ရန်ကုန်မြို့ရဲ့ ဆောက်လုပ်ဆဲတိုက်ခန်းတွေရဲ့ ငွေပေးချေမှုစနစ်နဲ့ ဆောက်လုပ်ပြီးစီးမှုကို Myanmar Builders Guide က သိရပါတယ်။
ဗိုလ်မှူးဗထူး
ဗိုလ်မှူးဗထူးတိုက်ခန်း ငွေပေးချေမှုစနစ်က စာချုပ်ချုပ်ဆိုရန် ၁၀ ရာခိုင်နှုန်း ၊ ၄၅ရက်အကြာမှာ ၁၀ ရာခိုင်နှုန်း၊ ရက်ပေါင်း ၉၀ ရက်အကြာမှာ ၁၀ ရာခိုင်နှုန်းနဲ့ စုစုပေါင်း လ ၃၀ အရစ်ကျပေးချေဝယ်ယူနိုင်ပြီး လ ၂၀ အကြာမှာ အခန်းအိပ်မှာဖြစ်ပါတယ်။
အထပ်ပေါင်း ရှစ်ထပ်ရှိပြီး တစ်လွှာမှာ နှစ်ခန်းပါဝင်တယ်။ အခန်းအကျယ် အဝန်းက ၁၇ပေ x၅၃ ပေဖြစ်ကြောင်း သိရပါတယ်။ အခန်းဈေးနှုန်းမှာ တစ်လွှာ ကျပ်သိန်း၆၀၀ ၊ ငါးလွှာက ကျပ်သိန်း ၄၆၀ ၊ ခြောက်လွှာက ကျပ်သိန်း ၄၃၀ ၊ ခုနှစ်လွှာက ကျပ်သိန်း ၄၀၀ ဖြစ်တယ်လို့ သိရပါတယ်။ Pile Foundation Transformer ,Generator ,Vinyl Flooring ,ရှစ်ယောက်စီးဓာတ်လှေကားစတဲ့ Facilities တွေ ပါဝင်ပါတယ်။
၎င်းပရောဂျက်ကို Nhm Construction က တာဝန်ယူဆောက်လုပ်ကာ အမှတ် (၅၆) ၊ ဗိုလ်မှူးဗထူးလမ်းမကြီး၄၃ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်မှာ ဆောက်လုပ်နေကြောင်း သိရပါတယ် ။ ၂၀၁၈ ခုနှစ်ဇန်နဝါရီလမှာ စတင်ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။
Ruby II
Ruby II ရဲ့အခန်းဈေးနှုန်းတွေက မြေညီထပ် ကျပ်သိန်း ၉၀၀ ၊ ပထမထပ် ကျပ် သိန်း ၅၅၀ ၊ ဒုတိယထပ် ကျပ်သိန်း ၅၀၀ ၊ ပဉ္စမထပ် ကျပ်သိန်း ၄၀၀ နဲ့ ၊ ဆဋ္ဌမထပ် ကျပ်သိန်း ၃၅၀ ဖြစ်ပါတယ်။
အထပ်ပေါင်း ခုနှစ်ထပ်ရှိပြီး တစ်လွှာကို နှစ်ခန်းပါဝင်ပါတယ်။ ယင်းစီမံကိန်းကို တိုးတက်သာဆောက်လုပ်ရေး ဒီဇိုင်းအဖွဲ့က ဒီဇိုင်းဆွဲပြီး ဆောက်လုပ်ထားပါတယ်။ တောင်ဥက္ကလာပမြို့နယ်မှာတည်ရှိပြီး ၂၀၁၈ ခုနှစ် မတ်လကစတင်ပြီး ၂၀၁၉ ခုနှစ် မတ်လမှာ ပြီးစီးမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။
Credit: Myanmar Builders Guide