ကမ္ဘာကျော်ဟဲဗီးမက်တယ်အဖွဲ့ Metallica မှ လိဒ်ဂစ်တာသမား Kirk Hammett ၏ နေအိမ် ယခုတိုင်ရောင်းမထွက်သေးသောကြောင့် ဒေါ်လာတစ်သန်းဈေးလျှော့ကာ ရောင်းချ

ကမ္ဘာကျော်ဟဲဗီးမက်တယ်အဖွဲ့ Metallica မှ လိဒ်ဂစ်တာသမား Kirk Hammett ၏ နေအိမ် ယခုတိုင်ရောင်းမထွက်သေးသောကြောင့် ဒေါ်လာတစ်သန်းဈေးလျှော့ကာ ရောင်းချ - Property News in Myanmar from iMyanmarHouse.com
15 Jan 2018 11:00 am တွင် တင်ခဲ့သည်
5246 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော်ဟဲဗီးမက်တယ်တီးဝိုင်းကြီးဖြစ်သော Metallica မှ လိဒ်ဂစ်တာသမား Kirk Hammett ၏ နေအိမ် ယခုတိုင်ရောင်းမထွက် သေးသောကြောင့် ဒေါ်လာတစ်သန်းဈေးလျှော့ကာ ဈေးကွက်တင်လာသည်။

Kirk Hammett ၏ နေအိမ် ယခင်က ဈေးကွက်တင်ခဲ့ပုံကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ဖူးရာ ဖတ်ရှုလိုသူများအနေဖြင့် https://www.imyanmarhouse.com/news/read/574807 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။

Metallica သည် အမေရိကန် ဟဲဗီးမက်တယ်ဝိုင်းကြီးဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိတွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ဒရမ်မာ လားစ်အူရစ်နှင့် ရှေ့ထွက်အဆိုတော် ဂျိမ်းစ် ဟက်ဖီးတို့က ၁၉၈၁ ခုနှစ်တွင် ကမကထပြု တည်ထောင်ခဲ့ကြခြင်း ဖြစ်၏။Metallica သည် စတူဒီယိုအယ်လ်ဘမ် ၁၀ ခု၊ live show အယ်လ်ဘမ် ၄ ခု၊ အခြားသူများ၏ သီချင်းများကို ပြန်လည်သီဆိုထားသည့် cover အယ်လ်ဘမ်တစ်ခု၊ ဂီတဗွီဒီယို ၃၉ ခုနှင့် ဆင်ဂယ်လ် ၃၇ ခု ထွက်ရှိခဲ့ပြီး ဖြစ်သည်။

ဂီတ၏ အကယ်ဒမီဆုဖြစ်သော Grammy Awards ၉ ကြိမ်ရရှိခဲ့ပြီးဖြစ်ကာ နောက်ဆုံးစတူဒီယိုအယ်လ်ဘမ် ၆ ခုသည် ထွက်ရှိခဲ့သည့် အခါတိုင်း Billboard 200 တွင် နံပါတ်တစ်နေရာ အမြဲချိတ်ဆွဲခဲ့သည်။

Metallica သည် ကမ္ဘာ့ဂီတသမိုင်းတစ်လျှောက် စီးပွားရေးအရလည်း အအောင်မြင်ဆုံး တေးဂီတဝိုင်းများတွင် တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင် တေးအယ်လ်ဘမ်ချပ်ရေ သန်း ၁၂၀ ကျော် ရောင်းချခဲ့ရပြီးဖြစ်သည်။

Rolling Stone မဂ္ဂဇင်းကြီးကလည်း Metallica ကို သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံးအနုပညာရှင် ၁၀၀ စာရင်းတွင် ထည့်သွင်း ဖော်ပြခဲ့သည်။

ယခုရောင်းချမည့်နေအိမ်မှာ ဆန်ဖရန်စစ္စကိုတွင် တည်ရှိပြီး နီယိုးကလပ်စစ်ကယ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်သည်။
အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၄ ခန်း၊ စံမီဧည့်ခန်း၊ ညစာစားခန်း၊ မိသားစုခန်းမ၊ ကြီးမားကျယ်ပြန့်သော မီးဖိုဆောင်၊ ခရုပတ်လှေကားနှင့် ဆင်ခြေလျှောပန်းဥယျာဉ်များ ပါဝင်သည်။

၁၉၂၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး နေအိမ်အကျယ်အဝန်း ၃၈၈ စတုရန်းမီတာကျယ်ဝန်းကာ မူရင်းမီးလင်းဖိုတစ်ခု ပါဝင်သည်။
ပထမဆုံးစတင်အရောင်းဈေးကွက်တင်သည်မှာ ၂၀၁၆ ခုနှစ်အတွင်းဖြစ်ပြီး ထိုစဉ်က ဈေးခေါ်ခဲ့သည်မှာ ကန်ဒေါ်လာ ၁၆ သန်း ဖြစ်သည်။

