အကြွေးဝယ်ကတ်သုံးပြီး ငွေပြန်မသွင်းသူများကို ဧရာဝတီဘဏ် သတိပေး

အကြွေးဝယ်ကတ်သုံးပြီး ငွေပြန်မသွင်းသူများကို ဧရာဝတီဘဏ် သတိပေး - Property News in Myanmar from iMyanmarHouse.com
9 Jan 2018 10:09 am တွင် တင်ခဲ့သည်
12142 ကြိမ် ကြည့်ရှု့ပြီး
ဧရာဝတီဘဏ်က ထုတ်ပေးသည့် အကြွေးဝယ်ကတ် (Credit Card) သုံးစွဲပြီး ငွေ လုံးဝ ပြန်မသွင်းသူများသည် ဇန်နဝါရီလ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး ငွေပြန်သွင်းရန် ယင်းဘဏ်က သတိပေးချက် ထုတ်ပြန်သည်။

အကယ်၍ ယင်းနေ့အထိငွေ ပြန်မဆပ်ပါက အမည်နှင့် မှတ်ပုံတင်နံပါတ်များကို ထုတ်ပြန်ကာ ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ဧရာဝတီဘဏ်၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါ Credit Card သုံးစွဲသူသည် ဘဏ်က သတ်မှတ်ထားသည့် ငွေ ပမာဏ အနည်းဆုံးကို ရက်ပေါင်း ၂၀ အတွင်း ပြန်လည် ထည့်သွင်းပေးရပြီး ယင်းရက်အတွင်း မထည့်ပေးနိုင်ပါက နောက်ကျကြေးနှင့် ဘဏ်ကတ်ထဲသို့ ငွေပြန်ထည့်နိုင်ကြောင်း၊ ယခုကြေညာသူများသည် လုံးဝ ငွေမသွင်းသူများဖြစ်ကြောင်း ယင်းဘဏ်၏ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

“သူတို့ဆီ သတိပေးစာ နှစ်ကြိမ်တောင် ပို့ထားပါတယ်။ ပိုက်ဆံထုတ်ပြီး လေးလ၊ ငါးလဆက်တိုက် အကြောင်းမပြန်တာကို ဒီလ နောက်ဆုံးထားပြီး ပိုက်ဆံသွင်းဖို့ သတိပေးတာပါ။ မဆက်ဘူးဆိုရင် ဥပဒေအရပဲ ဆက်ပြီးလုပ်မှာပါ”ဟု ၎င်းကဆိုသည်။

ဧရာဝတီဘဏ်က တရုတ်နိုင်ငံ အခြေစိုက် ကတ်ကုမ္ပဏီတစ်ခုဖြစ်သည့် UPI နှင့် Visa ကတ်ကုမ္ပဏီများနှင့် ပူးပေါင်း၍ အကြွေးဝယ်ကတ်များကို ထုတ်ထားပြီး Silver, Gold နှင့် Platinum ဟူသည့် ကတ်အမျိုးအစား သုံးမျိုးခွဲခြားထားကြောင်း ဧရာဝတီဘဏ်ထံမှ သိရသည်။

သို့သော် အများစုမှာ ဝင်ငွေ၏တစ်ဆသာ (လစဉ် ဝင်ငွေအတိုင်း) ချေးငွေရသည့် Silver ကတ်များကို သုံးစွဲကြကြောင်း ယင်းဘဏ်၏ အကြွေးဝယ်ကတ် သုံးစွဲသူများထံမှ သိရသည်။

“ကတ်ထဲကငွေထုတ်ပြီး နောက်ကျကြေးနဲ့ ငွေပြန်ထည့်ပါတယ်။ အများကြီး ထည့်စရာ မလိုပါဘူး။ တစ်ခါထည့် လေးသောင်း၊ ငါးသောင်းပါပဲ။ ကျွန်တော်တို့လည်း လတိုင်း မထည့်ဘူး။ ပျက်တဲ့လတွေလည်း ရှိတယ်။ အခုက လုံးဝ မထည့်သူတွေပဲ ပြောတာ”ဟု ဧရာဝတီဘဏ်ကတ်သုံးစွဲသူ ဦးစိုးမိုးအောင်က ပြောကြားသည်။

အကြွေးဝယ်ကတ် သုံးစွဲသူသည် တစ်လခွဲအတွင်း ငွေရင်းပြန်ဆပ်ပါက အတိုးပေးရန် မလိုကြောင်း၊ ယင်းကာလအတွင်း ပြန်မဆပ်ပါက အတိုးနှင့်တကွ ငွေပြန်လည် ပေးသွင်းရမည်ဖြစ်ကြောင်း၊ UPI နှင့်ပူးပေါင်း၍ အကြွေးဝယ်ကတ်ကို ခန့်မှန်းခြေ ကတ်ငါးသောင်းနီးပါး ထုတ်ထားကြောင်း ဧရာဝတီဘဏ်ထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

Shwe Moe Kaung
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service