအမျိုးမျိုးစိတ်အထွေထွေရှိကြတာကိုတွေ့ရပါတယ် ။ အချို့က ဆင်းရဲသော်လည် စိတ်ဓါတ်ဖြူစင်ရိုးသားတာကို တွေ့ရတယ် ။ အရိုးခံအတိုင်းရှင်းရှင်းနဲက ပွင့်ပွင့်လင်းလင်း ပြောတက်ကြတယ် ။ ဒီလိုရှင်းရှင်းလင်းလင်း ရိုးရိုးသားသား ပြောတတ်တဲ့ သူများနဲ့ တွေရင့် ရှေ့နေတစ်ယောက်အနေနဲ့ အကျိုးဆောင်စာချုပ်ပေးရတာလွယ်ကူပါတယ် ။အချို့ကျတော့လည်း ဒီလိုမဟုတ်ပြန်ဘူး အထင်နဲ့ အမြင်တက်တက်စင်လွဲတတ်ပါတယ်။

ကောက်သော်စားမလောက် ၊ ဖြောင့်သော်စားမကုန်

ရောင်းသူပဲဖြစ်ဖြစ် ၊ ဝယ်သူပဲဖြစ်ဖြစ် အရှိကိုအရှိအတိုင်း အမှန်ကိုအမှန်အတိုင်း ဖွင့်ပြောခြင်းဖြင့် ရောင်းသူဝယ်သူနှစ်ဦးစလုံး မျှမျှတတဖြစ်စေတဲ့ အရောင်းအ၀ယ်စာချုပ်ချုပ် ဆိုပေးလိုက်ခြင်းဖြင့် နှစ်ဦးနှစ်ဘက်စလုံးလည်း ကျေနပ်ကြတယ် ၊ စိတ်ချမ်းသာကြတယ် ။ပွင့်ပွင့်လင်းလင်းပြောဆိုတဲ့ စကားသံကို နားထောင်ပြီး နှစ်ဦးနှစ်ဘက်မျှတအောင် ဆောင်ရွက်ပေးနိုင်တယ်။

ဥပမာ-အချို့ဆိုရင် မြေနဲ့အိမ်ကို ရောင်းမှာကတော့ အမှန်ပဲ ဒါပေမဲ့ စရန်ငွေပေးတဲ့အချိန်မှာ ရောင်းသူထံမျာ ပိုင်ဆိုင်မှုစာရွက်စာတမ်းဖြစ်တဲ့ဂရန်တို့ ပါမစ်တို့ အရောင်းအဝယ်မှတ်ပုံတင်စာချုပ်တို့ကို မပြနိုင်ကြဘူး ၊ မထင်မရှား မိတ္တုဆွဲထားတဲ့ စာရွက်စာတမ်းတွေကိုပဲ ပြနိုင်တယ် ။ဒီစာရွက်စာတမ်းတွေပြတာနဲ့ ဒီရောင်းသူဟာ မြေနဲ့အိမ်ကို လိမ်ပြီးရောင်းတော့မယ်လို့ တွေးမိလိုက်တယ်။ မူရင်းတွေပြရင် စရန်ငွေချနိုင်မယ်လို့ ပြောတော့မှ သူပိုင်တဲ့ စာချုပ်စာတမ်းတွေက ၊ ရပ်ကွက်ထဲက အပေါင်ခံသူထဲမှာ ရှိတယ်အတိုးနဲ့ ငွေချေထားတော့ အပေါင်အဖြစ်ပေးထားရတာကို ပွင့်ပွင့်လင်းလင်း ပြောပြတယ် ။အဲဒီလိုပြောတော့မှ သူအမှန်တကယ် ရောင်းချင်နေတာ မှန်တယ် မရောင်းပဲနေရင် အပေါင်နဲ့ ဆုံးတော့မှာသေချာတယ် ။ဒီလိုပွင့်ပွင့်လင်းလင်းပြောတဲ့အခါ ဝယ်သူဘက်ကလည်း ကိုယ်ချင်းစာနာသွားတယ် ၊ ဝယ်ဖြစ်အောင် ဝယ်ချင်တယ် ကူညီရာလည်းရောက်တာပေါ့ ။