နောက်ပိုင်းတွင် ရောင်းမထွက်သောကြောင့် ဒေါ်လာ ၂ သန်း ဈေးလျှော့ချပေးလိုက်ပြီး ကန်ဒေါ်လာ ၁၄ သန်းဖြင့် ပြန်လည်ဈေးကွက် တင်ခဲ့သော်လည်း ယခုတိုင်ရောင်းမထွက်သေးချေ။

ထို့ကြောင့် ထပ်မံ၍ ဒေါ်လာတစ်သန်းဈေးလျှော့ပေးကာ ကန်ဒေါ်လာ ၁၃ သန်းဖြင့် အရောင်းဈေးကွက်တင်လာခဲ့ခြင်း ဖြစ်သည်။

Sea Cliff Avenue ဟုအမည်ပေးထားသည့် ယင်းနေအိမ်၏ ကြမ်းခင်းဧရိယာမှာ စတုရန်းပေ ၄၁၈၀ ရှိသည်။ကြီးမားသည့်ပြတင်းပေါက်များ၊ ခရုပတ်ဟန် လှေကား၊ မီးလင်းဖိုများစွာ၊ ဂရုတစိုက်မွမ်းမံထားသည့် ပန်းဥယျာဉ်များ ပါဝင်ကာ Pacific Union International ကုမ္ပဏီမှတစ်ဆင့် ဈေးကွက်တင်လာခြင်း ဖြစ်သည်။
အဆိုပါနေအိမ်ကို Kirk Hammett ဝယ်ယူခဲ့သည်မှာ ၂၀၀၅ ခုနှစ်တွင်ဖြစ်ပြီး ကန်ဒေါ်လာ ၅ ဒသမ ၇ သန်းပေးခဲ့ရကြောင်း အိမ်ခြံမြေ မှတ်တမ်းများတွင် ဖော်ပြသည်။

Kirk Hammett သည် ဆန်ဖရန်စစ္စကိုသားတစ်ဦးဖြစ်ပြီး ယခုအခါအသက် ၅၅ နှစ်ရှိပြီဖြစ်ပြီး Metallica အဖွဲ့ကြီးတွင် ဂစ်တာသမား၊ တေးရေးအဖြစ် ၁၉၈၃ ခုနှစ်ကတည်းက ပါဝင်ခဲ့ခြင်းဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘာကျော်ဟဲဗီးမက်တယ်အဖွဲ့ Metallica မှ လိဒ်ဂစ်တာသမား Kirk Hammett ၏ နေအိမ် ယခုတိုင်ရောင်းမထွက်သေးသောကြောင့် ဒေါ်လာတစ်သန်းဈေးလျှော့ကာ ရောင်းချ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ဟဲဗီးမက်တယ်အဖွဲ့ Metallica မှ လိဒ်ဂစ်တာသမား Kirk Hammett ၏ နေအိမ် ယခုတိုင်ရောင်းမထွက်သေးသောကြောင့် ဒေါ်လာတစ်သန်းဈေးလျှော့ကာ ရောင်းချ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ဟဲဗီးမက်တယ်အဖွဲ့ Metallica မှ လိဒ်ဂစ်တာသမား Kirk Hammett ၏ နေအိမ် ယခုတိုင်ရောင်းမထွက်သေးသောကြောင့် ဒေါ်လာတစ်သန်းဈေးလျှော့ကာ ရောင်းချ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ဟဲဗီးမက်တယ်အဖွဲ့ Metallica မှ လိဒ်ဂစ်တာသမား Kirk Hammett ၏ နေအိမ် ယခုတိုင်ရောင်းမထွက်သေးသောကြောင့် ဒေါ်လာတစ်သန်းဈေးလျှော့ကာ ရောင်းချ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ဟဲဗီးမက်တယ်အဖွဲ့ Metallica မှ လိဒ်ဂစ်တာသမား Kirk Hammett ၏ နေအိမ် ယခုတိုင်ရောင်းမထွက်သေးသောကြောင့် ဒေါ်လာတစ်သန်းဈေးလျှော့ကာ ရောင်းချ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ဟဲဗီးမက်တယ်အဖွဲ့ Metallica မှ လိဒ်ဂစ်တာသမား Kirk Hammett ၏ နေအိမ် ယခုတိုင်ရောင်းမထွက်သေးသောကြောင့် ဒေါ်လာတစ်သန်းဈေးလျှော့ကာ ရောင်းချ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ဟဲဗီးမက်တယ်အဖွဲ့ Metallica မှ လိဒ်ဂစ်တာသမား Kirk Hammett ၏ နေအိမ် ယခုတိုင်ရောင်းမထွက်သေးသောကြောင့် ဒေါ်လာတစ်သန်းဈေးလျှော့ကာ ရောင်းချ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ဟဲဗီးမက်တယ်အဖွဲ့ Metallica မှ လိဒ်ဂစ်တာသမား Kirk Hammett ၏ နေအိမ် ယခုတိုင်ရောင်းမထွက်သေးသောကြောင့် ဒေါ်လာတစ်သန်းဈေးလျှော့ကာ ရောင်းချ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

Shwe Moe Kaung
CarsDB Showroom Opening

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service