တရုတ်ထိပ်တန်းအိမ်ခြံမြေ ကုမ္ပဏီနှစ်ခုက ကမ္ဘောဒီးယားတွင် ကန်ဒေါ်လာ ၇ ဘီလီယံ သုံးစွဲကာ အခြေခံအဆောက်အအုံများ ဆောက်လုပ်ပေးရန် ကတိပြု

တရုတ်ထိပ်တန်းအိမ်ခြံမြေ ကုမ္ပဏီနှစ်ခုက ကမ္ဘောဒီးယားတွင် ကန်ဒေါ်လာ ၇ ဘီလီယံ သုံးစွဲကာ အခြေခံအဆောက်အအုံများ ဆောက်လုပ်ပေးရန် ကတိပြု - Property News in Myanmar from iMyanmarHouse.com
8 Jan 2018 12:11 pm တွင် တင်ခဲ့သည်
5290 ကြိမ် ကြည့်ရှု့ပြီး
တရုတ်ထိပ်တန်းအိမ်ခြံမြေ ကုမ္ပဏီနှစ်ခုသည် ကမ္ဘောဒီးယားတွင် ကန်ဒေါ်လာ ၇ ဘီလီယံ သုံးစွဲကာ အခြေခံအဆောက်အအုံများ ဆောက်လုပ်ပေးရန် ကတိပြုလိုက်ကြောင်း ဖနွမ်းပင်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

သို့အတွက် လာမည့်နှစ်များအတွင်း တရုတ် ၊ကမ္ဘောဒီးယားဆက်ဆံရေးသည် ကမ္ဘောဒီးယားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် အဆုံးအဖြတ်ပေးမည့် အကြောင်းရပ်ဖြစ်လာသည်။

တရုတ်အိမ်ခြံမြေ ကုမ္ပဏီနှစ်ခုသည် ကမ္ဘောဒီးယား၏ အခြေခံအဆောက်အအုံ ၊ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေးနှင့်ဘဏ္ဍာရေးကဏ္ဍများတွင် ကန်ဒေါ်လာ ၇ ဘီလီယံသုံးစွဲကာ ရင်းနှီးမြှပ်နှံသွားမည် ဖြစ်သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်သည် ဟီနန်သယ်ယူပို့ဆောင်ရေးနှင့် ရင်းနှီးမြှပ်နှံမှုအုပ်စု ဥက္ကဌ မစ္စတာ ချန်းဝီရှန်း ၊ Greenland Holding Group ဥက္ကဌ မစ္စတာ ကျန်းယူလင်းတို့နှင့် တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်း ယခုကဲ့သို့ထုတ်ပြန်ကြေငြာလိုက်ခြင်းဖြစ်သည်။

ဆောက်လုပ်မည့် စီမံကိန်းများတွင် ဖနွမ်းပင်နှင့် သီဟာနုဗီလီတို့ကို ဆက်သွယ်ပေးမည့် အမြန်လမ်းတစ်ခု၊ မြို့ သစ်စီမံကိန်းတစ်ခု ၊ ခရီးသွားလုပ်ငန်းဗဟိုအဆောက်အအုံတစ်ခုနှင့် တစ်နိုင်လုံးအတိုင်းအတာ ဖြန့်ကျက်မည့် ကူးသန်းရောင်းဝယ်ရေးဘဏ်တစ်ခုတို့ အပါအဝင်ဖြစ်သည်။

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှပ်နှံမှုသည် ကမ္ဘောဒီးယားစီးပွားရေး၏ အရေးပါသည့် ဒေါက်တိုင်တစ်ခုအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်သည်။
ဆယ်စုနှစ် နှစ်ခုတာ စီးပွားရေးဆက်တိုက်ဖွံ့ ဖြိုးမှုကြောင့် ကမ္ဘောဒီးယားသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်မှ ရုန်းထွက်နိုင်ခဲ့သည်။

တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှပ်နှံမှု အကြီးမားဆုံးပြုလုပ်ထားသည့် နိုင်ငံဖြစ်ပြီး ၁၉၉၄ မှ ၂၀၁၆ အကြား ကဏ္ဍစုံတွင် ကန်ဒေါ်လာ ၁၄ ဘီလီယံကျော် ရင်းနှီးမြှပ်နှံထားခဲ့ပြီးဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တရုတ်ထိပ်တန်းအိမ်ခြံမြေ ကုမ္ပဏီနှစ်ခုက ကမ္ဘောဒီးယားတွင် ကန်ဒေါ်လာ ၇ ဘီလီယံ သုံးစွဲကာ အခြေခံအဆောက်အအုံများ ဆောက်လုပ်ပေးရန် ကတိပြု - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

CarsDB
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service