မြို့သစ်စီမံကိန်းပြုလုပ်မည့် တွံတေးမြို့နယ်မြေဈေးသည် နှစ်ဆတက်ပြီးအဝယ်လိုက်လာ

မြို့သစ်စီမံကိန်းပြုလုပ်မည့် တွံတေးမြို့နယ်မြေဈေးသည် နှစ်ဆတက်ပြီးအဝယ်လိုက်လာ - Property News in Myanmar from iMyanmarHouse.com
12 Jan 2018 10:27 am တွင် တင်ခဲ့သည်
5010 ကြိမ် ကြည့်ရှု့ပြီး
တိုင်းအစိုးရက လာမည့်နှစ်တွင် စတင်မည်ဟုဆိုသော ရန်ကုန်အနောက်တောင် မြို့သစ်စီမံကိန်းပြုလုပ်မည့် တွံတေး မြို့နယ် မြေဈေးသည် နှစ်ဆတက်ပြီး အဝယ်လိုက်လာကြောင်း အဆိုပါမြို့နယ်ရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။

အဆိုပါစီမံကိန်း ဆောင်ရွက်ရာတွင် သိမ်းယူမည့် မြေများအတွက် မြေယာ လျော်ကြေးအဖြစ် မြို့မြေ ၂၀ ရာခိုင်နှုန်း ပေးမည်ဆိုသော သတင်းများကြောင့် ယခုကဲ့သို့ မြင့်တက်လာခြင်းဖြစ်ကြောင်း အကျိုးဆောင်များထံမှ ဆက်လက် သိရသည်။

ရန်ကုန်မြိုသစ် စီမံကိန်းကို လက်ရှိ အစိုးရအနေနှင့် ယခုနှစ်ကုန်တွင် ဆောင်ရွက်မည်ဖြစ်သောကြောင့် တွံတေးမြို့နယ်ရှိ မြေကွက်များကို စီးပွားရေး လုပ်ငန်းရှင်များက ဝယ်ယူစုံစမ်းမှုများ ရှိလာကြောင်း တွံတေးမြို့နယ် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ စုံစမ်းသိရသည်။

“အရင်က မြို့သစ်စီမံကိန်းလုပ်ဖို့ မသေချာတော့ ရွာထဲက ပေ ၄၀၊ ပေ ၆၀ မြေတစ်ကွက်ကို ကျပ်သိန်းတစ်ရာလောက်ပဲရှိတယ်။ အခုလက်ရှိ တစ်ကွက်ကို သိန်း ၃၀ဝ လောက်အထိ ဈေးမြင့်တက်လာတယ်။ လုပ်ငန်းရှင်တွေ အနေနဲ့ လမ်းမကြီးဘက်က မြေတွေကို ဝယ်ယူလာကြတယ်”ဟု တွံတေးမြို့နယ် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ကိုဝင်းသိန်းက ဆိုသည်။

တွံတေးမြို့နယ် ကျေးရွာအတွင်းရှိ ပေ ၄၀၊ ပေ ၆၀ မြေကွက် တစ်ကွက်လျှင် ယခင်က ကျပ်သိန်း ၁၀ဝ ခန့် ပေါက်ဈေးရှိပြီး ယခုလက်ရှိ ကျပ်သိန်း ၃၀ဝ ခန့် မြင့်တက်လာကြောင်း၊ တွံတေးလမ်းမကြီးဘေးရှိ ပေ ၄၀၊ ပေ ၆၀ မြေ တစ်ကွက်လျှင် ယခင်က သိန်း ၃၀ဝ ခန့်ရှိရာမှ ယခုလက်ရှိ ကျပ်သိန်း ၅၀ဝ မှ ၆၀ဝ အထိ မြင့်တက်လာကြောင်း တွံ့တေးမြို့နယ် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။

ယခုလက်ရှိ မြေဧက အများစုကို လယ်သမားများနှင့် ပြင်ပမှ သူဌေးများက ပိုင်ဆိုင်ထားပြီး ယင်းလယ်မြေများတွင် အချို့မှာ စပါးများ စိုက်ပျိုးထားခြင်း၊ နေအိမ်များ ဆောက်ထားခြင်း၊ ငါးကန်များ တူးထားခြင်းစသည်တို့ ပြုလုပ်ထားကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

အနောက်တောင် မြို့သစ်စီမံကိန်းကို ကြည့်မြင်တိုင်မြို့နယ်၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်နှင့် တွံတေးမြိုနယ်တို့ရှိ လယ်မြေဧက သုံးသောင်းခန့်တွင် ပြုလုပ်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

Credit : The voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service