အကောင်အထည်ဖော် ရန် နှောင့်နှေးနေသည့် ကျောက် ဖြူအထူးစီးပွားရေးဇုန် စီမံကိန်း ကို စတင်အကောင်အထည်ဖော် ရေး သဘာဝပတ်ဝန်းကျင်နှင့်လူမှုဘဝထိခိုက်မှုဆိုင်ရာ (EIA/SIA) စစ်တမ်းလေ့လာမှုများ စတင်တော့မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောသည်။
အကောင်အထည်ဖော်ခွင့်ရထားသည့် တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီနှင့် အချိန်ကြာ ဆွေးနွေးပြီးနောက် လေ့လာမှုများ စတင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ဦးအောင်စိုးက ပြောသည်။
‘‘မကြာခင် လေ့လာပါတော့ မယ်။ ရက်ပိုင်းအတွင်းလို့ ပြော လို့ရပါတယ်။ တင်ဒါရထားတဲ့ ကုမ္ပဏီနဲ့ ဝန်ကြီးဌာနတို့ ပေါင်း လုပ်တာပါ’’ဟု ၎င်းက ဆက်ပြော သည်။EIA/SIA ဆန်းစစ်လေ့လာ ခြင်းပြုလုပ်မည့် ကုမ္ပဏီကို ရွေး ချယ်ပြီးလျှင် လုပ်ငန်းစတင်နိုင် တော့မည်ဟု ဦးအောင်စိုးကပြော သည်။
ကျောက်ဖြူအထူးစီးပွားရေး ဇုန်စီမံကိန်း အကောင်အထည် ပေါ်လာပါက ရခိုင်ပြည်နယ်သည် လက်ရှိ စီးပွားရေး အခြေအနေ ထက် တိုးတက်လာရန်အထောက် အကူဖြစ်နိုင်ကြောင်း တရုတ်သံ အမတ်ကြီးက ဇန်နဝါရီ ၁၂ ရက် တွင်ပြောသည်။
ကျောက်ဖြူအထူးစီးပွားရေး ဇုန် စီမံကိန်း အကောင်အထည် ဖော်ရန် မြန်မာနိုင်ငံအား ရှယ်ယာ ၃၀ ရာခိုင်နှုန်းပေးမည်ဟု တရုတ် ကုမ္ပဏီက ပြောကြားထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ၂၀၁၇ နိုဝင်ဘာ ၁၅ ရက်တွင် ပြောခဲ့ သည်။
ယခင်အစိုးရ လက်ထက် တွင် အဆိုပါစီမံကိန်းကို တရုတ် ဘက်က ရှယ်ယာပိုင်ဆိုင်မှု ၈၅ ရာခိုင်နှုန်း၊ မြန်မာဘက်က ၁၅ ရာခိုင်နှုန်းဖြင့် အကောင်အထည် ဖော်ရန် သဘောတူထားပြီး လက် ရှိအစိုးရက သဘောမတူ၍ ပြန် လည်ညှိနှိုင်းခြင်းဖြစ်သည်။
ကျောက်ဖြူမြို့တွင်ရှိသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ကို တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီအုပ်စုက အကောင် အထည်ဖော်ခွင့် ရထားသည်။ အဆိုပါစီမံကိန်းကို ယခင်အစိုးရ သက်တမ်း ကုန်ဆုံးခါနီး အလျင် အမြန် အကောင်အထည်ဖော်ရန် ဆောင်ရွက်ခဲ့ပြီး စီမံကိန်းအတွက် တရုတ်ထံမှ အစိုးရက ချေးယူရ မည့်ငွေသည် အတိုးနှုန်းများ သဖြင့် ဒေသခံများက စိုးရိမ်နေ သော စီမံကိန်းဖြစ်သည်။ တင်ဒါ အောင်ထားသည့် CITIC ကုမ္ပဏီ အုပ်စုသည် ကျောက်ဖြူ အထူး စီးပွားရေးဇုန်အတွင်း စက်မှုဇုန် နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်း နှစ်ခုကို ဒေါ်လာ ကိုးဘီလီယံ ရင်းနှီးမြှုပ်နှံပြီး မြေဧက ၄,၂၀၀ ကျော် အသုံးပြုမည်ဟုဆိုသည်။
Credit: 7Daydaily