ကွန်ဒိုနည်းဥပဒေမှ သိသင့်သည်များ

ကွန်ဒိုနည်းဥပဒေမှ သိသင့်သည်များ - Property News in Myanmar from iMyanmarHouse.com
10 Jan 2018 12:13 pm တွင် တင်ခဲ့သည်
3133 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံခြားသားများ အနေဖြင့် ကွန်ဒိုအဆောက်အဦးများကို ဝယ်ယူခွင့်ရရှိမည့် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ နည်းဥပဒေအား၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၇ ရက် နေ့တွင် ထုတ်ပြန် လိုက်သည်။

စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၉ရက်နေ့တွင် ပြဌာန်းခဲ့သော်လည်း နည်းဥပဒေ မထွက်သေးသောကြောင့် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အခက်အခဲများ ရှိခဲ့သည်။

နည်းဥပဒေပါ ထွက်ရှိပြီဖြစ်သည့် အတွက် ၎င်းနည်းဥပဒေအရ နိုင်ငံခြားသားများ အနေဖြင့် ကွန်ဒိုအခန်းများဝယ်ယူသည့်အခါ မည်သို့ သတ်မှတ်ထားသနည်း၊မည်သည့်ပြဌာန်းချက်များပါရှိသည် ကို တရားလွှတ်တော်ရှေ့ နေ ဦးနိုင်လင်းဇော် အား ဆင်ဟွာမှ သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည့် အချက်များထဲမှ အချို့ကို ကောက်နှုတ်ဖော်ပြပါသည်။

မေး ။ ။ စုပေါင်းအဆောက်အအုံဆိုင်ရာ နည်းဥပဒေ က ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှာ ထွက်လာပြီဆိုတော့ နိုင်ငံခြားသားတွေ ဒီဥပဒေအရ အိမ်ဝယ်ခွင့် ရရှိနိုင်ပြီလား ။ ဘယ်နေ့ က စပြီး ဒီဥပဒေ အသက်ဝင်သလဲ။

- ယေဘုယျအားဖြင့် ဥပဒေတစ်ရပ်တွင် အာဏာတည်စေရမည့် နေ့ရက်ကို သီးခြား ဖော်ပြပါရှိခြင်းမရှိလျှင် ထုတ်ပြန်ပြီးသည်နှင့်အာဏာတည်ပါတယ်။ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေပါ ပြဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ရခြင်းမရှိသေးသည့် အချိန်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန် အခက်အခဲများ ရှိခဲ့ပါတယ်။

ယခု ၂၀၁၇ ခုနှစ် နည်းဥပဒေ ထွက်ရှိပြီးနောက်ပိုင်းတွင် ဥပဒေအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပြီဖြစ်ပါတယ်။ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေအရ နိုင်ငံခြားသားတွေက စုပေါင်းပိုင် အဆောက်အအုံ အိမ်ခန်းတွေကိုဝယ်ယူခွင့်ရှိပါတယ်။

မေး။ ။ နိုင်ငံခြားသားတွေ အထပ်မြင့်ဝယ်တဲ့ အခါ ဥပဒေ အရ ဘယ်လို အထပ်မြင့်မျိုးတွေက အကျူံးဝင်ပါသလဲ။

- နိုင်ငံခြားသားတွေ အထပ်မြင့်ဝယ်တဲ့အခါမှာ အိမ်ခန်းသည် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေအရ မှတ်ပုံတင်ထားတဲ့ အိမ်ခန်း ဖြစ်ရပါမယ်။ စုပေါင်းပိုင် အဆောက်အအုံဆိုတာနဲ့ပတ်သက်ပြီး ဥပဒေပုဒ်မ - ၂(က) မှာ ပြဌာန်းထားတာက မှတ်ပုံတင်ထားတဲ့စုပေါင်းပိုင်မြေမှာ စုပေါင်းပိုင်အဆောက်အအုံအဖြစ်ဆောက်လုပ်ထားတဲ့ ၆ ထပ်နှင့်အထက် ရှိတဲ့အထပ်မြင့်အဆောက်အအုံကို စုပေါင်းပိုင်အဆောက်အအုံလို့ သတ်မှတ်ပါတယ်။
စုပေါင်းပိုင် အဆောက်အအုံဖြစ်ဖို့ရာမှာ
(၁) မှတ်ပုံတင်ထားတဲ့ စုပေါင်းပိုင်မြေမှာ ဆောက်လုပ်ထားရပါမယ်။
(၂) စုပေါင်းပိုင် အဆောက်အအုံအဖြစ် ဆောက်လုပ်ထားရပါမယ်။
(၃) ၆ ထပ်နှင့်အထက်ရှိရပါမယ်။

