စီအိတ်ခ်ျဒီဘဏ် ငွေကြေးလိုနေတဲ့ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်တွေကို ငွေချေးပေးမည်

စီအိတ်ခ်ျဒီဘဏ် ငွေကြေးလိုနေတဲ့ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်တွေကို ငွေချေးပေးမည် - Property News in Myanmar from iMyanmarHouse.com
10 Jan 2018 10:39 am တွင် တင်ခဲ့သည်
6838 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ငွေကြေးလိုအပ်ချက်ရှိနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကိုသက်သာတဲ့ အတိုးနှုန်းထားနဲ့ သုံးနှစ် ကနေ ငါးနှစ်အထိချေးငွေထုတ်ပေးမှာဖြစ်တယ်လို့ CHD Bank ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ငွေထုတ်ချေးတဲ့အခါ တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းတွေနဲ့ အငြိမ်းစားဝန်ထမ်းတွေအတွက် အငှားအိမ်ရာနဲ့ အရောင်းအိမ်ရာတည်ဆောက်ရေးလုပ်ငန်းတွေ၊ တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ အခြေခံအဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းတွေမှာ တင်ဒါအောင်မြင်သူတွေကို ဦးစားပေးထုတ်ချေးပေးမှာ ဖြစ်သလို ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းတွေ၊ ထုတ်လုပ်မှုလုပ်ငန်းတွေအတွက်လည်း ချေးငွေထုတ်ချေးတာတွေကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးကိုချေးငွေရရှိ အောင်ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

လုပ်ငန်းတွေရဲ့ လိုအပ်ချက်အရတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တွေ၊ နေပြည်တော်ကောင်စီ၊ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း (တိုင်းနဲ့ ပြည်နယ် MCEA )ထောက်ခံချက်နဲ့ လျှောက်ထားသူတွေကို ဦးစားပေးဆောင်ရွက်မှာ ဖြစ်ပါတယ်။ ချေးငွေအတိုးနဲ့ သက်တမ်းကတော့ တစ်နှစ်ကိုအတိုး နှုန်း ၁၁ ရာခိုင်နှုန်းနဲ့ သက်တမ်းက သုံးနှစ်ကနေ ငါးနှစ်အထိသတ်မှတ်ထားကြောင်းသိရပါတယ်။ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်တဲ့ အဖွဲ့အစည်းတစ်ခုကို လုပ်ငန်းပြီးစီးမှုအလိုက်လုပ်ငန်းတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ၊ အာမခံထားရှိမှုအပေါ်ရာဖြတ်တန်ဖိုးကို အခြေ ပြုပြီး လုပ်ငန်းသဘာဝအပေါ် အခြေခံပြီးထုတ်ချေးဖို့ လျာထားကြောင်းသိရပါတယ်။

ချေးငွေအတွက် အာမခံအနေနဲ့ မရွှေ့ ပြောင်းနိုင်တဲ့ ပစ္စည်းတွေဖြစ်တဲ့ မြေနဲ့အဆောက်အအုံတွေအပြင် အပ်ငွေအမျိုးမျိုး၊ အစိုးရငွေတိုက်လက်မှတ်နဲ့ ငွေတိုက်စာချုပ်၊ စတော့ခ်ရှယ်ယာ၊ ဒီဘင်ချာ၊ ဘဏ်အာမခံ၊ အစိုးရအာမခံ၊ ချေးငွေအာမခံ လက်မှတ်တွေကိုအာမခံအဖြစ် လက်ခံဆောင်ရွက်မှာဖြစ်ပြီး CGI စနစ်နဲ့ ဆောင်ရွက်ရင် ချေးငွေပမာဏကန့်သတ်ချက်နဲ့ရရှိနိုင်မှာဖြစ် ကြောင်းသိရပါတယ်။ချေးငွေပြန်ပေးဆပ်ရမယ့် အစီအစဉ်အနေနဲ့ (က)သုံးနှစ်ဆိုရင် ပထမတစ်နှစ် ဆိုင်းငံ့ကာလအဖြစ်အတိုးကိုပေးသွင်းပြီး ကျန်နှစ်နှစ်အတွင်း ရှစ်ရစ်နဲ့လည်းကောင်း၊ (ခ) လေးနှစ်ဖြစ်ရင် ပထမတစ်နှစ်နဲ့ ခြောက်လဆိုင်းငံ့ကာလအဖြစ် အတိုးကိုသာပေးသွင်းပြီး ကျန်နှစ်နှစ်နဲ့ ခြောက်လမှာ ၁၀ ရစ်နဲ့လည်းကောင်း၊ (ဂ) ငါးနှစ်ဖြစ်ရင် ပထမနှစ်နှစ်ကိုဆိုင်းငံ့ကာလအဖြစ် အတိုးကိုပေးသွင်းပြီး ကျန်သုံးနှစ်အတွင်း ၁၂ ရစ်နဲ့ပေးဆပ်ရမှာဖြစ်တယ်လို့ သိရပါတယ်။

ချေးငွေလျှောက်ထားလိုသူတွေဟာမိမိနဲ့နီးစပ်ရာဆောက်လုပ်ရေးနဲ့အိမ်ရာဖွံ့ဖြိုးရေးဘဏ်ခွဲတွေမှာလျှောက်ထားနိုင်ပြီးချေးငွေကိုလျင်မြန်စွာထုတ်ချေးနိုင်နိုင်ဖို့အတွက်ဘဏ်လုပ်ထုံးလုပ်နည်းအရလိုအပ်ချက်အပြည့်အစုံနဲ့ တင်ပြသူတွေကို ချေးငွေစိစစ်အကဲဖြတ်ရေးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးပြီး ဘဏ်ချေးငွေကော်မတီနဲ့ ဘဏ်ဒါရိုက်တာဘုတ်အဖွဲ့ကစိစစ်ခွင့်ပြုပေးမှာ ဖြစ်ကြောင်းသိရပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

CarsDB Showroom Opening
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service