ဒလတံတားတည်ဆောက်ရေးစီမံကိန်းနှင့် မလွတ် ကင်း၍ လျော်ကြေးယူထားသည့် အိမ်နှင့်အဆောက်အအုံများ ဇန် နဝါရီနောက်ဆုံးထားပြီး အပြီး ဖယ်ရှားရန် ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဒေသခံများထံ အကြောင်းကြားထားသည်။
အဆိုပါမြေကွက်များ အ တွက် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အထိ မြေ ယာလျော်ကြေး၊ မြေငှားရမ်းခနှင့် ကရုဏာကြေး ပေးချေခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၂ ရက်စွဲဖြင့် ထုတ်သော အကြောင်းကြားစာတွင် ဖော်ပြထားသည်။
မြန်မာ-ကိုရီးယား ချစ် ကြည်ရေး (ဒလ)တံတားတည် ဆောက်ရေး စီမံကိန်းစတင်ရန် စီမံကိန်း ခြံစည်းရိုးကို ဖေဖော် ဝါရီပထမပတ်တွင် စတင်ကာ ရံမည်ဟုလည်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဆိုထားသည်။
အဆိုပါ တံတားတည် ဆောက်ရေးကို ၂၀၁၇ တွင် စတင်တည်ဆောက်ရန် စီစဉ်ထား သော်လည်း ကိုရီးယားနိုင်ငံနှင့် ညှိနှိုင်းမှုများ မပြီးပြတ်သေး၍ ၂၀၁၈ ဇန်နဝါရီသို့ ရွှေ့ဆိုင်းခဲ့ သည်။
သို့သော် အဆိုပါ မြေယာ လျော်ကြေးကိစ္စအချို့ ညှိနှိုင်းနေ သဖြင့် ကိုရီးယားနိုင်ငံမှ ချေး ငွေယူရန် နောက်နှစ်လခန့်မှ တံတား စီမံကိန်းစတင်နိုင်မည်ဖြစ် ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇော်မင်းသိမ်းက ဆိုသည်။
‘‘ ဟိုဘက် (ဒလ) အခြမ်း လျော်ကြေးကိစ္စ နည်းနည်းလေး ညှိနှိုင်းနေရလို့ပါ။ နောက်နှစ်လ လောက်ဆို ချေးငွေယူပြီး စလို့ရ ပါပြီ ’’ဟု ၎င်းကဆိုသည်။
မြေယာလျော်ကြေးယူရန် ညှိနှိုင်းနေသည့် မြေကွက်နှစ် ကွက်ရှိပြီး လျော်ကြေးပမာဏ ညှိနှိုင်းနေကြောင်း ၎င်းကဆက်လက်ပြောသည်။ ထိုညှိနှိုင်းမှု ပြီးလျှင် ကိုရီးယားချေးငွေရယူရန် လက်မှတ်ရေးထိုးကာ တံတားစီမံကိန်း စတင်နိုင်မည်ဟု ဦးဇော်မင်း သိမ်းက ဆိုသည်။
ကိုရီးယား-မြန်မာ ချစ် ကြည်ရေး (ဒလ)တံတားကို ကိုရီး ယား နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု ရန်ပုံငွေ (EDCFI Loan) ချေးငွေ ကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်း၊ ပြည်တွင်းရန်ပုံငွေ ကျပ် ၃၀ ဒသမ ၃၄၁ သန်းတို့ဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း ကနဦး ခန့်မှန်းတွက်ချက်ထားသည်။
အဆိုပါစီမံကိန်းကို ကိုရီး ယား ကုမ္ပဏီတစ်ခုအား တင်ဒါ ပေးမည်ဖြစ်ကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာနက ဆိုသည်။
ရန်ကုန်-ဒလ တံတားစီမံ ကိန်းဧရိယာအတွင်း ပါဝင်သည့် အဆောက်အအုံများ စတင်ဖြို ဖျက်ရန် ၂၀၁၇ စက်တင်ဘာက အကြောင်းကြားခဲ့ကြောင်း၊ ဒလ မြို့ ကမာကဆစ် ရပ်ကွက်နေ ဒေသခံများက ပြောသည်။ စီမံကိန်းအတွက် တံတားအူကြောင်း မီတာ ၄၀ အတွင်း မလွတ်ကင်း သည့်မြေနှင့် အဆောက်အအုံ များအတွက် လျော်ကြေးကျပ် သိန်းသုံးသောင်းကျော် ပေးအပ် ပြီးဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဆိုသည်။ ဒေသခံ အများစုက မြေယာလျော်ကြေးကို ကျေနပ်ကြောင်း ဆိုသည်။
လေးလမ်းသွား ကြိုးဆိုင်း တံတားစနစ်ဖြင့် ရန်ကုန်မြစ်ကို ဖြတ်သန်းတည်ဆောက်မည့် အဆိုပါတံတားကို ကိုရီးယားနိုင်ငံ ချေးငွေဖြင့် လေးနှစ်မှ ငါးနှစ် အတွင်း ဆောက်လုပ်ရန် ရည်မှန်းထားကြောင်း ဆောက်လုပ် ရေးဝန်ကြီးဌာနက ခန့်မှန်းထား သည်။
Credit: 7Daydaily