ပုဒ်မ ၂ (က) ပါ စုပေါင်းပိုင်မြေဆိုတာနဲ့ပတ်သက်ပြီးတော့ ပုဒ်မ (၁၀) နဲ့ ယှဉ်တွဲကြည့်ဖို့လိုပါမယ်။

ဥပဒေပုဒ်မ ၁၀ (က) အရ မှတ်ပုံတင်လိုတဲ့မြေသည် ဥပဒေတစ်ရပ်ရပ်အရ လူနေအိမ်ရာအဖြစ် ဆောက်လုပ်ခွင့်ရှိရပါမယ်။ ပိုင်ဆိုင်ခွင့် လွှဲပြောင်းနိုင်သော မြေအမျိုးအစားဖြစ်ရပါမယ်။

ဥပဒေပုဒ်မ ၁၀ (ခ) အရ မြေလက်ရှိပိုင်ဆိုင်သူက စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ စုပေါင်းပိုင်မြေအဖြစ် ပိုင်ဆိုင်ခွင့် လွှဲပြောင်းပေးပြီးဖြစ်ရပါမယ်။

ဥပဒေပုဒ်မ ၁၀ (ဂ) အရ မြို့ပြစီမံကိန်းအရ သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်းက သတ်မှတ်ထားတဲ့အချက်တွေနဲ့ ညီညွတ်ရပါမယ်။

ဥပဒေပုဒ်မ ၁၀ (ဃ) အရ မြေဧရိယာသည် အနည်းဆုံး စတုရန်းပေ ၂၀၀၀၀ နှင့်အထက်ရှိရပါမယ်။ မှတ်ပုံတင်ထားတဲ့ စုပေါင်းပိုင်မြေဖြစ်လာဖို့ရာမှာလည်း အထက်ပုဒ်မ ၁၀ ပါ ပြဌာန်းချက်များနဲ့ ညီညွတ်ရမှာဖြစ်ပါတယ်။

လတ်တလောကာလမှာ ကွန်ဒိုလို့အမည်တပ်ထားပေမယ့် မြေဧရိယာ စုစုပေါင်း စတုရန်းပေ ၂၀၀၀၀ အထက် ရှိတဲ့မြေ ပေါ်မှာ ဆောက်လုပ်ထားခြင်း မဟုတ်တဲ့ အဆောက်အအုံ များစွာရှိပါတယ်။

မေး။ ။ နိုင်ငံ့ခြားသားများက မြို့ နယ်တိုင်းမှာအဆောက်အဦးတွေ ဝယ်ခွင့် ရှိပါသလား၊ ဝယ်ခွင့် ရှိတဲ့ မြို့နယ်ရယ်လို့ သတ်မှတ်ချက်ရှိသလား။

- ဥပဒေ နည်းဥပဒေများအရတော့ သတ်မှတ်ချက်မတွေ့ပါဘူး။ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်ဟုလည်း မတွေ့ရှိရသေးပါဘူး။

မေး။ ။ နိုင်ငံခြားသားတစ်ယောက် က အိမ်ခန်း ဘယ်နှစ်ခန်းအထိ ဝယ်ယူခွင့် ရှိပါသလဲ။ ဝယ်ယူနိုင်တဲ့ အခန်းအရေအတွက် ကန့်သတ်ချက်ရှိပါသလား။

- ဥပဒေ ပုဒ်မ ၂၆(ဃ) နှင့် နည်းဥပဒေ ၃၄ အရ စုပေါင်းပိုင်အဆောက်အအုံတစ်လုံးရဲ့ ရောင်းချ၍ ရသော စုစုပေါင်းကြမ်းခင်း ဧရိယာ၏ ၄၀ ရာခိုင်နှုန်းထက် မပိုတဲ့ အိမ်ခန်းများကို နိုင်ငံခြားသားများကို ရောင်းချနိုင်ပါတယ်။

နည်းဥပဒေ - ၃၇ အရ စုပေါင်းပိုင်အဆောက်အအုံရှိအိမ်ခန်းများ၏ ၂၅ ရာခိုင်နှုန်းထက် မပိုသော အိမ်ခန်းများကိုသာ ဝယ်ယူသူတစ်ဦးတစ်ယောက်တည်း အမည်နဲ့ မှတ်ပုံတင်ခွင့်ရှိပါတယ်။ ဒီနည်းဥပဒေကတော့ နိုင်ငံသား၊ နိုင်ငံခြားသားရယ်လို့ ခွဲခြားဖော်ပြမထားပါ။ မည်သူမဆိုဖြစ်ပါတယ်။

ပြဌာန်းချက်များအရ အဆောက်အအုံတစ်လုံးမှာ လူတစ်ယောက်အမည်နဲ့ ၂၅% ထက်မပိုတဲ့အခန်းတွေကိုမှတ်ပုံတင်ခွင့်ရှိတယ်လို့သဘောပေါက်ပါတယ်။ အဖေ့နာမည်နဲ့ ၂၅% သားနာမည်နဲ့ ၂၅% ဆိုတာတွေဖြစ်လာနိုင်ပါတယ်။

