ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်ဇ်က လီဗာပူးမှ ပြောင်းရွှေ့လာမည့် ကော်တင်ဟိုအတွက် နေအိမ်တစ်လုံး ဝယ်ယူပေး

ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်ဇ်က လီဗာပူးမှ ပြောင်းရွှေ့လာမည့် ကော်တင်ဟိုအတွက် နေအိမ်တစ်လုံး ဝယ်ယူပေး - Property News in Myanmar from iMyanmarHouse.com
16 Jan 2018 10:28 am တွင် တင်ခဲ့သည်
7330 ကြိမ် ကြည့်ရှု့ပြီး
ဘာစီလိုနာ တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်သည် လီဗာပူးမှ ပြောင်းရွှေ့လာမည့် ဖိလစ် ကော်တင်ဟိုအတွက် နေအိမ်တစ်လုံး ဝယ်ယူပေးလိုက်ကြောင်း အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဆွာရက်ဇ်နှင့် ကော်တင်ဟိုတို့သည် လီဗာပူးအသင်းဖော်များ ဖြစ်ခဲ့ကြပြီး အလွန်ခင်မင်ခဲ့ကြသူများ ဖြစ်ကြသည်။ကော်တင်ဟိုသည် ဘာစီလိုနာသို့ ပေါင် ၁၄၅ သန်းဖြင့် ပြောင်းရွှေ့လာကာ ကွင်းလယ်ကစားသမားအဖြစ် တာဝန်ယူသွားမည် ဖြစ်သည်။

ကက်စ်တယ်ဒီဖဲလ်အရပ် ဆင်ခြေဖုံးဒေသတွင်ဖြစ်ပြီး တန်ဖိုးကြီးဇိမ်ခံလူနေအိမ်တစ်လုံးဖြစ်သည်ဟုသိရပြီး မည်သည့်နေအိမ်ဖြစ်သည်ဟူ၍မူ အတိအကျ မသိရသေးချေ။အသက် ၂၅ နှစ်သာရှိသေးသည့် ဘရာဇီးကြယ်ပွင့် ကော်တင်ဟိုသည် နူးကမ့်သို့ ရောက်လာပါက နေအိမ်ရှာဖွေရန် ခေါင်းကိုက်ရမည်ဖြစ်ရာ ယခုတွင်ကား ကြိုးကြာနီ လက်တွဲဖော်ဟောင်းဆွာရက်ဇ်ကို ကျေးဇူးတင်ရတော့မည် ဖြစ်သည်။

ကော်တင်ဟို မရောက်လာမီတွင် ကော်တင်ဟိုရောက်ရှိလာပါက မည်သည့်ဟိုတယ်တွင် ထားသင့်သနည်းဟု ဘာကာဥက္ကဌ ဂျိုးဆက် မာရီယာ ဘာတိုမူက ဆွာရက်ဇ်ကို ခေါ်ယူမေးမြန်းခဲ့သည်ဟု ဆိုသည်။

အသက် ၃၀ နှစ်ရှိပြီဖြစ်သော ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်က ပြန်လည်ဖြေကြားခဲ့ရာတွင် “ဥက္ကဌကြီးခင်ဗျာ..ဟိုတယ်မလိုအပ်ပါဘူး။ ကျွန်တော် သူ့အတွက်အိမ်တစ်လုံး ဝယ်ထားပြီးပါပြီ”ဟု ဖြေကြားခဲ့သည်။

ယခုနေအိမ်တည်ရှိရာဒေသတွင် ဆွာရက်ဇ်ကိုယ်တိုင်လည်း နေထိုင်လျက်ရှိသည့်အပြင် ဘာစီလိုနာတိုက်စစ်မှူး လီယိုနယ် မက်ဆီလည်း နေထိုင်လျက်ရှိသည်ဟု ဆိုသည်။

ပင်လယ်ကမ်းခြေသို့ လမ်းလျှောက်သွားရုံဖြင့် ရောက်ရှိနိုင်ပြီး နူးကမ့်ကွင်းသို့မူ မော်တော်ကားဖြင့် ၄၉ မိနစ် ခရီးခန့် ဝေးကွာသည်။

ဆွာရက်ဇ်သည် ဘာစီလိုနာသို့ ပြောင်းရွှေ့ပြီးနောက် လအနည်းငယ်အကြာ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ယင်းဒေသ၌ နေအိမ်တစ်လုံးကို ပေါင် ၂ ဒသမ ၆ သန်းဖြင့် ဝယ်ယူကာ အခြေချနေထိုင်ခဲ့သည်။

ကော်တင်ဟိုသည် စပိန်သို့ ဇနီးဖြစ်သူ အေနီ၊ သားသမီးများဖြစ်သည့် မာရီယာ၊ ဖိလစ် ဂျူနီယာတို့ကို တစ်ပါတည်း ခေါ်ဆောင်လာမည် ဖြစ်သည်။

“ကျွန်တော်သွားမယ့်နေရာနဲ့ပတ်သက်ပြီး မသိသေးပါဘူး။ ဒါပေမယ့်စိတ်ကူးကိုကြိုက်ပါတယ်။ ဒါက ကြင်နာမှုပြတဲ့သဘောပါ။ ပုံတွေတော့တွေ့ပြီးပါပြီ။ ရင်သပ်ရှုမောဖွယ် မြင်ကွင်းတွေပါပဲ။ ဒီိနေအိမ်ကို ကြည့်ဖို့ မိသားစုနဲ့အတူ သွားနေပါတယ်။ လူးဝစ်က ကျွန်တော်တို့ကို ကူညီလိမ့်မယ်ဆိုတာ ကျွန်တော်သိပါတယ်” ဟု ကော်တင်ဟိုက ပြောကြားသည်။

ရွှေဘောလုံးဆု ၅ ကြိမ်ရ ကစားသမားဖြစ်သည့် ကော်တင်ဟိုသည့် ယခုအခါ ကမ္ဘာကျော်ကြယ်ပွင့် ၂ ဦးနှင့် အတူလက်တွဲကစားရတော့မည်အပြင် အိမ်နီးချင်းများလည်း ဖြစ်လာတော့မည် ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်ဇ်က လီဗာပူးမှ ပြောင်းရွှေ့လာမည့် ကော်တင်ဟိုအတွက် နေအိမ်တစ်လုံး ဝယ်ယူပေး - Property News in Myanmar from iMyanmarHouse.com
ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်ဇ်က လီဗာပူးမှ ပြောင်းရွှေ့လာမည့် ကော်တင်ဟိုအတွက် နေအိမ်တစ်လုံး ဝယ်ယူပေး - Property News in Myanmar from iMyanmarHouse.com
ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်ဇ်က လီဗာပူးမှ ပြောင်းရွှေ့လာမည့် ကော်တင်ဟိုအတွက် နေအိမ်တစ်လုံး ဝယ်ယူပေး - Property News in Myanmar from iMyanmarHouse.com
ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်ဇ်က လီဗာပူးမှ ပြောင်းရွှေ့လာမည့် ကော်တင်ဟိုအတွက် နေအိမ်တစ်လုံး ဝယ်ယူပေး - Property News in Myanmar from iMyanmarHouse.com
ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်ဇ်က လီဗာပူးမှ ပြောင်းရွှေ့လာမည့် ကော်တင်ဟိုအတွက် နေအိမ်တစ်လုံး ဝယ်ယူပေး - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

imyanmarmarket
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service