၂၀၁၇ ဒီဇင်ဘာ ၇ရက်က နည်းဥပဒေထွက်ရှိလာပြီဖြစ်သော ကွန်ဒိုဥပဒေပြီးနောက် ထပ်မံ၍ လူနေအိမ်နှင့် အဆောက်အအုံဆိုင်ရာ (apartment law ) ဥပဒေကိုယခု နှစ်အတွင်းရေးဆွဲသွားရန် စီစဉ်နေကြောင်းသတင်းရရှိသည်။
အဆိုပါဥပဒေကို မူလက ပြီးခဲ့သည့်နှစ်ထဲက ပင်ရေးဆွဲရန် စီစဉ်ထားသော်လည်း ကွန်ဒို ဥပဒေမှာကြန့်ကြာနေသောကြောင့် နောက်ကျနေရခြင်းဖြစ်ကြောင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
Apartment ဥပဒေ ထွက်ပေါ်လာပါက လက်ရှိ အငြင်းပွားနေသော တိုက်ခန်းနှင့် အိမ်ရာပိုင်ဆိုင်မှုဆိုင်ရာများကို အထိုက်အလျောက် ဖြေရှင်းပေးနိုင်
ဖွယ်ရှိကြောင်း၎င်းကဆိုသည်။
ထို့ပြင်နောက်ပိုင်းတည်ဆောက်မည့် အိမ်ရာနှင့် တိုက်ခန်းများ၏ အရေအသွေးကိုလည်းဥပဒေဖြင့် ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ၄င်းကဆက်လက်ပြောကြားသည်။
ရေးဆွဲရာတွင်လည်းသက်ဆိုင်ရာပညာရှင်ပိုင်း လုပ်ငန်းရှင်ပိုင်းနှင့် ဌာနဆိုင်ရာမှပညာရှင်များ အားလုံးပူးပေါင်းရေးဆွဲသွားမည်ဖြစ်ကြောင်း၎င်းကဆိုသည်။
လက်ရှိတွင် ဆောက်လုပ်ရေး လောက၌ ကွန်ဒိုနည်းဥပဒေကို ဒီဇင်ဘာလအတွင်းက အတည်ပြုနိုင်ခဲ့သောကြောင့် အရောင်းအ၀ယ်အေးစက်နေသော ကွန်ဒိုတိုက်ခန်းများ အရောင်းအ၀ယ်သွက်လက်လာမည်ကို လုပ်ငန်းရှင်များက မျှော်လင့်လျှက်ရှိသည်။
မကြာခင်ရေးဆွဲမည့် အဆောက်အအုံနှင့် အိမ်ရာဆိုင်ရာ ဥပဒေ Apartment law ကို မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ပြီးခဲ့သည့် အစိုးရလက်ထက်ထဲကရေးဆွဲနိုင်ရန် တင်ပြတောင်းဆိုမှုများရှိခဲ့ဖူးသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com