နိုင်ငံခြားသားများအနေနဲ့ အဆောက်အအုံတစ်လုံးမှာ ၂၅% ထက်မပိုတဲ့ အိမ်ခန်းတွေအတွက် သူ့အမည်နဲ့မှတ်ပုံတင်ခွင့်ရှိပါတယ်။ သီးခြားဖြစ်တဲ့ စုပေါင်းပိုင် အဆောက်အအုံတစ်ခုမှာ ဆိုရင်လည်း ဒီအတိုင်းပဲလို့ သဘောပေါက်ပါတယ်။

မေး။ ။ နိုင်ငံခြားသားများအနေ နဲ့ ဝယ်ယူထားတဲ့ အခန်းကို ပြန်လည်ရောင်းချခွင့်၊ အငှားချခွင့်ရော ရှိပါသလား။

- ဥပဒေပုဒ်မ ၂၆ နှင့် နည်းဥပဒေ ၄၆ တို့အရ နိုင်ငံခြားသားသည် စုပေါင်းပိုင်သူ၏ အခွင့်အရေးများ ရထိုက်ခွင့်ရှိပါတယ်။ ပြန်လည် ရောင်းချခွင့်၊ အငှားချခွင့်၊ ခွင့်ပြုချက်ဖြင့်ထားပိုင်ခွင့်၊ ပေါင်နှံခွင့်ရှိပါတယ်။

နည်းဥပဒေ ၄၇ အရ နိုင်ငံခြားသားကွယ်လွန် (သို့မဟုတ်) ပြည်နှင်ဒဏ်ခံရရင် ဥပဒေအရ ဆက်ခံပိုင်ခွင့်ရှိသူက မှတ်ပုံတင်အရာရှိထံမှတဆင့် စီမံခန့်ခွဲရေးကော်မတီကို တင်ပြလျှောက်ထားနိုင်ပါတယ်။

မေး။ ။ စုပေါင်းပိုင် အဆောက်အဦးဖြစ်တဲ့အတွက် မြေအချိုးကျပိုင်ဆိုင်ခွင့် ရှိတဲ့အခါ နိုင်ငံခြားသား မြေပိုင်ဆိုင်ခွင့်မရှိဆိုတဲ့ ဥပဒေကို ဆန့်ကျင်ရာရော ရောက်ပါသလား။

- မူလအချိုးသင့်ပိုင်ဆိုင်မှု အစုအနေနဲ့ ပိုင်ဆိုင်တာဖြစ်ပါတယ်။ ဥပမာ- ရင်းနှီးပစ္စည်း (Asset) အပေါ်မှာ ရှယ်ယာ (Share) အနေနဲ့ပိုင်ဆိုင်တဲ့သဘောဖြစ်ပါတယ်။

မြေအမည်ပေါက် ပိုင်ဆိုင်ခြင်းမျိုး မဟုတ်ပါဘူး။ မြေဂရန် ပူးတွဲအမည်ပေါက်ပုံစံမျိုး မဟုတ်ပါဘူး။ ဒီလိုလုပ်ဖို့လည်း ခက်ခဲမှာဖြစ်ပါတယ်။ မဖြစ်နိုင်သလောက်ပါပဲ၊ အခန်းပေါင်းမြောက်မြားစွာ ပိုင်ဆိုင်သူပေါင်းမြောက်မြားစွာ အမည်များနဲ့ ပူးတွဲအမည်ပေါက် လုပ်နိုင်မှာမဟုတ်ပါဘူး။အရောင်းအဝယ်တွေလည်းရှိနေမှာဖြစ်တဲ့အတွက် အမည်ပေါက်တွေခဏခဏပြောင်းဖို့ မဖြစ်နိုင်ပါဘူး။

မှတ်ပုံတင်ထားတဲ့ စုပေါင်းပိုင်မြေနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းအထောက်အထား မူရင်းများကို စုပေါင်းပိုင် အဆောက်အအုံအသင်းရဲ့ အမှုဆောင်အဖွဲ့ ထံ မှတ်ပုံတင်အရာရှိက လွှဲပြောင်းပေးရမှာဖြစ်ပြီး စုပေါင်းပိုင်အဆောက်အအုံ၊ စုပေါင်းပိုင်မြေတို့နဲ့ပတ်သက်လို့ အသင်းနဲ့ အမှုဆောင်အဖွဲ့က စီမံခန့်ခွဲဆောင်ရွက်ရမှာဖြစ်ပါတယ်။

