ကမ္ဘာ့ရွှေဈေးမြင့်တက်ခြင်းကြောင့် တစ်ပတ်အတွင်း ပြည်တွင်းရွှေဈေး ကျပ်နှစ်သောင်းခန့် မြင့်တက်ခဲ့ကြောင်း ရွှေလုပ်ငန်းရှင်များက ပြောသည်။
ကမ္ဘာ့ရွှေဈေးသည် တစ်ပတ်အတွင်း ကန်ဒေါ်လာ ၃၀ ခန့် မြင့် တက်လာပြီး ဇန်နဝါရီ ၁၃ ရက်တွင် တစ်အောင်စ ၁,၃၃၉ ဒေါ်လာဈေးရှိနေကြောင်း အောင်သမာဓိ ရွှေဆိုင် အထွေထွေမန်နေဂျာ ဦးမော်က ပြောသည်။
‘‘ကမ္ဘာ့ရွှေဈေး တက်တာ တစ်ခုတည်းကြောင့် ပြည်တွင်း ရွှေဈေးကတက်လာတာပါ။ အရောင်းအဝယ်ကတော့ အေးနေတာပေါ့’’ဟု ၎င်းက ပြောသည်။
ပြည်တွင်း အခေါက်ရွှေဈေး သည် ဇန်နဝါရီ ၅ ရက်တွင် တစ်ကျပ်သားလျှင် ကျပ် ၉၃၀,၀၀၀ ကျော်ရှိရာမှ ဇန်နဝါရီ ၁၃ ရက်တွင် ကျပ် ၉၅၀,၀၀၀ အထိ မြင့် တက်ခြင်းဖြစ်သည်။
ကန်ဒေါ်လာ ဈေးကျနေခြင်း ကြောင့် ကမ္ဘာ့ရွှေဈေး မြင့်တက်ခြင်းဖြစ်ပြီး ပြည်တွင်းတွင်လည်း ဒေါ်လာဈေးကျကြောင်း တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင် က ပြောသည်။
‘‘ရွှေဈေးက အတက်ကြမ်း ရင် အရောင်းအဝယ် နှေးသွား တယ်။ အရောင်းအဝယ်မကောင်း တော့ဘူး။ ဒါပေမဲ့ အခုလိုမျိုး အတက်အကျများတာ ဈေးကွက်မှာ ခဏခဏဖြစ်တော့သိပ်စိုးရိမ်စရာမရှိပါဘူး’’ဟု ၎င်းက ဆက်ပြောသည်။
ပြည်တွင်း ငွေလဲနှုန်းတွင် ဒေါ်လာဈေး ကျနေခြင်းကြောင့် ပြည်တွင်းရွှေဈေး ယခုနှုန်းသာ တက်ခြင်းဖြစ်ကြောင်း ရွှေဝယ်ရောင်းလုပ်သူ ကိုမင်းမင်းက ပြောသည်။
၂၀၁၇ စက်တင်ဘာတွင် ပြည်တွင်း၌ အခေါက်ရွှေတစ် ကျပ်သား ကျပ် ၉၆၀,၀၀၀ အထိ မြင့်တက်ပြီး ဈေးပြန်ကျခဲ့ရာမှ ၂၀၁၈ ဇန်နဝါရီအတွင်း ကျပ် ၉၄၀,၀၀၀ ကျော်အထိ ပြန်လည် မြင့်တက်လာခြင်းဖြစ်သည်။
Credit: 7Daydaily