ကမ္ဘာကျော်မျက်လှည့်ဆရာကြီး ဟူဒီနီ၏ နယူးယောက်နေအိမ် ဝယ်လက်ပေါ်လာပြီ

ကမ္ဘာကျော်မျက်လှည့်ဆရာကြီး ဟူဒီနီ၏ နယူးယောက်နေအိမ် ဝယ်လက်ပေါ်လာပြီ - Property News in Myanmar from iMyanmarHouse.com
10 Jan 2018 11:27 am တွင် တင်ခဲ့သည်
4822 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော်မျက်လှည့်ဆရာကြီး ဟူဒီနီပိုင်ဆိုင်၊ နေထိုင်ခဲ့သည့် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ မန်ဟက်တန်အရပ်ရှိ နေအိမ်မှာ ယခုအခါ ဝယ်လက်ပေါ်ပေါက်လာပြီဖြစ်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဟူဒီနီသည် အဆိုပါနေအိမ်တွင် ဇနီးဖြစ်သူ ဘက်စ်နှင့်အတူ ၁၉၂၆ ခုနှစ် သူကွယ်လွန်ချိန် အသက် ၅၂ နှစ်အရွယ်အထိ နေထိုင်သွားခဲ့သည်။
၁၉၀၄ ခုနှစ်တွင် ယင်းနေအိမ်ကို ကန်ဒေါ်လာ ၂၅၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးအရောင်းဈေးကွက်သို့ ရောက်ရှိခဲ့သည်မှာ ကန်ဒေါ်လာ ၃ ဒသမ ၆ သန်းဖြင့် ဖြစ်သည်။

အဆိုပါဈေးနှုန်းမှာ စတင်ဈေးကွက်တင်ခဲ့သည့် ဈေးနှုန်းအောက် ကန်ဒေါ်လာ ၁ သန်းခန့် နည်းပါးနေပြီး ၂၀၁၇ ခုနှစ်၊ ဇွန်လအတွင်းက ကန်ဒေါ်လာ ၄ ဒသမ ၆ သန်းဖြင့် ဈေးခေါ်ခဲ့ခြင်း ဖြစ်သည်။

အနောက် ၁၁၃ လမ်းတွင် တည်ရှိပြီး နေအိမ်အကျယ်အဝန်းမှာ ၆၀၀၈ စတုရန်းပေ ရှိကာ ပြီးခဲ့သော ဒီဇင်ဘာလ ၃၀ ရက်က စာချုပ်ချုပ်ခဲ့ကြသည်ဟု ဆိုသည်။

ဝယ်လက်မည်သူဖြစ်သည်ဟူသည်နှင့် ဈေးနှုန်းမည်မျှဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်ဟူသည်များကိုမူ မသိရချေ။နေအိမ်အတွင်းတွင် မူလပါရှိသည့် ပစ္စည်းအများစုမှာ ယခင်အတိုင်းဆက်လက်တည်ရှိဆဲဖြစ်သည်။

နေအိမ်ကို ၁၈၉၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ပြီးနောက် အနည်းငယ်သာ လက်ပြောင်းလက်လွှဲဖြစ်ခဲ့သည်။လက်ရှိပိုင်ရှင်များက မိသားစု ၃ ခုနေထိုင်နိုင်သည့် နေအိမ်အဖြစ် ပြောင်းလဲခဲ့ပြီး တတိယထပ်ကို အိပ်ခန်း ၂ ခန်းပါ လူနေခန်းအဖြစ်ပြောင်းလဲခဲ့သည်။

ခြံဝန်းအတွင်း ပန်းဥယျာဉ်တစ်ခုပါဝင်ပြီး မျက်နှာကြက်များမှာ ခဲမဖြူဖြင့် ပြုလုပ်ထားခြင်းဖြစ်ကြောင်း အရောင်းဈေးကွက်တင်ခဲ့သည့် Douglas Elliman ကုမ္ပဏီမှ အိမ်ခြံမြေအကျိုးဆောင် မစ္စတာ ဒီထရီယာ ဒါဗူက ပြောကြားသည်။

ဟူဒီနီ၏ အမည်ရင်းမှာ ဟယ်ရီ ဟူဒီနီဖြစ်ပြီး ဟန်ဂေရီဖွား ၊ အမေရိကန်မျက်လှည့်ဆရာကြီးဖြစ်ကာ ၁၈၇၄ ခုနှစ်၊ မတ်လ ၂၄ ရက်တွင် မွေးဖွားပြီး ၁၉၂၆ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်တွင် ကွယ်လွန်ခဲ့သည်။

အချုပ်အနှောင်များမှ ဖြည်ထွက်ပြသည့် ပြကွက်ဖြင့် နာမည်ကျော်သည်။
ဥရောပတစ်ခွင် လှည့်လည်မျက်လှည့်ပြခဲ့စဉ်အတွင်းတွင်လည်း ရဲတပ်ဖွဲ့ဝင်များကို အချုပ်အနှောင်များမှ ထွက်ပြမည်ဟု စိန်ခေါ်ခဲ့ဖူးသည်။

ထို့အပြင် အထင်ရှားဆုံးဖြစ်ရပ်မှာ လန်ဒန်အခြေစိုက် ကမ္ဘာကျော် Daily Mirror သတင်းစာကြီး၏ စိန်ခေါ်မှုကို လက်ခံကာ ၎င်းတို့၏ ရှေ့မှောက်တွင် အချုပ်အနှောင်များမှ အလွတ်ရုန်းထွက်ပြခဲ့ခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘာကျော်မျက်လှည့်ဆရာကြီး ဟူဒီနီ၏ နယူးယောက်နေအိမ် ဝယ်လက်ပေါ်လာပြီ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်မျက်လှည့်ဆရာကြီး ဟူဒီနီ၏ နယူးယောက်နေအိမ် ဝယ်လက်ပေါ်လာပြီ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်မျက်လှည့်ဆရာကြီး ဟူဒီနီ၏ နယူးယောက်နေအိမ် ဝယ်လက်ပေါ်လာပြီ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်မျက်လှည့်ဆရာကြီး ဟူဒီနီ၏ နယူးယောက်နေအိမ် ဝယ်လက်ပေါ်လာပြီ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်မျက်လှည့်ဆရာကြီး ဟူဒီနီ၏ နယူးယောက်နေအိမ် ဝယ်လက်ပေါ်လာပြီ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်မျက်လှည့်ဆရာကြီး ဟူဒီနီ၏ နယူးယောက်နေအိမ် ဝယ်လက်ပေါ်လာပြီ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်မျက်လှည့်ဆရာကြီး ဟူဒီနီ၏ နယူးယောက်နေအိမ် ဝယ်လက်ပေါ်လာပြီ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service