ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် လက်ထပ်မည့် အမေရိကန်သူ မီဂန်မာကယ်လ် နေထိုင်ခဲ့သော ကနေဒါနေအိမ် အရောင်းဈေးကွက်တင်ပြီး တစ်ပတ်အတွင်း ရောင်းစွံ

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် လက်ထပ်မည့် အမေရိကန်သူ မီဂန်မာကယ်လ် နေထိုင်ခဲ့သော ကနေဒါနေအိမ် အရောင်းဈေးကွက်တင်ပြီး တစ်ပတ်အတွင်း ရောင်းစွံ - Property News in Myanmar from iMyanmarHouse.com
8 Jan 2018 12:14 pm တွင် တင်ခဲ့သည်
11055 ကြိမ် ကြည့်ရှု့ပြီး
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် လက်ထပ်မည့် အမေရိကန်သူ မီဂန်မာကယ်လ် နေထိုင်ခဲ့သော ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့ ရှိနေအိမ်သည် အရောင်းဈေးကွက်တင်ပြီး တစ်ပတ်အတွင်း ရောင်းထွက်သွားကြောင်း နယူးယောက်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

နေအိမ်ကို ကယ်လီဖိုးနီးယား ဘန်ဂလို ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး ပြီးခဲ့သောလအတွင်း မင်းသားဟယ်ရီနှင့် မစေ့စပ်မီ ကာလအထိ မီဂန်မာကယ်လ် ငှားရမ်းနေထိုင်ခဲ့သည်။

တိုရွန်တိုမြို့  အနောက်ဘက်စွန်း Seaton Village အရပ်တွင် တည်ရှိပြီး မီဂန်မာကယ်က ၂ နှစ်ခန့် ငှားရမ်းနေထိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါနေအိမ်သည် မီဂန်မာကယ်လ်၏ စေ့စပ်ပွဲနောက်ပိုင်း များစွာထင်ရှားလူသိများခဲ့ရာ ကန်ဒေါ်လာ ၁ ဒသမ ၀၉ သန်းဖြင့် အရောင်းဈေးကွက်တင်ပြီး ရက်သတ္တ တစ်ပတ်အတွင်း ရောင်းထွက်သွားခဲ့ခြင်းလည်း ဖြစ်သည်။

အရောင်းအဝယ်ပြီးစီးသွားပြီဖြစ်သော်လည်း ဈေးနှုန်းမည်မျှဖြင့် ရောင်းဝယ်ခဲ့ကြသည်ကိုမူ ထုတ်ဖော်ကြေညာခဲ့ခြင်း မရှိကြချေ။

ဘန်ဂလိုဟန်နေအိမ်တစ်လုံးကို ဒေါ်လာတစ်သန်းဈေးခေါ်သည်မှာ များလွန်းသည်ဟူ၍လည်း ဝေဖန်မှုများ ရှိသည်။ နေအိမ်အတွင်း အိပ်ခန်း ၃ ခန်း၊ ထမင်းစားခန်းနှင့်တွဲဖက်ထားသည့် မီးဖိုဆောင်၊ ပန်းဥယျာဉ်တစ်ခု၊ မြေအောက်ခန်းတစ်ခန်း၊ ကား ၂ စင်းဆန့် ကားဂိုဒေါင်တို့ ပါဝင်သည်။

မီဂန်မာကယ်လ်သည် “Suits” အမည်ရှိ ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးစဉ်ကာလအတွင်း ငှားရမ်းနေထိုင်ခဲ့ခြင်း ဖြစ်သည်။
မင်းသားဟန်လီနှင့် မီဂန်မာကယ်လ်တို့သည် စေ့စပ်ခြင်းမပြုမီက အဆိုပါနေအိမ်တွင် နေထိုင်အချိန်ဖြုန်းခဲ့ကြသည်ဟုဆိုသည်။

မီဂန်မာကယ်လ်က အဆိုပါနေအိမ်ကို ကယ်လီဖိုးနီးယားဘယ်ဂလို ဗိသုကာဟန်ဖြင့် ကိုယ်တိုင်မွန်းမံခဲ့ခြင်းဖြစ်ကြောင်း သူ၏ ကိုယ်ပိုင်ဘလော့ဖြစ်သည့် Tig တွင် ရေးသားဖော်ပြထားသည်။

မီဂန်မာကယ်သည် ယခုအခါ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၊ ကန်ဆင်တန်နန်းတော်အတွင်းရှိ စံအိမ်တစ်ခုတွင် နေထိုင်လျက်ရှိကာ မကြာမီကာလအတွင်း တော်ဝင်မင်းသားဟယ်ရီနှင့် ထိမ်းမြားလက်ထပ်တော့မည် ဖြစ်သည်။
ယခုနေအိမ်ကို ရောင်းချလိုက်သည့် ပိုင်ရှင်များမှာ နယူးယောက်အခြေစိုက် ဖက်ရှင်ဒီဇိုင်နာ အဲလစ်ဇဘက် ကာဘရယ်နှင့် ခင်ပွန်းဖြစ်သူ ကီဗင် အိုနီးလ်တို့ဖြစ်သည်။

အဲလစ်ဇဘက်တို့ ဇနီးမောင်နှံက တိုရွန်တိုမြို့၊ ယာမောက်လမ်း၊ အမှတ် ၁၀ ရှိ အဆိုပါနေအိမ်ကို ၂၀၀၇ ခုနှစ်အတွင်း ကန်ဒေါ်လာ ၅၀၈၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ယခုနေအိမ် အရောင်းဈေးကွက်တင်သည့်သတင်းကို iMyanmarHouse.com တွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက (က) https://www.imyanmarhouse.com/news/read/692189 (ခ) https://www.imyanmarhouse.com/news/read/688943 အင်တာနက်လင့်ခ်များတွင် ဖတ်ရှုနိုင်ပါသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် လက်ထပ်မည့် အမေရိကန်သူ မီဂန်မာကယ်လ် နေထိုင်ခဲ့သော ကနေဒါနေအိမ် အရောင်းဈေးကွက်တင်ပြီး တစ်ပတ်အတွင်း ရောင်းစွံ - Property News in Myanmar from iMyanmarHouse.com
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် လက်ထပ်မည့် အမေရိကန်သူ မီဂန်မာကယ်လ် နေထိုင်ခဲ့သော ကနေဒါနေအိမ် အရောင်းဈေးကွက်တင်ပြီး တစ်ပတ်အတွင်း ရောင်းစွံ - Property News in Myanmar from iMyanmarHouse.com
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် လက်ထပ်မည့် အမေရိကန်သူ မီဂန်မာကယ်လ် နေထိုင်ခဲ့သော ကနေဒါနေအိမ် အရောင်းဈေးကွက်တင်ပြီး တစ်ပတ်အတွင်း ရောင်းစွံ - Property News in Myanmar from iMyanmarHouse.com
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် လက်ထပ်မည့် အမေရိကန်သူ မီဂန်မာကယ်လ် နေထိုင်ခဲ့သော ကနေဒါနေအိမ် အရောင်းဈေးကွက်တင်ပြီး တစ်ပတ်အတွင်း ရောင်းစွံ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

Shwe Moe Kaung
CarsDB Showroom Opening

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service