နောက်တစ်ချက်က နည်းဥပဒေ ၃၆ အရ နိုင်ငံခြားသားအနေနဲ့ စုပေါင်းပိုင် အဆောက်အအုံရဲ့သက်တမ်းကာလအတွင်းသာ အိမ်ခန်းကို ပိုင်ဆိုင်ခွင့်ရှိမှာဖြစ်ပါတယ်။

မေး။ ။ နိုင်ငံခြား သားတစ်ယောက် အိမ်ဝယ်ယူတော့ မယ်ဆိုရင် ဥပဒေအရ ဘယ်လို အချက်အလက် သတ်မှတ်ချက်မျိုး ရှိပါသလဲ။

- စုပေါင်းပိုင် အဆောက်အအုံက အိမ်ခန်းကို ရည်ညွှန်းတယ်လို့ထင်ပါတယ်။အချက်အလက် သတ်မှတ်ချက်တွေကို အပေါ်မှာ ရှင်းပြပေးထားပါတယ်။

မေး။ ။ စုပေါင်းပိုင် အဆောက်အဦးတစ်ခုမှာ နိုင်ငံခြားသားကိုရောင်းချခွင့် ရာခိုင်နှုန်း ဘယ်လောက်ပေးထားပါသလဲ။

- ရောင်းချနိုင်တဲ့ စုစုပေါင်း ကြမ်းခင်းဧရိယာရဲ့ ၄၀% ပါ။

မေး။ ။နိုင်ငံခြားသားတွေ အတွက် စုပေါင်းပိုင်အဆောင်အအုံဆိုင်ရာ ဥပဒေက ဘယ်လိုအကာအကွယ်တွေ ပေးထားပါသလဲ။

- ဥပဒေပုဒ်မ ၂၆ ပါ စုပေါင်းပိုင်သူရဲ့ အခွင့်အရေးများကို နိုင်ငံသားများနည်းတူ ခံစားခွင့်ပေးထားပါတယ်။

ဆက်ခံခွင့်နဲ့ပတ်သက်လို့ ဥပဒေ ပုဒ်မ ၂၆ မှာ နိုင်ငံသားအား အမွေဆက်ခံခွင့်လို့သာပါပေမယ့် နည်းဥပဒေ ၄၇ နဲ့ ကွယ်လွန် (သို့) ပြည်နှင်ဒဏ်ခံရတဲ့
နိုင်ငံခြားသားပိုင် အိမ်ခန်းဆက်ခံခွင့်ကို ပြဌာန်းပေးထားပါတယ်။

မေး။ ။ တခြားဖြည့်စွက်ပြောကြားချင်တာရှိရင်ပြောပြပေးပါ။

- အိမ်ခန်းများဝယ်ယူခြင်းတွေရှိလာတဲ့အခါမှာ နိုင်ငံခြားသားများရဲ့ ဝင်ငွေခွန်နဲ့စပ်လျဉ်းလို့ ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ထုတ်ပြန်ပေးဖို့လိုအပ်ပါတယ်။

ပြည်တွင်းနေနိုင်ငံခြားသား၊ နိုင်ငံအတွင်းမှဝင်ငွေရရှိသူနိုင်ငံခြားသားများအနေနဲ့ ဝင်ငွေခွန်ဥပဒေ စည်းမျဉ်းစည်းကမ်းများအရ အခွန်ဆောင်ထားခဲ့တယ် ဝင်ငွေရလမ်းပြနိုင်တယ်ဆိုရင် ပြဿနာမရှိလှပေမယ့် ပြည်တွင်းနေမဟုတ်သောနိုင်ငံခြားသား ပြည်တွင်းကဝင်ငွေရရှိတာမဟုတ်တဲ့နိုင်ငံခြားသားများက အိမ်ခန်းဝယ်မယ်ဆိုရင် ၄င်းရဲ့ဝင်ငွေရလမ်းကို မည်သို့စိစစ်မလဲ သက်ဆိုင်ရာနိုင်ငံမှာ ၄င်းရဲ့ ဝင်ငွေနဲ့စပ်လျဉ်းလို့စည်းကြပ်ခံယူထားခြင်း ရှိမရှိမည်သို့စိစစ်မလဲ၊စည်းကြပ်မှုမှလွတ်ကင်းနေသောဝင်ငွေအနေနဲ့ ၁၅%(သို့)၂၀%(သို့)၃၀% နဲ့စည်းကြပ်မှာလားဆိုတာတွေက တရားမဝင်တဲ့ငွေကြေးများ နိုင်ငံအတွင်းစီးဆင်းလာမှု မရှိစေရေး၊ ငွေကြေးခဝါချရာ ဈေးကွက်ဖြစ်မလာစေရေးအတွက် အရေးပါတယ်လို့ ယူဆပါတယ်။

Credit - Xinhua Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ
imyanmarmarket
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service