ဟုတ်ပြီလေ ဒါဆိုရင်ကျွန်တော်တို့ ဝယ်မယ် ။ ဒါပင်မဲ့ စာရွတ်စာတမ်းတွေမှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံရှိရဲ့လား ၊ အရှုပ်အရှင်းကင်းရဲ့လား ၊ ကန့်ကွက်ချက်တွေရှိရဲ့လား ၊ မြို့မြေစာရင်းမှာ အမည်ပေါက်မှန်ကန်ရဲ့လား စစ်ကြည့်ဖို့ လိုသေးတယ် ။လိုအပ်ရင် သတင်းစာမှာ ကန့်ကွက်ရန်ရှိမရှိ ကြော်ငြာတင်သင့်ကြော်ငြာရမယ် ။ဒါကြောင့် စာရွက်စာတမ်းတွေကိုင်ထားတဲ့ အပေါင်ခံသူကို ခေါ်ပေးပါလို့ တောင်းဆိုရတာတွေကြုံဘူးတယ်။

ဒီအခါမှာရောင်းသူကလည်း အမှန်တကယ် ရောင်းချင်နေတာဖြစ်လို့ အပေါင်ခံသူကို ခေါ်လာပြီး စာချုပ်စာတမ်းတွေပြပါတယ်။ အဲဒီစာရွက်စာတမ်းတွေဟာ ပိုင်ဆိုင်မှုအထောက်အထားပြည့်စုံတယ် ၊ မှန်ကန်တယ် ။မိတ္တူပေးတဲ့စာရွက်စာတမ်းတွေနဲ့ လည်း တစ်ထပ်ထည်းတူညီတယ်လို့ဆိုမှ အရောင်းအဝယ်စာချုပ်ချုပ်ပြီး စရန်ငွေပေးရဲတာပေါ့ ။

ဒီလိုရောင်းသူက ရိုးရိုးသားသာပြောတဲ့ အတွက်ဝယ်သူဘက်ကလည်း သက်ဆိုင်ရာ အိုးအိမ်ရုံး၊ စည်ပင်ရုံးတို့မှာ မှန်ကန်မှုရှိမရှိ စစ်ဆေးနိုင်တယ် မှန်ကန်တယ်ပြည့်စုံတယ်လို့ တွေ့ရတာနဲ့ အပြီးအပိုင်အရောင်းအဝယ်စာချုပ်ချုပ်ပြီး ကျန်ငွေပေးချေလိုက်တာနဲ့ အပေါင်ခံသူထံကတစ်ဆင့် မူရင်းအိမ်ပိုင်ဆိုင်မှုစာရွက်စာတမ်းကို လွှဲပြောင်းလက်ခံယူလိုက်တာပေါ့ ဒါက ရိုးရိုးသားသားရောင်းသူကြောင့် အဆင်ပြေတဲ့ အရောင်းအဝယ်မျိုးပါ ။

အပေါ်ယံရွှေမှုန်ကျဲ အထဲက နွားချေခံ လူမျိုး

တချို့ကျတော့လည်း ဒီလိုမဟုတ်ကြတော့ပြန်ဘူး ။သူတို့ အခြေအနေကိုကြည့်လိုက်ရင်တော့ ဂုဏ်သရေရှိသူတွေ ' Boss ' တွေ နေတဲ့နေရာကလည်း လူကုံတန်တွေချမ်းသာတဲ့လူတွေမှနေတဲ့ ရွှေတောင်ကြားတို့ ရွှေဂုံတိုင်တို့ ၊ ဝင်ဒါမီယာတို့ ကမ္ဘာအေးတို့ ရန်ကင်းကျောက်ကုန်း တို့လိုနေရာမျိုးမှာ နေကြသူတွေ ၊ ဒါပေမဲ့ ချမ်းသာတဲ့နေရာမျိုးမှာ နေတယ်ဆိုပေမဲ့ အားလုံးတော့ စိတ်သဘောထားမကောင်းကြဘူး ရိုးသာသူတွေရှိသလို၊ မရိုးဖြောင့်တဲ့သူတွေလည်းရှိတာကို တွေ့ရတယ်။

