တောင်ငူမြို့မှာ အဆင့်မြင့် Commercial Complex အဆောက်အအုံ ဆောက်လုပ်ရေးအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း Myanmar Builders Guide က သိရပါတယ်။
(၂၀၁၈-၂၀၁၉) ဘဏ္ဍနှစ် အိတ်ဖွင့်တင်ဒါအမျိုးအစားမှာ မြေဧက (၃.၃၆)မှာ တည်ဆောက်မှာဖြစ်ပြီး ဆိုင်ခန်းပေါင်း (၁၅၄၀) ပါဝင်တဲ့ အဆင့်မြင့် နှစ်ထပ် (ground floor to first floor) ရုံးခန်းနဲ့ ဈေးဝယ်စင်တာ-နှစ်ထပ် (second floor to third floor)၊ ရေကူးကန်၊ အားကစားခန်းမအပါအဝင် အိမ်ရာတိုက်ခန်း (၆၀)၊ ခုနှစ်ထပ် (fourth to eleventh floor) အထိ ပါဝင်တဲ့ (၁၂)ထပ် အဆောက်အအုံ ဖြစ်ပါတယ်။
တင်ဒါစည်းကမ်းချက်တွေနဲ့ အိတ်ဖွင့်တင်ဒါပုံစံတွေကို ကုမ္ပဏီမှတ်ပုံတင်မိတ္တူနဲ့ ကုမ္ပဏီပရိုဖိုင်တွေကိုတင်ပြပြီး ငွေကျပ် တစ်သိန်းပေးသွင်းကာ တင်ဒါတွေကို (၂၀၁၈)၊ ဇန်နဝါရီ၊ (၁၂)ရက် ကနေ (၂၀၁၈)၊ ဖေဖော်ဝါရီ၊ (၁၂)ရက် အထိ ထုတ်ယူနိုင်ကြောင်း သိရပါတယ်။
တင်ဒါထုတ်ယူနိုင်မယ့်နေရာက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ စည်ပင်သာယာရေးဌာနစိတ်၊ ပဲခူးမြို့မှာလာရောက်ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။
အသေးစိတ်အချက်အလက်တွေကို သိရှိလိုပါက (ဖုန်း၊ ၀၅၂-၂၂၀၁၈၃၉ နဲ့ ၀၅၂-၂၂၀၁၈၄၀) ကို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်တယ်လို့ သိရပါတယ်။
Credit: Myanmar Builders Guide