စစ်ကိုင်းတန်ဖိုးနည်းအငှားအိမ်ရာနေထိုင်ခွင့် လျှောက်ထားသူ ၃၅၀ ကျော်ရှိပြီး ဖေဖော်ဝါရီတွင် မဲနှိုက်ငှားရမ်းမည်

စစ်ကိုင်းတန်ဖိုးနည်းအငှားအိမ်ရာနေထိုင်ခွင့် လျှောက်ထားသူ ၃၅၀ ကျော်ရှိပြီး ဖေဖော်ဝါရီတွင် မဲနှိုက်ငှားရမ်းမည် - Property News in Myanmar from iMyanmarHouse.com
15 Jan 2018 10:10 am တွင် တင်ခဲ့သည်
3971 ကြိမ် ကြည့်ရှု့ပြီး
စစ်ကိုင်းမြို့ ကောင်းမှု တော်ဘုရားအနီးတွင် တည်ဆောက်ထားသည့် တန်ဖိုးနည်း အငှားအိမ်ရာ၌ နေထိုင်ခွင့်ရရန် လျှောက်ထားသူ ၃၅၀ ကျော် ရှိပြီး ဖေဖော်ဝါရီတွင် မဲနှိုက်ငှား ရမ်းမည်ဖြစ်ကြောင်း မြို့နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဇော်မင်း ဌေးက ပြောသည်။

အဆိုပါအငှားအိမ်ရာတွင် နေထိုင်လိုသူများအား ၂၀၁၇ ဒီဇင်ဘာလလယ်ခန့်က စတင် လျှောက်လွှာခေါ်ယူပြီး လက်ရှိ အချိန်ထိ လျှောက်ထားသူ ၃၅၀ ကျော်ရှိသည်။

‘‘လျှောက်လွှာခေါ်ယူတာ ဒီ နေ့(ဇန်န၀ါရီ ၁၂ ) နောက်ဆုံး ရက်ပေါ့။ ရုံးမပိတ်ခင်ထိဆိုတော့ လက်ရှိစာရင်းထက်များသွားနိုင် တယ်။ မြို့မှာ အိမ်မရှိ၊ ၀င်းမရှိ ၀င်ငွေနည်းတဲ့ ငှားရမ်းနေထိုင်နေ တဲ့သူတွေအတွက် ဘယ်သူလျှောက်လျှောက်ပေါ့။ ကျူးတွေတောင်လာလျှောက်တာရှိတယ်’’ ဟု ဦးဇော်မင်းဌေးက ပြောသည်။

တန်ဖိုးနည်းအငှားအိမ်ရာ ကို စစ်ကိုင်းမြို့နယ်ရှိ အိမ်ရာ၊မြေ ကွက်ပိုင်ဆိုင်မှုမရှိသော ၀င်ငွေ နည်းပြည်သူများ၊ အစိုးရ၀န်ထမ်း လုပ်သက် ၂၅ နှစ်ရှိသူများ၊ အ ငြိမ်းစားဝန်ထမ်းများစသည်တို့ကို အဓိကဦးစားပေးအနေဖြင့် မဲနှိုက် ငှားရမ်းမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ လက်ရှိတွင်ငှားရမ်းခနှုန်းထား မသတ်မှတ်ရသေးသော် လည်း တစ်လကျပ်သုံးသောင်း ခန့်ဖြစ်နိုင်ကြောင်း ဦးဇော်မင်းဌေးက ဆိုသည်။

‘‘ပြည်နယ်နဲ့တိုင်းဒေသကြီး တွေမှာ သတ်မှတ်ထားတာက တော့ သုံးသောင်းပေါ့။ ဒါပေမဲ့ လည်း တိုင်းအစိုးရရဲ့ ပြင်ဆင်မှုနဲ့ နှစ်သောင်းလည်းဖြစ်ချင်ဖြစ်နိုင် တယ်။ ပြောလို့မရသေးဘူး’’ ဟု ၎င်းကပြောသည်။

စစ်ကိုင်းတန်ဖိုးနည်းအငှား အိမ်ရာကို မန္တလေး-မုံရွာကား လမ်းဘေးနွားပွဲဈေးအနီး စည်ပင် သာယာပိုင် နယ်မြေတစ်ဧကကျော်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဘဏ္ဍာငွေဖြင့် ၂၀၁၆ ဩဂုတ်၌ စတင်ဆောက်လုပ်ခဲ့သည်။

အဆိုပါအငှားအိမ်ရာတွင် ၁၂ ခန်းတွဲပါ လေးထပ်အဆောက်အအုံနှစ်လုံးပါဝင်ပြီး အခန်း စုစုပေါင်း ၉၆ ခန်းပါဝင်သည်။ တစ်ခန်းလျှင် ၁၈ ပေ × ၂၅ ပေကျယ် ၀န်းကာ ရေ၊မီးအပြည့်အစုံပါဝင် မည်ဖြစ်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

imyanmarmarket
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service