မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှား ဝဘ်ဆိုဒ်ဖြစ်သည့် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ စစ်တွေမြို့ မြစ်ကမ်း မြေဖို့မြေယာဖော်ဆောင်ရေးစီမံကိန်း အရောင်းပြပွဲကြီးကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၆ ရက် နှင့် ၇ ရက်နေ့ များတွင် စစ်တွေ စီမံကိန်းနေရာ (ဖဖြူလမ်း) နှင့် ရန်ကုန် နိုဗိုတယ်ဟိုတယ်တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းသည် ရခိုင်ပြည်နယ် အစိုးရနှင့် ကိုရီးယားကုမ္ပဏီဖြစ်သော BXT International Co., Ltd. တို့မှ အကျိုးတူ ပူးပေါင်း ဖော်ဆောင်သည့် စီမံကိန်း ဖြစ်ပြီး ပြပွဲဖွင့်ပွဲအခမ်းအနားတွင် ရခိုင်ပြည်နယ် စိုက်ပျိုးရေး မွေးမြူရေး သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဦးကျော်လွင် အဖွင့်မိန့်ခွန်းပြောကြားပေးခဲ့သည်။
မြေကွက်များကို ၁ပေပတ်လည် ၂၅၀၀၀ ကျပ်မှ စတင်ရောင်းချခဲ့သဖြင့် ဝယ်ယူသူများပြားကာ အရောင်းပြပွဲ နှစ်ရက်အတွင်း ကျပ်ငွေ (၂၆) ဘီလီယံ (ဒေါ်လာ ၁၉.၅ သန်း) ကျော်ဖိုးရှိသော မြေကွက်ပေါင်း (၂၄၀) ကျော်ကို ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
" ကျွန်တော်တို့က ဒီစီမံကိန်း စတင်ကတည်းက ဝယ်ဖို့ စိတ်ဝင်စားတာ အခုလို ဈေးသက်သာတော့ ပိုအဆင်ပြေသွားတာပေါ့။ " ဟု စစ်တွေ စီမံကိန်းနေရာတွင် မနက် (၆)နာရီအချိန်တည်းက တိုကင်ယူကာ စောင့်ဆိုင်း ဝယ်ယူသည့် ဝယ်သူတစ်ဦးက ပြောကြားခဲ့သည်။
ဝယ်ယူသူအများစုသည် စစ်တွေမြို့ ရှိ ဒေသခံများနှင့် ရခိုင်ဇာတိများဖြစ်ပြီး ကိုယ်တိုင်နေရန်နှင့် လုပ်ငန်းလုပ်ဖို့ ဝယ်ယူကြကြောင်း အရောင်းပိုင်းအား တာဝန်ယူထားသည့် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ မန်နေဂျင်း ဒါရိုက်တာ ဦးနေမင်းသူမှ အခုလို ပြောကြားခဲ့သည်။ " ဒေသခံတွေက စစ်တွေမြို့ မှာ မြေဈေးအရမ်းကြီးတာ သိကြတယ်။ ဒီတော့ ဒီစီမံကိန်းကို ဘယ်တော့ အရောင်းဖွင့်မလဲ ဆိုပြီး စောင့်နေကြတာ။ အခုလို ကျွန်တော်တို့ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းကနေ ဒေသခံတွေ အဆင်ပြေမယ့် ဈေးနှုန်းနဲ့ ရောင်းချပေးတော့ သူတို့လည်း အရမ်းအားပေးကြတယ်။ တချို့ ဆို စစ်တွေမှာ လူအရမ်းများလို့ဆိုပြီး ရန်ကုန်အထိ လေယာဉ်စီးပြီး လာဝယ်ကြတယ်။ စစ်တွေ အရောင်းပြခန်းမှာလည်း မနက် ၆ နာရီတည်းက တန်းစီစောင့်ဝယ်ကြတာ တွေ့ရတယ်။ မြန်မာပြည် အနယ်နယ်အရပ်ရပ်ကို ရောက်ရှိနေကြတဲ့ ရခိုင်လူမျိုးတွေကလည်း ရန်ကုန်မှာ လာရောက်ပြီး ဝယ်ယူကြတာကို တွေ့ရပါတယ်။"
အရောင်းပြပွဲအပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၈ ရက်နေ့မှစတင်ကာ စစ်တွေမြို့  စီမံကိန်း နေရာ (ဖဖြူလမ်း) နှင့် ရန်ကုန်မြို့ ရှိ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းရုံးခန်းတို့တွင် ဆက်လက်ရောင်းချမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)