One Belt One Road စီမံကိန်းဖြင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ကို မြန်မာနှင့်တရုတ် ပူးပေါင်းအကောင်အထည် ဖော်ရန် တရုတ်-မြန်မာစီးပွားရေးစင်္ကြံင်္လမ်း အား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ၂၀၁၇ ခုနှစ် မေ ၁၄ ရက်တွင် နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။
တရုတ်တို့၏ ပိုးလမ်းမကြီး အစိတ်အပိုင်း တစ်ခုဖြစ်သော အင်္ဂလိပ်လို ဝိုင်ပြောင်းပြန် One Belt One Road သည် မြန်မာနိုင်ငံ တွင် တရုတ်နိုင်ငံကူမင်းမှ မြန်မာနိုင်ငံ ကျောက် ဖြူ မီးရထားလမ်းစီမံကိန်းနှင့် မန္တလေး -ရန်ကုန် ကျည်ဆန်အမြန်ရထားလမ်းဖောက်လုပ်ရေး တို့၌ ပါဝင်နေသည်။
တရုတ်တို့၏ ပိုးလမ်းမကြီးကို တရုတ်ကူ မင်းမှ မြန်မာနိုင်ငံ မန္တလေး- ရန်ကုန်နှင့် ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံ ခြောက်နိုင်ငံတို့ကို ဖြတ်သန်းမည်ဖြစ်သည်။ အလားတူပင် တရုတ်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် အရှေ့ဥရောပနိုင်ငံများနှင့်လည်း မန္တလေးမှခွဲ၍ ဖြတ်သန်းမည်ဖြစ်ရာ အင်္ဂလိပ် လို ဝိုင်ပုံသဏ္ဌာန်လမ်းကြောင်းကြီးသည် မြန်မာနိုင်ငံက အဓိကနိုင်ငံဖြစ်လျက်ရှိသည်။
မြန်မာတို့က မီးရထားလမ်းရော ကားလမ်း ပါ ပါဝင်နေ၍ ဒုတိယကမ္ဘာစစ်က ဖောက် လုပ်ခဲ့သော တရုတ်-မြန်မာ လီဒိုလမ်းမဟောင်း ကြီးသည်လည်း ပြန်လည်အသက်ဝင်လာနိုင် မည်ဖြစ်သည်။
ယခုအခါ တရုတ်ပြည်တွင် ပိုးလမ်းမကြီး ဖောက်လုပ်မှုမှာ ကူမင်းမှ ယူနန်ပြည်နယ် ရွှေလီအထိ လမ်းပေါက်နေ၍ မြန်မာပြည် သို့ ဝင်ရန်သာကျန်ရှိတော့သည်။ အလားတူ TAR ခေါ် Train Asia Railway တွင် အာရှ-ဥရောပ၊ အရှေ့တောင်အာရှ ဖောက် လုပ်ရေးကွန်ရက်မှာ တရုတ်တို့က ၂၀ဝ၈ ခုနှစ်မှစ၍ တာလီမှ ပေါင်စန်းအထိ ၁၃၃ ဒသမ ၆ ကီလိုမီတာ မီးရထားလမ်းဖောက် လုပ်ခဲ့သည်။ ပေါင်စန်းမှ ရွှေလီအထိ ၁၉၆ ဒသမ ၄ ကီလိုမီတာကို ၂၀၂၂ ခုနှစ်အပြီး ဖောက်လုပ်၍ ရထားပြေးဆွဲမည်ဟု ဆိုသည်။
မကြာမီတွင် မြန်မာပြည်ထဲဝင်၍ ရွှေလီ- မူဆယ်-မန္တလေး မီးရထားလမ်းဖောက်မည် ဖြစ်ရာ မန္တလေးမှ လားရှိုးအထိ ရထားလမ်း ရှိပြီးသားဖြစ်၍ ရွှေလီ-မူဆယ်--လားရှိုးမီးရထား လမ်းသစ် ဖောက်လုပ်ရမည်ဖြစ်သည်။
မန္တလေး-ရွှေလီ ပြီးလျှင် တစ်လမ်းက မန္တလေး-ကျောက်ဖြူလမ်းပိုင်း၊ တစ်လမ်းက မန္တလေး-ရန်ကုန်လမ်းပိုင်းဖြစ်သည်။ ရန်ကုန်မှ ပဲခူး-သံဖြူဇရပ်-ရေးအထိ ရထားလမ်းရှိပြီး ဖြစ်ရာ ထိုင်းနိုင်ငံသို့ သံဖြူဇရပ်မှ ဝင်ရန်ဖြစ်သည်။
တရုတ်-မြန်မာ-အိန္ဒိယ-ထိုင်း ဆက်သွယ် မည့်မီးရထားလမ်း၊ ကားလမ်းများ ဆက်သွယ် မည့် ကွန်ရက်သည် အရှေ့ဥရောပမှ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်မှ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်တို့ အထိရောက်မည့်စီမံကိန်းဖြစ်ခြင်းကြောင့် ခြောက်နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
အထက်မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းဥက္ကဋ္ဌ ဦးဌေးအောင်ကမူ ကျောက်ဖြူ- ကူမင်း မီးရထားလမ်းစီမံကိန်းသည် ရခိုင်မှ သား၊ ငါးပုစွန်တို့ကို နေ့ချင်းပို့နိုင်ပြီး မြန်မာနိုင်ငံ၏ စီးပွားဖွံ့ဖြိုးရေးအတွက် အရေးပါ သော စီမံကိန်းသစ်ဖြစ်ကြောင်း ၎င်း၏ဆွေးနွေး ချက်စာတမ်း၌ ဖော်ပြထားသည်။
One Belt One Road သည် မြန်မာနိုင်ငံသာမက အရှေ့တောင်အာရှနိုင်ငံ
ခြောက်နိုင်ငံအတွက် ယခုထက်များစွာ ဖွံ့ဖြိုးတိုးတက် လာမည်မှာ မလွဲဧကန်ဖြစ်ကြောင်း သိရသည်။
Credit: Myanmar Times