ကိုယ်ထင်ကုတင်ရွှေနန်း

မြေနဲကအိမ်တန်ဖိုးက သိန်းပေါင်းသောင်းဂဏန်နဲ့ အရောင်းအဝယ်လုပ်ပေမဲ့ စရန်ငွေ သိန်း (၂၀၀ ) ချမယ် ။ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေပြပါ ဆိုတော့ မြေဂရန်နဲက မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ၊ မြေပုံမြေရာဇဝင် မိတ္တူတွေပဲထုတ်ပြတယ် ။အဲဒီမြေကွက်ကိုများ သိန်းနှစ်သောင်းနဲ့ ရောင်းမတဲ့ ဒါပေမဲ့ ဝယ်ချင်တဲ့သူကလည်း အဲဒီနေရာကိုမှ အသည်းအသန်ကြိုက်နေတာဆိုတော့ ရှေ့နေခေါင်းရှုပ်ရတော့တာပေါ့ ။

ကျားကြီးခြေရာကြီး

ကောင်းပြီလေ ။ဒီလို မိတ္တူကြည့်ပြီးတော့ စရန်ငွေ သိန်း (၂၀၀ ) တော့ မချနိုင်ဘူး။ နောက်ထပ်ပိုင်ဆိုင်မှုစာရွက်စာတမ်းမူရင်လေးပြပါဦး ဆိုတော့မှ ဘဏ်တစ်ခုမှာ သိန်းတစ်သောင်းနဲ့ ပေါင်းထားပြီး ဘဏ်နဲ့မြေရှင်နဲ့ အပြန်အလှန်ခံဝန်ချုပ်ဆိုထားတဲ့ စာချုပ်ကိုပြတယ် ။ဒီတော့ ဗဟုသုတတစ်မျိုးတိုးတာပေါ့လို့ပဲ မှတ်လိုက်ပါတယ်။

ဘုံဘဝမှာကြုံရပါ

ဒါဆိုရင် အပြီးအပိုင်ဝယ်ရင်ပိုင်ဆိုင်မှု စာချုပ်စာတမ်းတွေ ဘယ်လိုယူပေမှာလဲလို့ မေးကြည့်တော့ ၊ '' ခင်ဗျားတို့ဖာသာစည်ပင်မှာစုံစမ်းပါတဲ့ ကြိုက်ပြီဆိုရင် ဘဏ်မှာ ပေါင်းထားတဲ့ ဂရန်စာရွက်စာတမ်းတွေကို ခင်ဗျားတို့ပေးတဲ့ ပိုက်ဆံနဲ့ သွားရွေးပြီးပေးမယ် ။အဲဒီ အခါကျန်တဲ့ငွေ သိန်းတစ်သောင်းကို ဘဏ်မှာ လွှဲပေးရမယ် ၊ ပြီးတော့မှ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်တာတို့ စည်ပင်မြေပုံမြေရာဇဝင်ကူးတဲ့ ကိစ္စတွေ ဆောင်ရွက်နိုင်အောင် ရန်ကုန်မြို့စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ အထူးကိုယ်စာလှယ်စာလွှဲ ပေးလိုက်မယ်တဲ့ဗျာ ----ကဲ--- စာဖတ်သူစဉ်းစားကြည့်ဗျာဘယ်လောက်တရားမျှတလဲလို့ ......

စိတ်ထားကောင်းဖို့ ပထမ

ဒါပေမဲ့ စာရေးသူရဲ့ မိတ်ဆွေကလည်း အဲဒီနေရာကိုဘယ်လိုကြိုက်မှန်းကိုမသိဘူး သူပြောတဲ့ အတိုင်းဝယ်မယ်ဆိုလို့ အစအဆုံးအောင်မြင်အောင်ဆောင်ရွက်ပေးခဲ့ရဘူးတယ် ။ဒါကြောင့် ရှေ့လူကြီးတွေ ပြောတာသွားသတိရတယ် ' ရွှေအကြောင်းဖယောင်းမှသိ လူအကြောင်းပေါင်းမှသိသတဲ့ ' အခုလည်း စာရေးသူသိလိုက်ပါပြီးလေ လူဆိုတာ ဆင်းရဲချမ်းတာ ၊ချမ်းသာတာ ပဓာနမဟုတ်ဘူး စိတ်ထားကောင်းဖို့ အဓိကပါလို့ သတိသံဝေဂရလိုက်ပါတော့တယ် ။။။

(လူအချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေ )

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
Shwe Moe Kaung
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service