ရန်ကုန်မြို့ရှိ အမွေအနှစ်တန်ဖိုးရှိသော အဆောက်အအုံများနှင့် အများပြည်သူပိုင်နေရာများကို ရေရှည်တည်တံ့စေရန် လက်ရာမပျက် ပြုပြင်ထိန်းသိမ်းအောင်မြင်ခဲ့သည့်စီမံကိန်းများကို အသိအမှတ်ပြုရန်ရည်ရွယ်၍ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့(YTH)က အမွေအနှစ်ထိန်း သိမ်းရေးဆုချီးမြှင့်မည်ဖြစ်ကြောင်း ရန်ကုန် မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့က ထုတ်ပြန်သည်။
ဆက်သွယ်မေးမြန်းနိုင်
ဆု ရွေးချယ်ရာတွင် အဆောက်အအုံ သို့မဟုတ် အများပိုင်နေရာတစ်ခုသည် အနည်း ဆုံးနှစ် ၄၀ ကျော်သက်တမ်းရှိပြီး အမွေ အနှစ်တန်ဖိုးရှိရမည်ဖြစ်ကြောင်း၊ အကယ်၍ ပြိုင်ပွဲဝင်စီမံကိန်းသည် အမွေအနှစ်ဆိုင်ရာ တန်ဖိုးရှိ မရှိမသေချာပါက တင်သွင်းသူသည် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့သို့ လျှောက်လွှာမတင်သွင်းမီ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
အကျုံးဝင်
နိုင်ငံပိုင် သို့မဟုတ် ပုဂ္ဂလိကပိုင်အဆောက် အအုံများအားလုံး အကျုံးဝင်ပြီး အစိုးရဌာန ဖြစ်စေ၊ ပြည်တွင်းပြည်ပကုမ္ပဏီများက ဖြစ်စေ၊ အစိုးရနှင့်ပုဂ္ဂလိက အကျိုးတူပူးပေါင်း၍ဖြစ်စေ ထိန်းသိမ်းသော လုပ်ငန်းများအားလုံးပါဝင် ကြောင်း၊ လွန်ခဲ့သောငါးနှစ်အတွင်းပြီးစီးကာ အသုံးပြုနေသော စီမံကိန်းလုပ်ငန်းများဖြစ်ရမည်ဖြစ်ကာ ဒီဇိုင်းအဆင့်၌ရှိသော စီမံကိန်းများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ကြောင်း သတ်မှတ်ထားသည်။
ဆက်စပ်ရမည်
ပြိုင်ပွဲတစ်ခုခုအတွက် ယခင်က တင် သွင်းခဲ့ဖူးသောစီမံကိန်းလုပ်ငန်းများကို ကြီးမား သောပြောင်းလဲမှုများပြုလုပ်ထားမှသာ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး စီမံကိန်းများ သည် ရန်ကုန်မြို့နှင့်ပတ်ဝန်းကျင်ရှိ အမွေ အနှစ်နေရာများနှင့် ဆက်စပ်ပတ်သက်ရမည် ဟု သတ်မှတ်ထားသည်။ ပြိုင်ပွဲ၌ ဆုအမျိုးအစားသုံးမျိုးကို ရွေးချယ် ချီးမြှင့်မည်ဖြစ်ပြီး အကောင်းဆုံးဆု ၊ ဂုဏ်ပြု ဆုနှင့် ပြည်သူမှ ရွေးချယ်ပေးသော ဆုတို့ ဖြစ်ကြောင်း၊ ဆုရရှိသူများအား ဆုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်ကို ချီးမြှင့်ပေးသွားမည်ဖြစ် ကြောင်းနှင့် ပြိုင်ပွဲဝင် လျှောက်လွှာများကို www.yangonheritagetrust.org/award တွင် ဒေါင်းလော့ဒ်ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
နောက်ဆုံးထားပေးပို့ရမည်
ပြိုင်ပွဲဝင်လိုသူများ ရန်ကုန်မြို့ပြအမွေ အနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံ ဇန်နဝါရီ ၁၂ ရက်နောက်ဆုံးထားပေးပို့နိုင် ကြသည်။
Credit: Myanmar Times